ပထမဆုံး Surprise လုပ်ခံရတာပါတဲ့။

Miss Universe Myanmar 2020 အလှမယ်လေး သူဇာဝင့်လွင်ကတော့ ပြည်ပမှာ သွားပြိုင်မယ့် Miss Universe 2020 ပွဲကြီးအတွက် ပရိသတ်တွေရဲ့ အားပေးမှုက အင်အားဖြစ်နေပြီလို့ ဆိုပါတယ်။ 

Photo: Thu Zar Wint Lwin



သူဇာဝင့်လွင်ကတော့ Miss Universe Myanmar 2020 သရဖူကြီးကို ပူပူနွေးနွေး ရရှိထားတဲ့ အလှမယ်ဖြစ်ပါတယ်။ သူမအတွက် အမှတ်တရ ဖြစ်စေတဲ့ ဒီပွဲလေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက Surprise လုပ်ပေးကြတယ်လို့ ဆိုပါတယ်။ ပထမဆုံး Surprise လေးဖြစ်တာကြောင့် သူ့ရင်ထဲက ခံစားချက်ကို အခုလို ပြောပြခဲ့ပါတယ်။ 

“ အခု သူဇာ Miss Universe ရတော့ အကုန်လုံးက ကိုယ်မသိအောင် Surprise လေး လုပ်ပေးထားကြတယ်။ အစတုန်းကတော့ လက်ဆောင်ပစ္စည်းလေး ပေးမယ်လို့ ထင်ထားတာ။ Crowing Moment လေးကို Fan တွေက လာပို့ပေးကြတယ်။ ပြီးတော့ Time City မှာရှိတဲ့ LED Board မှာ ဒီ Moment လေး လုပ်ပေးထားကြတယ်။ ဓာတ်ပုံလေးရော၊ ဗီဒီယိုလေးတွေရော လုပ်ပေးကြတယ်၊ ငွေအားရော၊ လူအားရော လုပ်ပေးထားကြတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ ကိုယ့်ဘဝမှာ တစ်ခါမှ Fan တွေဆီကနေ Surprise တိုက်တာ မခံခဲ့ရဖူးဘူး။ ပြိုင်ပွဲကလည်း အခုမှ ပြိုင်တာ ဖြစ်တဲ့ အတွက် ယုံယုံကြည်ကြည်နဲ့ အားပေးကြတယ်။ ဒါကြောင့် အရမ်းလည်း ဝမ်းသာမိတယ်။ အခုလို အားပေးကြတော့ နိုင်ငံခြားမှာ သွားပြိုင်ဖို့ အတွက် အားရှိတာပေါ့နော်”ဆိုပြီးတော့ ဇန်နဝါရီလ (၄) ရက်နေ့ ည (၈) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လေး လွှင့်ရင်း ပြောခဲ့တာပါ။ 

Photo: Thu Zar Wint Lwin

သူဇာဝင့်လွင်ဟာ သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကြောင့် ပြည်ပမှာ သွားရောက်ယှဉ်ပြိုင်မယ့် Miss Universe 2020 ပွဲအတွက် ကြိုးစားဖို့ အင်အားတွေ ရှိလာတယ်လို့လည်း သူက ဆိုပါတယ်။ 

“ ရှေ့လျှောက် ဆက်ပြီးတော့ အားပေးကြစေချင်ပါတယ်။ နိုင်ငံခြားမှာ သွားပြိုင်မှာဆိုတော့ Fan အင်အားက အများကြီး လိုအပ်တယ်။ သူများ နိုင်ငံတွေမှာက Support ပေးမယ့် လူတွေက ဘေးမှာ အများကြီးရှိတယ်။ ဒီမှာကတော့ အဲ့လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးတဲ့အတွက် ပိုပြီးတော့ အားပေးကြဖို့ ပြောချင်ပါတယ်။ ဒါမှလည်း သွားပြိုင်ရတဲ့သူက ပိုပြီးတော့ အားရှိမှာပါ။ ညီမတစ်ယောက်တည်းမှ မဟုတ်ဘူး တခြားသွားပြိုင်ရမယ့် Miss အားလုံးကို အားပေးစေချင်ပါတယ်။ US မှာ သွားပြိုင်ဖြစ်ဖို့ များမယ် ထင်ပါတယ်။ ကိုဗစ်ကာလ ဆိုတော့ သွားပြိုင်ဖို့ အတွက် ကြိုတင်ပြင်ဆင်ဖို့တွေက အတိအကျသိရရင် ပြန်ပြောပါမယ်” လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Thu Zar Wint Lwin

သူဇာဝင့်လွင်ကတော့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့ ညက ပြုလုပ်ခဲ့တဲ့ Miss Universe Myanmar 2020 ပွဲမှာ Winner ဆုကို ပိုင်ဆိုင်သွားတဲ့ အလှမယ် တစ်ဦးဖြစ်ပါတယ်။ ဒီပြိုင်ပွဲ တစ်လျှောက်လုံးမှာလည်း သူမကို အားပေးကြတဲ့ ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာ ရရှိခဲ့တာပါ။ ဒါ့အပြင် သူမဟာ အဆိုတော် မေ ရဲ့ ညီမအရင်းလေးလည်းဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က