မင်္ဂလာဆောင်ဓာတ်ပုံလေးတွေ မြင်ရင် လှတယ်၊ သဘောကျတယ်။
Sabal Thwin

ငွေမှုံရတီကတော့ အနုပညာအလုပ်တွေလုပ်နေရတဲ့ အချိန်မှာ အချစ်ရေးနဲ့ပတ်သက်ပြီး သူမရဲ့ ခံယူချက်ကို အခုလို ပြောပြခဲ့ပါတယ်။ 

ငွေမှုံရတီကတော့ အနုပညာလောကမှာ သရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်အားပေးမှုတွေ ရရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ဝါသနာပါတဲ့ အနုပညာအလုပ်တွေ လုပ်နေရချိန်မှာ အချစ်ရေးကို ဦးစားပေးစဉ်းစားမှာ မဟုတ်ဘူးလို့ပြောပါတယ်။ 

“ ညီမက အချစ်ရေးကို သိပ်ပြီး အားသာတဲ့သူမဟုတ်တော့ အခုချိန်မှာ ကိုယ့်ဘာသာကိုယ် ပုံမှန်လေးပဲ နေထိုင်ဖြစ်တယ်။ ကြိုက်မယ့် သူမှ မရှိတာလေ မရှိတော့ ရည်းစား မထားဘူးပေါ့။ ကိုယ်တိုင်ကလည်း ရည်းစား မထားတာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သိပ်ပြီး အာရုံနောက် ခံတတ်တဲ့သူမဟုတ်တော့ အခုချိန်မှာ ကိုယ့် အလုပ်ထက် ရည်းစားထားဖို့ကို သိပ်ပြီးတော့ အချိန် မပေးချင်သေးဘူး” လို့ Duwun ကို ပြောပါတယ်။ 

Photo: Ngwe Mhone Yati

ငွေမှုံရတီဟာ မင်္ဂလာဆောင်ဓာတ်ပုံလေးတွေ မြင်နေရရင် သဘောကျသူဖြစ်ပေမယ့် သူမ ကိုယ်တိုင်က အချစ်ရေးနဲ့ ပတ်သက်လာရင် စိတ်မဝင်စားသူ ဖြစ်တာကြောင့် Single ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတယ်လို့ ဆိုပါတယ်။  

“ အခုချိန်မှာ ချစ်သူထားဖို့ကိုလည်း အစီအစဉ်မရှိသေးပါဘူး အိမ်ထောင်ပြုဖို့ဆိုတာက ဝေးသေးတာပေါ့နော်။ Online မှာ မင်္ဂလာဆောင် ဓာတ်ပုံတွေ တွေ့ရင် လှတယ်၊ သဘောကျတယ်ပေါ့နော်။ မင်္ဂလာဆောင်ချင်တယ် ယောင်္ကျားတော့ မလိုချင်ဘူး။ ဒါကြောင့် အခုချိန်မှာ ညီမက တစ်ယောက်တည်းပဲ ကိုယ့်ဘာသာ အေးအေးဆေးဆေး Single အတိုင်းပဲနေတယ်။ အိမ်ထဲမှာ နေရတာ ပျင်းလာရင် သူငယ်ချင်းတွေနဲ့ တွေ့တယ်၊ အစ်မကို သတိရရင် အစ်မ ဆီကို သွားလိုက်တယ် ဒီလိုလေးပဲ ဖြတ်သန်းဖြစ်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Ngwe Mhone Yati

ငွေမှုံရတီကိုတော့ သရုပ်ဆောင် ရွှေမှုံရတီရဲ့ ညီမငယ်လေးအဖြစ် ပရိသတ်တွေ သိထားပြီးသားဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။ ဂီတလမ်းကြောင်းပေါ်ကိုလည်း လျှောက်လှမ်းလာပြီဖြစ်တဲ့ ငွေမှုံရတီဟာ ပရိသတ်အခိုင်အမာ ရရှိပြီးသား အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။




ဆက်စပ်အကြောင်းအရာများ


Author


က္က