သတင်း(၁၀) ပုဒ်ကို ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်။

၂၀၂၀ ခုနှစ်အတွင်း Duwun Website စာမျက်နှာထက်မှာ ရေပန်းအစားဆုံးနဲ့ ပရိသတ်တွေ ဖတ်ရှုမှု အများဆုံး အနုပညာသတင်းတွေကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။ တစ်နှစ်အတွင်း လူတွေစိတ်ဝင်စားမှုအများဆုံးက ဘာသတင်းတွေဖြစ်မလဲ ကြည့်လိုက်ရအောင်နော်.............................................


Photo: Melody



၁။ ပရိသတ် သိချင်နေတဲ့ အိမ်ထောင်ရေးအကြောင်းကို ဖွင့်ပြောလာတဲ့ မယ်လိုဒီ

Facebook စာမျက်နှာထက်မှာ ‘ ချာတိတ်’ ဆိုတဲ့ ဝေါဟာရလေးကို အမြဲတမ်း ရေးဖွဲ့လေ့ရှိတဲ့ မယ်လိုဒီရဲ့ အိမ်ထောင်ရေးအကြောင်းလေးပါ။ ‘ ချာတိတ်’ ဆိုတဲ့ ကောင်လေးရဲ့ အကြောင်းကိုလည်း ပရိသတ်တွေက စိတ်ဝင်စားခဲ့တာကြောင့် Duwun ကနေတဆင့် မယ်လိုဒီကို မေးမြန်းခဲ့တဲ့ သတင်းလေးတစ်ခုဖြစ်ပါတယ်။ အနုပညာရှင်တွေကိုချစ်တဲ့ ပရိသတ်တွေက အနုပညာရှင်တွေရဲ့ လူမှုရေးကိုလည်း စိတ်ဝင်တစားရှိကြတာကြောင့် ဒီသတင်းဟာဆိုရင် ၂၀၂၀ ခုနှစ်အတွင်း Duwun စာမျက်နှာမှာ လူဖတ်အများဆုံး အနုပညာသတင်းဖြစ်ခဲ့တာပါ။

အဲဒီသတင်းအပြည့်အစုံကို ပြန်ဖတ်ကြည့်ချင်ရင်တော့ ဒီနေရာမှာ နှိပ်ကြည့်နိုင်ပါတယ်။


Photo: Yone Lay

၂။ အနုပညာရှင်တွေနဲ့ ပရိသတ်တွေကို တောင်းပန်စကားဆိုလာတဲ့ ယုန်လေး

သြဂုတ်လ ၄ ရက်နေ့က Facebook မှာ တင်ခဲ့တဲ့ ယုန်လေးရဲ့ " စည်းလုံးသင့်ပြီ မြန်မာပြည်" Music Video နဲ့ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ် များစွာတို့ရဲ့ ဝေဖန်ပြောဆိုမှုတွေ အပြင်းအထန် ရရှိခဲ့ပါတယ်။ ဒါ့အပြင် အတူသရုပ်ဆောင်တဲ့ အနုပညာမောင်နှမတွေကြားမှာလည်း ဒီကိစ္စက အတော်လေး ဂယက်ထန်သွားခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ယုန်လေးက နောက်တစ်နေ့မှာ Live လွှင့်ပြီး ပရိသတ်ကိုရော ပါဝင်သရုပ်ဆောင်ပေးခဲ့တဲ့ အနုပညာရှင်တွေကိုရော တောင်းပန်စကားဆိုခဲ့တဲ့ သတင်းကလည်း ပရိသတ်စိတ်ဝင်စားမှု မြင့်မားတဲ့အတွက် လူဖတ်အများဆုံးသတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ 

