ဟန်ငြိမ်းဦး ပေ့ချ်ကနေ “ ဉာဏ်လင်းအောင်က မိန်းမရှိတယ်မလား.. တခြားသူနဲ့ ဖောက်ပြန်ထားတာ မိထားလို့” ဆိုတဲ့အပေါ် ဖြေရှင်းခဲ့တာပါ။
Sabal Thwin

ဉာဏ်လင်းအောင်ကတော့ လက်ရှိ ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ 

ဉာဏ်လင်းအောင်ကတော့ အခုချိန်မှာ သူ့ရဲ့ ဂီတအလုပ်တွေထက် မိသားစုကို ပိုပြီးတော့ အချိန်ပေးနေတာ တွေ့ရပါတယ်။ ပျော်ရွှင်စရာကောင်းပြီး ခိုင်မာတဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်လာဖို့ဆိုတာ ဇနီးဖြစ်သူရဲ့ သဘောထားနဲ့လည်း သက်ဆိုင်တယ်ဆိုတာကို Duwun ကနေ ပြောပြခဲ့ပါတယ်။ 



“ နားလည်မှုရှိတဲ့ အိမ်ထောင် တစ်ခု ဖြစ်လာဖို့အတွက်က သူငယ်ချင်းဆိုရင်တောင် တစ်နှစ်လောက်အထိပဲ ခင်ပါစေ သူ့အကြောင်းသိမှ အတွင်းကျကျ ပေါင်းလို့ရတာလေ။ ဇနီး ကျတော့ ဒီ့ထက် ပိုဆိုးသွားပြီလေ။ တစ်ယောက် အကြောင်း တစ်ယောက်လည်း အသေးစိပ်သိမှ ရမယ်။ တခြားသူဘာပြောပြော သူက နားလည်ပေးနိုင်မှပဲ အကောင်းဆုံး ရှေ့ဆက်သွားလို့ ရမယ်၊ ပြဿနာဖြစ်ရင် အိမ်ထောင် တစ်ခုက အဆင်မပြေဘူးလေ။ ဒီတော့ နားလည်မှုဆိုတာက ပိုအရေးကြီးပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Han Nyein Oo

ဒါ့အပြင် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ် စိတ်ဝင်စားမှုအများကြီး ရရှိနေတဲ့ “ ဟန်ငြိမ်းဦး” ဖေ့စ်ဘွတ်ပေ့ချ်ကနေတဆင့် “ ဉာဏ်လင်းအောင်က မိန်းမရှိတယ်မလား.. တခြားသူနဲ့ ဖောက်ပြန်ထားတာ မိထားလို့” ဆိုတာကို ပြောပြလာတဲ့ အချိန်မှာတော့ ဉာဏ်လင်းအောင်တို့ရဲ့ အိမ်ထောင်ရေး အခြေအနေကို စိတ်ဝင်တစား ရှိလာကြတဲ့ ပရိသတ်တွေလည်း အများကြီးဖြစ်လာခဲ့ပါတယ်။ ဒီအကြောင်း အရာနဲ့ ပတ်သက်ပြီး ဉာဏ်လင်းအောင်က အခုလို ပြောပြခဲ့ပါတယ်။ 

“ ကျွန်တော်တို့ရဲ့ လက်ရှိ အိမ်ထောင်ရေး ကိစ္စကို ကျွန်တော်တို့သာ အသိဆုံးပါ။ ဒီလိုမျိုး ကိစ္စတွေ ဖြစ်လာတော့လည်း ကျွန်တော် နာမည်ကြီးတာပေါ့။ အမှန်ဆိုရင် ဒီလို ကိစ္စတွေက ရည်းစား စဖြစ်တုန်းက လိုဆို ကျွန်တော့် မိန်းမ နဲ့ ရန်ဖြစ်ရမှာ အမှန်ပဲ။ အခုတော့ ကလေးလည်းရှိနေပြီ၊ အသက်တွေလည်း တဖြည်းဖြည်း ကြီးလာကြပြီဆိုတော့ ဒီလို ကိစ္စတွေ ဖြစ်လာဖို့ မကောင်းတော့ပါဘူး” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ဉာဏ်လင်းအောင်ကိုတော့ ဂီတအလုပ်တွေ စလုပ်ရင်းက ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူဟာ ပထမဆုံးသီချင်းအခွေဖြစ်တဲ့ ‘’သူငယ်ချင်း’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ နဲ့ ပရိသတ်ရင်ထဲကို စတင်ဝင်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်တုန်းကလည်း "တွန်းအား" ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ကိုဗစ်ကာလ ပြီးဆုံးသွားရင်တော့ သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ဖို့ အခုချိန်မှာ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ်ထဲမှာ ဉာဏ်လင်းအောင်ရဲ့ ဂီတလှုပ်ရှားမှုတွေကို ပြန်လည် တွေ့မြင်ရတော့မှာပါ။ 




ဆက်စပ်အကြောင်းအရာများ


Author

  • Sabal Thwin

    Entertainment Reporter


က္က