ချစ်ပန်းဝါဝါ လို့ အမည်ပေးထားပါတယ်။

မြင့်မြတ်နဲ့ နေခြည်ဦးတို့ရဲ့ အတွဲသရုပ်ဆောင်မှုတွေကိုတော့ "ချစ်ပန်းဝါဝါ" ဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ 

Photo: Wai Min Maung



သရုပ်ဆောင် မြင့်မြတ် နဲ့ နေခြည်ဦးတို့ကို တွဲဖက်မြင်တွေ့ရမယ့် “ ချစ်ပန်းဝါဝါ” ရုပ်သံဇာတ်လမ်းတွဲကို ၂၀၂၁ ခုနှစ်မတ်လထဲမှာ စတင်ပြသတော့မှာဖြစ်တဲ့အကြောင်းနဲ့ ဇာတ်လမ်းအကြောင်းကို ထုတ်လုပ်သူ ကိုဝေမင်းမောင်က Duwun ကို အခုလို ပြောပြလာပါတယ်။ 

“ မြင့်မြတ် နဲ့ နေခြည်ဦးက အစ်ကိုတို့ ကုမ္မဏီက သရုပ်ဆောင် နှစ်ဦးလည်းဖြစ်တယ်။ ဇာတ်ကောင်အရ သူတို့ နှစ်ယောက်စလုံးနဲ့ လိုက်ဖက်တဲ့ ဇာတ်ကားဖြစ်နေလို့ တွဲပေးလိုက်တဲ့ သဘောပါ။ အဓိက ကတော့ သူတို့ နှစ်ယောက် ပထမဆုံး ဆုံတွေ့ကြမယ့် ဇာတ်လမ်းဖြစ်သလို တော်တော်လေးလည်း ထူးဆန်းတယ်။ နေခြည်ဦးကိုယ်တိုင်ကလည်း အစကတည်းက Talent ရှိတဲ့ မင်းသမီးဖြစ်တာကြောင့် သူတို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းက ပရိသတ်အတွက် လှုပ်ရှားမှုလေးတစ်ခုဖြစ်မှာပါ” လို့ကိုဝေမင်းမောင်က ပြောပါတယ်။ 

Photo: Myint Myat

ဇာတ်လမ်းပုံစံလေးကတော့ အိမ်ထောင်ရေး ဇာတ်လမ်းတွဲ တစ်ခုဖြစ်လာမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ ပရိသတ်တွေ မြင်တွေ့ရမယ့် နေခြည်ဦးရဲ့ ကာရိုက်တာကိုလည်း ကိုဝေမင်းမောင်က ပြောပြခဲ့ပါသေးတယ်။ 

“ ဒီဇာတ်ကားက တကယ်တော့ အိမ်ထောင်ရေး ဇာတ်ကားပါ။ အိမ်ထောင်တစ်ခုမှာ အချစ်ကိုပဲ ဦးစားပေးလွန်းရင် အရာရာအားလုံးမှာ ကိုယ်ကျင့်တရား နဲ့ ချစ်ခြင်းတရား လွန်ဆွဲတဲ့ ဇာတ်ကားမျိုးပါ။ ဒီဇာတ်ကားထဲမှာ နေခြည်ဦးကိုတော့ အပြင်နဲ့ မတူတဲ့ ကာရိုက်တာပုံစံမျိုးဆိုတာထက် သူက ခပ်သွက်သွက်ကောင်မလေးတစ်ယောက်၊ သူယုံကြည်ပြီဆိုတဲ့အရာကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ အကျင့်လေးရှိတာကြောင့် အပြင် ကာရိုက်တာနဲ့ သိပ်မကွာဘူးလို့ ထင်ပါတယ်” လို့ ဆိုပါတယ်။ 

Photo: Nay Chi Oo

“ ချစ်ပန်းဝါဝါ” ရုပ်သံဇာတ်လမ်းတွဲကိုတော့ ၂၀၂၁ ခုနှစ် မတ်လ အတွင်းမှာ Free To Air ရုပ်သံတွေမှာသာမက အက်ပလီကေးရှင်းတွေမှာလည်း ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲကိုလည်း ပရိသတ်တွေ မျှော်လင့်ထားသလို အရည်သွေးကောင်းတဲ့ ဇာတ်လမ်းတွဲ တစ်ခု ဖြစ်လာဖို့အတွက် ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) နဲ့ ထုတ်လုပ်သူတွေ က ကြိုးစားပြင်ဆင်ထားတယ်လို့လည်း ကိုဝေမင်းမောင်က ပြောပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က