အဲဒီသတင်းအပြည့်အစုံကို ပြန်ဖတ်ကြည့်ချင်ရင်တော့ ဒီနေရာမှာ နှိပ်ကြည့်နိုင်ပါတယ်။


Photo: Aung Yin

၃။ COVID-19 ကူးစက်ခံနေရတဲ့ အဆိုတော် အောင်ရင်

ဒီသတင်းကတော့ အင်္ဂလန်မှာ နေထိုင်တဲ့ အဆိုတော် အောင်ရင်တစ်ယောက် COVID-19 ကူးစက်ခံလိုက်ရတဲ့ သတင်းပါ။ သူဟာ ကျန်းမာရေး မကောင်းတဲ့ အချိန်မှာတောင်မှ အင်္ဂလန်မှာနေတဲ့ သမီးငယ်နဲ့ မြန်မာနိုင်ငံမှာ တစ်ယောက်တည်း ဖြစ်နေတဲ့ သားကို စိတ်ပူနေရတဲ့ အကြောင်းတွေကို ပြောပြထားတာဖြစ်ပါတယ်။ မြန်မာပြည်က အောင်ရင်ရဲ့ ပရိသတ်တွေကတော့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ ဒီသတင်းကို စိတ်ဝင်တစားရှိခဲ့ကြပါတယ်။ 

အဲဒီသတင်းအပြည့်အစုံကို ပြန်ဖတ်ကြည့်ချင်ရင်တော့ဒီနေရာမှာ နှိပ်ကြည့်နိုင်ပါတယ်။


Photo: City FM

၄။ ၁၈ ကြိမ်မြောက် City FM ဆုပေးပွဲမှ ချီးမြှင့်သည့် ဂီတဆုများစာရင်း

နှစ်စဉ်နှစ်တိုင်း ဂီတဆုတွေ ချီးမြှင့်နေတဲ့ ပွဲဖြစ်သလို ပရိသတ်တွေရော၊ ဂီတအနုပညာရှင်တွေကပါ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေကြ ဆုပေးပွဲ တစ်ခုပါ။ အဲဒါကြောင့် ဒီဆုပေးပွဲမှာ ဆုရရှိခဲ့တဲ့ ဂီတပညာရှင်တွေစာရင်းကို ဖော်ပြထားတဲ့ ဒီသတင်းဟာလည်း ၂၀၂၀ မှာ Duwun ရဲ့ လူဖတ်အများဆုံး အနုပညာသတင်းတစ်ပုဒ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

အဲဒီသတင်းအပြည့်အစုံကို ပြန်ဖတ်ကြည့်ချင်ရင်တော့ ဒီနေရာမှာ နှိပ်ကြည့်နိုင်ပါတယ်။


Photo: May Than Nu

၅။ လိမ်လည်မှုနဲ့ ထောင်ဒဏ် တစ်နှစ်ကျသွားပြီဖြစ်တဲ့ မေသန်းနု

သရုပ်ဆောင် မေသန်းနုကို ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ် အမိန့်ချမှတ်လိုက်တာပါ။ ဒီသတင်းထွက်ပေါ်လာတော့ ပရိသတ်များ အံ့သြခဲ့ကြသလို မေသန်းနုအတွက် စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ 

အဲဒီသတင်းအပြည့်အစုံကို ပြန်ဖတ်ကြည့်ချင်ရင်တော့ ဒီနေရာမှာ နှိပ်ကြည့်နိုင်ပါတယ်။


Photo: U Aye Kyu Lay

၆။ ရုပ်ရှင်အစည်းအရုံးမှာ ယုန်လေးအတွက် သွားရောက်ဖြေရှင်းပေးခဲ့တဲ့ မြင့်မြတ် နဲ့ Kညီ

အဆိုတော် ယုန်လေးကိုယ်တိုင် ဒါရိုက်တာ အဖြစ်ရိုက်ကူးပြီး ပုံဖော်ထားတဲ့“ စည်းလုံးသင့်ပြီ မြန်မာပြည်” Music Video ဖန်တီးမှုအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ယုန်လေးနဲ့အတူ သူငယ်ချင်းတွေဖြစ်တဲ့ မြင့်မြတ်၊ K ညီတို့က သွားရောက်တောင်းပန်ခဲ့ကြတာပါ။ ဝေဖန်ထိုးနှက်မှုတွေ ခံနေရချိန်မှာ သူငယ်ချင်းတွေက ဘေးမှာ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့အတွက် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ 

