ဖြေ သီချင်းကို ရွှေမှုံနဲ့ လုခဲ့ရတာ။

ငွေမှုံရတီကတော့ ရွှေထူးရဲ့ သင်ပေးမှုတွေကြောင့် “ ဖြေ” သီချင်းလေး ထွက်ခဲ့ရတဲ့ အမှတ်တရတွေကို ပြောပြခဲ့ပါတယ်။ 

Photo: Ngwe Hmone Yati



ငွေမှုံရတီကတော့ သူမအတွက် ပထမဆုံး သီချင်းလေးဖြစ်တဲ့ “ ဖြေ” သီချင်းကို ရွှေထူးနဲ့ တွဲဖက်သီဆိုခဲ့တာပါ။ ဒီသီချင်းလေးဟာ ပရိသတ်ကြားမှာလည်း ရေပန်းစားလျှက်ရှိပါတယ်။ ဒီသီချင်းနဲ့ ပတ်သက်ပြီး ပီတိဖြစ်ရတဲ့ အမှတ်တရလေးတွေကို Duwun အင်တာဗျူးမှာ ငွေမှုံရတီက ပြောပြခဲ့ပါတယ်။ 

“ ဖြေ သီချင်းလေး လုပ်ထားတာကတော့ ၂ နှစ်လောက်ရှိပြီ။ ညီမ အသက် (၁၈) နှစ်ပြည့်တုန်းက ကိုရွှေထူး လက်ဆောင်ပေးထားတဲ့ သီချင်းလေးပါ။ အခုချိန်မှာ Top 1 ဝင်သွားတဲ့ အတွက် အရမ်းပျော်တယ် ဘာပဲဖြစ်ဖြစ် ကဲ က အဆိုတော် တစ်ယောက်မဟုတ်တဲ့အတွက် ကိုယ် ကြိုးစားခဲ့ရတဲ့ အရာတစ်ခုက နံပါတ်(၁) ဖြစ်သွားတော့ ပီတိဖြစ်ရတာပေါ့။ ကိုရွှေထူးက အဲဒီ သီချင်းကို စရေးတဲ့ အချိန်မှာ သူကကြိုက်တာ။ ဒီသီချင်းကို ငါယူမယ် နင့်ကို နောက်ထပ် သီချင်းတစ်ပုဒ်ရေးခိုင်းလိုက်မယ်ပေါ့။ ကဲ ကလည်း ဒီသီချင်းကို ကဲ ယူမယ်အစကတည်းက ဒါက ကဲ သီချင်း၊ သူက အရင် စ လုတာ။ ညီအစ်မ နှစ်ယောက်တွဲပြီး သီချင်းဆိုဖို့ စီစဉ်နေတာတော့မရှိသေးပါဘူး။ ဒါပေမယ့် မကြာမီမျှော်ပေါ့” ဆိုပြီးတော့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့တာပါ။

Photo: Ngwe Hmone Yati

ငွေမှုံရတီရဲ့ သီချင်းဆိုကောင်းမှုတွေကိုလည်း ပရိသတ်တွေက ချီးကျူးခဲ့ကြပါသေးတယ်။ သရုပ်ဆောင် တစ်ယောက်အနေနဲ့ သီချင်းဆိုတဲ့ အခါမှာ အကောင်းဆုံးဖြစ်နိုင်ဖို့အတွက် ကြိုးစားခဲ့ရတာတွေကိုလည်း ငွေမှုံရတီက ပြောပြခဲ့ပြန်ပါသေးတယ်။ 

“ခုလိုကောင်းကောင်းမွန်မွန် ဖြစ်လာတာကလည်း ကိုရွှေထူးရဲ့ ကျေးဇူးကြောင့်ပေါ့နော်။ ကိုယ်ကလည်း ညီမ တစ်ယောက်ဖြစ်နေတဲ့ အတွက် သူ အကောင်းဆုံးဖြစ်အောင် သင်ပေးတယ်။ သူနဲ့ အတူတူ ဆိုမှာဖြစ်တဲ့ အတွက်လည်း သေချာ သင်ပေးတယ်၊ သင်တာလည်း အရမ်းတော်တယ်၊ တစ်ခါတလေ စိတ်ဓာတ်ကျပြီးတော့ အိမ်ပြန်သွားရလောက်တဲ့ အထိ၊ ကိုယ်မလုပ်နိုင်လောက်ဘူးလို့ ထင်တဲ့ အထိ ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် ကိုရွှေထူးရဲ့ သင်ပေးမှုကြောင့်ပဲ အဆင်ပြေခဲ့တာပါ။ ပြီးတော့ ကိုရွှေထူးကိုယ်တိုင် သီချင်းရေးတာဆိုတော့ ပြောစရာ မလိုတော့ဘူးပေါ့။ ကိုရွှေထူးနဲ့ အတူ တွဲဆိုထားတဲ့ သီချင်းက သူ့ ပရိသတ်တွေကလည်း ကြိုက်ကြတယ်ဆိုတော့ ဝမ်းသာတယ်” လို့ဆိုပါတယ်။ 

Photo: Moe Htet

ငွေမှုံရတီကိုတော့ သရုပ်ဆောင် ရွှေမှုံရတီရဲ့ ညီမငယ်လေးအဖြစ် ပရိသတ်တွေ သိထားပြီးသားဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။ ဂီတလမ်းကြောင်းပေါ်ကိုလည်း လျှောက်လှမ်းလာပြီဖြစ်တဲ့ ငွေမှုံရတီဟာ ပရိသတ်အခိုင်အမာ ရရှိပြီးသား အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က