ဘာကြောင့် ကြောက်နေတာလဲနော်။

ဖြိုးမြတ်အောင်ကတော့ အခုအရွယ်အထိ မိခင်ဆီကနေ သင်ယူနေရတဲ့အရာတွေရှိသလို ကြောက်လည်း ကြောက်နေရတယ်လို့ ဆိုပါတယ်။ 

Photo: Phyo Myat Aung



ဖြိုးမြတ်အောင်ကတော့ မိသားစုဝင်တွေဖြစ်ကြတဲ့ မိခင်ဖြစ်သူ၊ ညီလေး တို့နဲ့ အတူနေထိုင်တာပါ။ သူဟာ အခုချိန်ထိ အမေ့ရဲ့ စကားကို နားထောင်တဲ့ သားတစ်ယောက်လို့ သိရပါတယ်။ မိခင်ဖြစ်သူကိုလည်း အခုချိန်ထိ ကြောက်နေရတဲ့ အကြောင်း ပြောပြလာပါတယ်။ 

“ ကျွန်တော့် အမေက ကျွန်တော် အခုလို ဖြစ်လာတဲ့ အချိန်မှာ သင်ပေးတာ၊ ပြောပြတာမျိုးတွေတော့ သိပ်မရှိဘူး။ စကားလည်း အများကြီး မပြောတတ်တဲ့သူမို့ထင်ပါတယ်။ ဒါပေမယ့် သူ စကားတစ်ခွန်းပြောရင် တစ်ခွန်း အလျှောက်က တော်တော်ကို ထိရောက်ပါတယ်။ အမေ့ကိုတော့ အရင်တုန်းကလည်း ကြောက်တယ်၊ အခုလည်း အရမ်းကြောက်ပါတယ်။ ချစ်လည်းချစ်တယ်၊ ကြောက်လည်း ကြောက်တာပေါ့။ အမေက တော်ရုံဆို မပြောဘူး။ ဒါပေမယ့် သူ ပြောလိုက်တဲ့ စကားတစ်ခွန်းက ဒုတ်နဲ့ ရိုက်တာထက် အများကြီး နာတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Phyo Myat Aung

ဖြိုးမြတ်အောင်ဟာ အဆိုတော် တစ်ယောက်ဖြစ်လာပေမယ့်လည်း ပတ်ဝန်းကျင်နဲ့ ပြောဆို ဆက်ဆံရတဲ့ အရာတွေကို မိခင်ဆီက သင်ယူဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။  

“ အမေက လူရည်လည်တဲ့ သူတစ်ယောက်လည်း မဟုတ်ဘူး။ ဒါပေမယ့် အမေက စကားကို လိုအပ်မှ ပြောတာ၊ အပိုအလို မရှိဘူး။ ဒါပေမယ့် အမေ့ထက် အဖေက လူမှုဆက်ဆံရေးမှာရော၊ လူရည်လည်တဲ့ အပိုင်းမှာရော အရမ်းကောင်းတယ်။ ကျွန်တော့် အမေက အရမ်းအနေအေးတယ်။ အမေက တစ်ဦးတည်းသော သမီးလည်းဖြစ်တယ်။ အရင်တုန်းကဆိုရင် သူ့ကို မောင်နှမဝမ်းကွဲက ပြောဆိုနေရင်တောင် သူ ဘာပြန်ပြောရမှန်း မသိဘူး။ ဒါပေမယ့် အပြောခံရပါ များလာတော့ သူ ပြန်ပြောတတ်သွားတာပေါ့။ ဒါပေမယ့် စည်းနဲ့ ဘောင်နဲ့ ပညာသားပါပါ ပြောတတ်တယ်။ ဒါတွေက အမေ့ဆီက ပြန်ပြီး သင်ရမှာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Phyo Myat Aung

ဖြိုးမြတ်အောင် ကိုတော့ Myanmar Idol (Season 3) Winner တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ရရှိလာတဲ့ ဆုငွေတွေကိုလည်းဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။ အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က