ဖြစ်စဉ်တွေကိုတော့ မျိုးဆက်သစ်မြတ်ပါရမီအသင်းက တာဝန်ရှိသူက ပြောပြလာပါတယ်။

အဆိုတော် သရုပ်ဆောင် ထွန်းထွန်းကတော့ ရန်ကုန်ကနေ မန္တလေးကို သွားတဲ့ အမြန်လမ်း မိုင်တိုင်(၂၃၀) မှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ကားအက်ဆီးဒင့် တစ်ခု ကြုံခဲ့တယ်လို့ သိရပါတယ်။ 

Photo: TunTun



အဆိုတော် သရုပ်ဆောင် ထွန်းထွန်းကိုယ်တိုင် လိုက်ပါလာတဲ့ ကားတစ်စီးကတော့ အမြန်လမ်းပေါ်မှာ အက်ဆီးဒင့် တစ်ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူတို့ကို ကူညီပေးခဲ့တဲ့ “ မျိုးဆက်သစ်မြတ်ပါရမီအသင်း” မှ မထွေးထွေးငြိမ်းက Duwun ကို ပြောပြခဲ့ပါတယ်။

“ မနေ့က ည(၁၀) နာရီခွဲအချိန်လောက်က ညီမရဲ့အသိ တစ်ယောက်က ဖုန်းဆက်လာတယ် မိုင်တိုင်(၂၃၀) မှာ ကားတစ်စီးဆက်မောင်းဖို့ အဆင်မပြေတော့ဘူး။ ကူညီပေးလို့ရမလားဆိုတော့ သွားရောက် ကူညီပေးခဲ့ပါတယ်။ ဟိုရောက်တော့ ဖြစ်စဉ်ကို မေးကြည့်လိုက်တဲ့ အချိန်မှာ သူတို့က မိုင်တိုင်(၂၂၆) လောက် ဝန်းကျင်မှာ လမ်းမပေါ်မှာ သစ်တုံးကြီးတစ်တုံးချထားတယ်။ ကားကအရှိန်နဲ့လာတာဖြစ်တဲ့ အတွက် ကားကို ရှောင်ဖို့အဆင်မပြေခဲ့ဘူးပေါ့။ ကားက တအားကြီး ဆိုးဆိုးရွားရွားဖြစ်သွားတယ်” လို့ ဆိုပါတယ်။ 

Photo: Kyaw Swar Myint

ဒါ့အပြင် ထွန်းထွန်းနဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ မန္တလေးကို သွားမှာ ဖြစ်တဲ့အတွက် မျိုးဆက်သစ်မြတ်ပါရမီအသင်း သားတွေကပဲ လိုက်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ ကားအက်ဆီးဒင့်ကြောင့် ပျက်စီးသွားတဲ့ ကားကိုလည်း ဝပ်ရှော့ ပို့ပေးခဲ့တယ်လို့ ဆက်လက် ပြောပြလာပါတယ်။ 

“ သစ်တုံးကို တိုက်ခဲ့တဲ့ နားမှာ ကားမရပ်ရဲတော့ သူတို့ဆီမှာ ပါတဲ့ ကားဘီးအပိုတွေနဲ့ ဘီးကို လဲပြီး ကားဆက် မောင်းလာတဲ့ အချိန်မှာ မိုင်တိုင်(၂၃၀) ရောက်တော့ လုံးဝ ဆက်မောင်းလို့မရတော့ပဲ ထိုးရပ်သွားခဲ့လို့ ညီမတို့ အသင်းကို အကူအညီတောင်းခဲ့တာပါ။ ညီမတို့ အဖွဲ့ရောက်သွားတဲ့အချိန်မှာတော့ ကရိန်းကားတစ်စီး ရောက်နေတာကိုလည်း တွေ့ရတယ်။ လူတွေကတော့ ဘာမှ မဖြစ်ဘူး ကားပေါ်မှာ နောက်ထပ် လူနှစ်ယောက် ပါလာတယ်။ ပြီးတော့ သူတို့က မန္တလေးကို သွားချင်တာဖြစ်တဲ့ အတွက် လူနာတင်ကား မဟုတ်တဲ့ RESCUE ကား တစ်စီးနဲ့ မန္တလေးကို ပို့ပေးလိုက်တယ်။ ကားကိုလည်း တခြား အချိတ်အဆက်တွေလုပ်ပြီး ဝပ်ရှော့ကို ပို့ပေးလိုက်တယ်” လို့ သူက ဆိုပါတယ်။ 

Photo: TunTun

ကားအက်ဆီးဒင့်ကြောင့် ထွန်းထွန်းအပါအဝင် တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိိိဘဲ ကားသာပျက်စီးသွားတယ်လို့ သိရပါတယ်။ အခုလို ကားအက်ဆီးဒင့် ကြုံခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထွန်းထွန်းကို ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာမှာတော့ ဖုန်းဖြေဆိုခဲ့ခြင်း မရှိပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က