သူမရဲ့ ခံယူချက်တွေကို ပြောပြလာပါတယ်။

စမိုင်းလ်ကတော့ သူဖြတ်သန်းလာရတဲ့ ဘဝလမ်းကြောင်းမှာ နေဖို့ အိမ်မရှိသလို စားရသောက်ရဖို့ ငတ်ခဲ့ရတဲ့ အခြေအနေတွေလည်း ကြုံခဲ့ဖူးတယ်လို့ ဆိုပါတယ်။ 

Photo: Amazing Grace



သရုပ်ဆောင် စမိုင်းလ် ကတော့ အောက်ခြေဘဝကနေတဆင့် လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစု အနေအထားတစ်ခုကို ရောက်လာဖို့အတွက် သူဖြတ်သန်းခဲ့ရတာတွေကို ပြောပြခဲ့ပါတယ်။ အောက်ခြေဘဝမှာ ရပ်တည်နေရတဲ့ ပရိသတ်တွေရဲ့ ခံစားချက်ကိုလည်း နားလည်ပေးနိုင်တယ်လို့ ဆိုပါတယ်။ 

“အစ်မတို့က ရွှေဇွန်းကိုက်ပြီးတော့ မွေးလာတာ မဟုတ်ဘူး ရိုးရိုးသားသားနဲ့ ရှာဖွေစားသောက်လာ ခဲ့ရတာဖြစ်တဲ့အတွက် ကိုယ်က ဒီအခြေအနေအထိ ဖြစ်လာတဲ့ အချိန်မှာ ကိုယ်က ပြန်ပြီးတော့ ကြည့်တဲ့သဘောပါ။ ကိုယ်တိုင်က အောက်ခြေက လာတဲ့သူဖြစ်တဲ့အတွက် အောက်ခြေက လူတွေရဲ့ ခံစားချက်ကို နားလည်တယ်။ သူဋ္ဌေးကကျတော့ ဒီခံစားချက်ကို သိချင်မှသိမှာပါ။ အစ်မဆိုရင် သမီးတွေကို အမြဲတမ်းပြောတယ် ပိုက်ဆံရဲ့ တန်ဖိုးဆိုတာ ငတ်မှ သိတာ၊ အိမ်ရဲ့ တန်ဖိုးဆိုတာ နေစရာမရှိမှ သိတာပေါ့နော်။ အစ်မတို့က နေစရာမရှိလည်း ဖြစ်ခဲ့ဖူးတယ်၊ ငတ်လည်း ငတ်ခဲ့ဖူးတယ်။ အဲဒါကြောင့် ပိုက်ဆံရဲ့ တန်ဖိုးကို ကောင်းကောင်းသိတယ်” ဆိုပြီးတော့ Duwun ကို ပြောပြခဲ့ပါတယ်။ 

Photo: Smile

စမိုင်းလ်ဟာ ငွေကြေးချမ်းသာရုံသာမက အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူ တစ်ယောက်ပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်ကာလမှာ စားဝတ်နေရေး အဆင်မပြေလှတဲ့ ပရိသတ်တွေ အတွက် မကြာခဏ အလှူအတန်းတွေ လုပ်ပေးနေသလို Online ကနေ Game လေးတွေ ဆော့ရင်း ဆုချီးမြှင့်နေတာတွေကိုလည်း လုပ်ပေးနေတာ ဖြစ်ပါတယ်။ ဒါဟာ ပရိသတ်တွေဆီက ရထားတဲ့အချစ်ကို နည်းလမ်းတစ်ခုနဲ့ ပြန်ပေးဆပ်တာလို့လည်း သူက ပြောပါတယ်။ 

“ အခုချိန်မှာ အစ်မ ကောင်းကောင်းနေရပြီ။ အစ်မပိုက်ဆံတွေကို မပေးလည်းဖြစ်တယ်။ ဒါပေမယ့် ဘာကြောင့် ပြန်လှူနေတာလည်းဆိုတော့ ကိုယ်ချင်းစာတဲ့ အတွက် အယူချည်း ဆိုတာထက်ပေးတာကလည်း ရောင်ပြန်ဟပ်တယ်ဆိုတဲ့ သဘောနဲ့ အလှူအတန်းတွေ မကြာမကြာလုပ်ဖြစ်တာပေါ့။ အစ်မက ကိုယ့်ကိုယ်ကိုယ် ချမ်းသာတယ်လို့ မယူဆပါဘူး။ စားနိုင်သောက်နိုင်လောက်တယ်ဆိုတာလောက်ပဲ သဘောထားပါတယ်။ အစ်မက ဘာပဲလုပ်လုပ် တကယ့် စေတနာနဲ့ အလုပ်လုပ်တယ်။ ဘယ်လို အခြေအနေမျိုးမှာ မဆို လူတိုင်းကို ပွင့်ပွင့်လင်းလင်းပဲ ဆက်ဆံတယ်။ ပြီးတော့ အလှူလုပ်ရင် သဒ္ဒါစိတ်လေးနဲ့ လှူတာဖြစ်တဲ့ အတွက် ပရိသတ်တွေဆီက အချစ်ကို ပြန်ရနေတယ်လို့လည်း ထင်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Smile

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထား သလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒါ့အပြင် ရုပ်ရှင်ပြသရေး၊ ဗီဒီယိုဇာတ်ကား ထုတ်လုပ်ဖို့ အခက်အခဲကြုံနေရတဲ့ အနုပညာလောကသားတွေအတွက် အကူအညီဖြစ်စေဖို့ Smile Online Cinema ဆိုတဲ့ App ကိုလည်း တည်ထောင်ထားသူဖြစ်ပါတယ်။ အဲဒီနောက် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို တစ်နိုင်တစ်ပိုင်စီးပွားရေး လုပ်နေတဲ့ ပရိသတ်တွေအတွက် Smile Mart ကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က