သူတို့ နှစ်ယောက်ရဲ့ဆက်ဆံရေးကို ပြောပြခဲ့ပါတယ်။

ငွေမှုံရတီက အသက်(၂၀) ပြည့်တော့မယ့် သူမကို အစ်မဖြစ်သူရဲ့ သွန်သင် ပြောပြမှုတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပြလာပါတယ်။ 

Photo: Shwe Mhone Yati



ငွေမှုံရတီကတော့ ရွှေမှုံရတီရဲ့ ညီမ အရင်းလေးဖြစ်ပါတယ်။ မေလ ဆိုရင် အသက် (၂၀) ပြည့်တော့မယ့် ငွေမှုံ့ကို အစ်မဖြစ်တဲ့ ရွှေမှုံရတီက အရင်တုန်းကထက် သွန်သင်ပေးတာတွေ ပိုများလာတယ်လို့ Duwun ကို ဖြေဆိုခဲ့ပါတယ်။ 

“ညီအစ်မနှစ်ယောက်မှာ သူက ပိုပြီးတော့ ရင့်ကျက်ပါတယ်။ သူက အိမ်ထောင်လည်း ကျသွားပြီ အလုပ် လုပ်တာလည်း ကြာနေပြီဆိုတော့ သူက ပိုပြီးတော့ ရင့်ကျက်ပါတယ်။ ညီမကိုလည်း အများကြီး သင်ပေးပါတယ်။ ကိုယ်က အသက်လည်း (၂၀) ပြည့်တော့မှာဆိုတော့ သူ့ပို့ချရေးတွေက နည်းနည်းပိုများလာတာပေါ့နော်။ ပြီးတော့ တိုင်ပင်စရာဆိုလည်း ကိုယ်နဲ့ အနီးစပ်ဆုံးက ဒီအစ်မပဲလေဆိုတော့ သူကပဲ အကုန်ပြောပြတယ်၊ ရှင်းပြပေးတယ်။အဲဒီအထဲမှာမှ ကိုယ့်အတွက် မှတ်သားစရာတွေက အများကြီးပါပဲ။ ကိုယ်ကိုယ်တိုင် သင်ယူနိုင်ရင်တော့ ကောင်းတာပေါ့လေ” လို့ သူက ဆိုပါတယ်။ 

Photo: Shwe Mhone Yati

အစ်မဖြစ်သူက အိမ်ထောင်ကျသွားပေမယ့် ညီအစ်မ နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရင်တုန်းကထက် ပြောင်းလဲ သွားတာတွေ မရှိဘူးလို့ ငွေမှုံရတီက ပြောပါတယ်။ 

“အခုချိန်မှာလည်း ညီမက တစ်ယောက်တည်းနေတတ်တဲ့သူဆိုတော့ အခန်းထဲမှာပဲနေတယ်၊ ကိုယ်သွားစရာရှိရင် သွားမယ်၊ စားစရာရှိရင် စားတယ် အပြင်သွားမှသာ သူတို့နဲ့ အတူတူ သွားတယ်၊ အတူတူ စားကြတယ်၊ တွေ့ချင်ရင် သူ့ အိမ်သွားလိုက်တယ် ဒီလောက်ပါပဲ။ ပြီးတော့ အခုချိန်မှာ နှစ်ယောက်ပေါင်းပြီး အလုပ်တွေ လုပ်ဖို့ဆိုတာ ကိုဗစ်နဲ့ ဆိုတော့ ဘာမှန်း မသိရဘူး။ Teamwork နဲ့ လုပ်ရတဲ့ အလုပ်ဖြစ်တဲ့ အတွက် အလုပ်တွေ ပြန်လုပ်ဖို့ကို စောင့်နေရတုန်းပါပဲ” လို့ ဆိုပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Shwe Mhone Yati

ငွေမှုံရတီကိုတော့ သရုပ်ဆောင် ရွှေမှုံရတီရဲ့ ညီမငယ်လေးအဖြစ် ပရိသတ်တွေ သိထားပြီးသားဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။ ဂီတလမ်းကြောင်းပေါ်ကိုလည်း လျှောက်လှမ်းလာပြီဖြစ်တဲ့ ငွေမှုံရတီဟာ ပရိသတ်အခိုင်အမာ ရရှိပြီးသား အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က