အဲဒီသတင်းအပြည့်အစုံကို ပြန်ဖတ်ကြည့်ချင်ရင်တော့ ဒီနေရာမှာ နှိပ်ကြည့်နိုင်ပါတယ်။


Photo: Si Phyo

၇။ ရင်သွေးလေး ပိုင်ဆိုင်ရတော့မယ့် စည်ဖြိုး

သရုပ်ဆောင် စည်ဖြိုးကတော့ ချစ်သူဖြစ်တဲ့ ခင်လွှမ်းနဲ့ လက်မထပ်ခင်မှာ အတူနေရင်း ကိုယ်ဝန်ရခဲ့တဲ့ သတင်းပါ။ ဒီသတင်းကို စည်ဖြိုးက ဝမ်းသာဂုဏ်ယူစွာနဲ့ ပရိသတ်ကို ကိုယ်တိုင်ဖွင့်ပြောပြခဲ့တာဖြစ်ပါတယ်။ 

အဲဒီသတင်းအပြည့်အစုံကို ပြန်ဖတ်ကြည့်ချင်ရင်တော့ ဒီနေရာမှာ နှိပ်ကြည့်နိုင်ပါတယ်။


Photo: Myint Myat

၈။ ဒုတိယမြောက်ရင်သွေးလေးရနေပြီဖြစ်တဲ့ မြင့်မြတ်တို့ ဇနီးမောင်နှံ

ဒီသတင်းကတော့ ပြည်သူချစ် မင်းသားချော အကယ်ဒမီမြင့်မြတ်တို့ရဲ့ မိသားစုထဲကို နောက်ထပ် မိသားစုဝင် တစ်ဦး ထပ်တိုးလာမယ့် သတင်းလေးပါ။ မြင့်မြတ်ရဲ့ ဇနီးဖြစ်သူ မခင်သူအောင်က ဒုတိယမြောက် ကိုယ်ဝန်လွယ်ထားရပြီဆိုတာကို မြင့်မြတ်ကိုယ်တိုင် တရားဝင် အသိပေးခဲ့တာဖြစ်ပါတယ်။ သူတို့ မိသားစုလေးကို ချစ်တဲ့ ပရိသတ်တွေကလည်း အရမ်းကို ပျော်ရွှင်ခဲ့ရတဲ့ သတင်းကောင်းလေး တစ်ပုဒ် ဖြစ်ခဲ့တာပါ။

အဲဒီသတင်းအပြည့်အစုံကို ပြန်ဖတ်ကြည့်ချင်ရင်တော့ ဒီနေရာမှာ နှိပ်ကြည့်နိုင်ပါတယ်။

 

Photo: N Oo L

၉။ The Voice Myanmar season -3 ရဲ့ Winner ဆုကို ပြိုင်ပွဲဝင် N Oo L ကဆွတ်ခူး

ဒီသတင်းကတော့ ပရိသတ်စိတ်ဝင်စားမှုတွေ အများကြီးပိုင်ဆိုင်ထားတဲ့ သီချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ The Voice Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲမှာ N Oo L က Winner ဆု ရရှိသွားတဲ့ သတင်းပါ။ သူကိုယ်တိုင်က Winner ဆုရဖို့ မမျှော်လင့်ထားဘူးလို့ ဆိုခဲ့ပေမဲ့ ပရိသတ်အားပေးမှုများပြားတဲ့အတွက် ဒီသတင်းဟာ Duwun ရဲ့ လူဖတ်အများဆုံး အနုပညာသတင်းများထဲမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီသတင်းအပြည့်အစုံကို ပြန်ဖတ်ကြည့်ချင်ရင်တော့ ဒီနေရာမှာ နှိပ်ကြည့်နိုင်ပါတယ်။


Photo: Ah Moon

၁၀။ ချစ်သူနဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ အမွန်း

ပရိသတ်ကြားမှာ လှုပ်ခတ်မှုတွေရှိခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ အမြဲတမ်းအလိုလို ဖက်ရှင်ကျကျ သွက်သွက်လက်လက် နေတတ်တဲ့ အမွန်းရဲ့ ချစ်သူက ဘယ်သူဖြစ်မလဲလို့ စိတ်ဝင်စားနေကြတဲ့ အချိန်မှာ အမွန်းက ပြင်သစ်နိုင်ငံသား ချစ်သူနဲ့ စေ့စပ်လိုက်တာဖြစ်ပါတယ်။ နိုင်ငံခြားသားကို လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်တာကြောင့်လည်း ပရိသတ်ရဲ့ ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ်။

အဲဒီသတင်းအပြည့်အစုံကို ပြန်ဖတ်ကြည့်ချင်ရင်တော့ ဒီနေရာမှာ နှိပ်ကြည့်နိုင်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က