ဘာပဲလုပ်လုပ် မိဘတွေကို တိုင်ပင်တတ်ပါတယ်တဲ့။

စိုးပြည့်သဇင်ကတော့ နှစ်သစ်မှာ အနုပညာအလုပ်တွေ အပြင် ကိုယ်ပိုင်စီးပွားရေးလည်း လုပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ 

Photo: Soe Pyae Thazin



စိုးပြည့်သဇင်ကတော့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ ၊ စန္ဒီမြင့်လွင် တို့နဲ့အတူ မင်းသမီးဆိုတဲ့ ပိုးထည်ဆိုင်လေး ဖွင့်လှစ်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် သူမဟာ ကိုယ်ပိုင်စီးပွားရေး အလုပ် လုပ်ဖို့ကိုလည်း ပြင်ဆင်နေတဲ့အကြောင်း Duwun ကနေ ပြောပြခဲ့ပါတယ်။ 

“(မိဘတွေက) ကိုယ် ငယ်ငယ်လေးကတည်းက ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာ တွေကို အကောင်းဆုံးဖြစ်အောင် အမြဲတမ်း ပံ့ပိုးပေးတယ်။ အခုဆိုရင်လည်း ကိုယ် ဘာပဲလုပ်လုပ် မိဘနဲ့ အမြဲတမ်း တိုင်ပင်ဖြစ်တယ်၊ မိဘရဲ့ အကြံဉာဏ်တွေ၊ အတွေ့အကြုံတွေလည်း စိုးပြည့် အများကြီး ယူဖြစ်တယ်ကိုယ် အလုပ်လုပ်တဲ့ အခါမှာ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်တာမျိုးတော့ ရှိသင့်တယ် ဒါပေမယ့် မိဘမသိလိုက်တဲ့အရာမျိုးတော့ မရှိခဲ့ဘူး။ ပြီးတော့ စိုးပြည့် စီးပွားရေး တစ်ခု လုပ်ဖို့ကိုလည်း စဉ်းစားထားတာ ရှိသေးတယ်။ ဒါလေးကို အနားနီးရင် ပြောပြမယ််” လို့ သူက ဆိုပါတယ်။ 

Photo: Bunny

စိုးပြည့်သဇင်ဟာ သူမရဲ့ စိတ်ကူးအိပ်မက်တွေကို မိဘတွေကလည်း ဘေးကနေ ဝိုင်းဝန်းပြီး အကောင်အထည်ဖော်ပေးတယ်လို့ ပြောပါတယ်။ ဒါကြောင့် အနုပညာအလုပ်တွေသာမက စီးပွားရေး အလုပ်ကိုလည်း မိဘတွေနဲ့ တိုင်ပင်ထားတယ်လို့ ဆိုပါတယ်။ 

“အနုပညာနဲ့ပတ်သက်လာရင် စိုးပြည့်ရဲ့ မိဘတွေက အမြဲတမ်း Support လုပ်ပေးတယ်။ ဒါပေမယ့် အနုပညာအလုပ်တွေကိုတော့ စိုးပြည့်ကိုယ်တိုင်ပဲ အမြဲတမ်း ဆုံးဖြတ်တယ်၊ စဉ်းစားတယ်။ အခုနောက်ပိုင်းဆိုရင် ကိုယ်တိုင်ပဲ အလုပ်တွေ လက်ခံတယ် ဒါပေမယ့် မိဘကို အသိပေးတာမျိုးတွေလည်း ရှိပါတယ်။ ဒါက အနုပညာမှ မဟုတ်ဘူး စိုးပြည့် လုပ်ချင်တဲ့ တခြား စီးပွားရေးလေးတွေကိုလည်း စိုးပြည့် မိဘတွေကို တိုင်ပင်တယ်”လို့ သူက ဆိုပါတယ်။ 

Photo: Soe Pyae Thazin

စိုးပြည့်သဇင်ဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ အသက် (၁၈) နှစ်မှာတော့ ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။ ဂီတ နဲ့ ပတ်သက်ပြီးတော့လည်း အောင်မြင်မှုတွေ ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က