ပရိသတ်က စိတ်ရော ကိုယ်ပါ Ship ပေးကြလို့လည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
Sabal Thwin

ယွန်းယွန်းကတော့ Double Dating Program မှာ သူမရဲ့တွဲဖက်ဖြစ်တဲ့ သရုပ်ဆောင် အောင်မင်းခန့် နဲ့ အကြောင်းတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: 7 Sense



ယွန်းယွန်းကတော့ လက်ရှိမှာ Double Dating Program လေးရိုက်ကူးရင်း အောင်မင်းခန့်နဲ့ ချစ်သူ ပုံစံလေးတွဲမြင်နေတာကို တွေ့ရပါတယ်။ သူတို့ အတွဲလေးတွေကို အားပေးကြတဲ့ ပရိသတ် အင်အားကလည်း တကယ် အံ့သြမိသွားလောက်တဲ့အထိ အားပေးကြမ်းကြတဲ့ အကြောင်း ယွန်းယွန်းက ပြောပါတယ်။ 

“ ကိုအောင်မင်းခန့်က သဘောကောင်းပါတယ်။ လူကို ရှိန်နေစရာမလိုအောင် သူကူညီပေးတယ်။ပြီးတော့ လူတွေက ယွန်းတို့ နှစ်ယောက် တွဲလိုက်တဲ့ အချိန်မှာ ဘာလို့ အဲဒီလောက် ချစ်သွားကြလဲ မသိဘူး။ သူတို့ရဲ့ Like တွအပြင် Fan Made Video ဆိုတာ မီလီယံချီသွားတယ် ဒါမျိုး တစ်ခါမှ မကြုံဖူးဘူး။ အမှန်အတိုင်းပြောရရင် ယွန်းက ငယ်ငယ်တုန်းကပဲ အနုပညာလှုပ်ရှားမှုက သေချာ လုပ်ခဲ့ရတာ အရွယ်ရောက်လာတော့ အနုပညာအလုပ်ကို လုပ်မယ်ကြံတိုင်း နောက်ဆုတ်သွားတာနဲ့ ကိုဗစ်ကြောင့် ရပ်သွားတာနဲ့ သေချာမလုပ်ပြရသေးဘူး။ ကလေးသရုပ်ဆောင်တုန်းက ချစ်ပေးကြပေမယ့် ကြီးလာတော့လည်း ချစ်တဲ့သူတွေရှိတယ်။ ဒါပေမယ့် စုစုစည်းစည်းဆိုတာ မရှိဘူးပေါ့နော်။ အခု Double Dating ကျမှ Fan တွေက အကုန်လုံး ပြန်စုသွားသလိုပဲဆိုတော့ အရမ်းပျော်တာပဲ”လို့ သူက ဆိုပါတယ်။ 

Photo: 7 Sense

Double Dating Program လေးကနေတဆင့် ယွန်းယွန်းနဲ့ အောင်မင်းခန့်တို့ကို တကယ့်အတွဲ ဖြစ်လာစေချင်တဲ့ ပရိသတ်တွေလည်း အများကြီး ရှိလာတယ်လို့ သိရပါတယ်။ ဒီ ပရိသတ်တွေရဲ့ ဆန္ဒအပေါ် ယွန်းယွန်းရဲ့ သဘောထားကို အခုလို ပြောပြခဲ့ပါတယ်။ 

“ လူတွေကလေ အခုဆိုရင် တွဲလိုက်ကြပါလား တွဲလိုက်ကြပါလား ပြောကြတယ်။ ယွန်း စိတ်ပူတာ တစ်ခုက ယွန်းရော၊ သဲရော က ရုပ်ရှင်ကားကြီးတွေသေချာမရိုက်ရသေးဘူး။ မင်းသားတွေရဲ့ အတွဲအဆက်ပေါင်းတွေကလည်း ရှိချင်မှ ရှိမှာဆိုတော့ ပရိသတ်တွေ ချစ်ပေးကြပါဦးမလား၊ လက်ခံကြပါဦးမလားဆိုတာတော့ အရမ်းစိတ်ပူတယ်။ ဒါပေမယ့် ပရိသတ်တွေက ချစ်တာအပြင် တကယ်ကြီးတွေ ဖြစ်စေချင်နေကြတယ်။ သူတို့က စိတ်ရော ကိုယ်ပါ Shipပေးကြလို့လည်း တကယ်ကို ကျေးဇူးတင်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Yoon Yoon

ယွန်းယွန်းဟာ ဗီဒီယိုဇာတ်ကားပေါင်း (၃၀၀) ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား (၃၀)ကျော် ရိုက်ကူးခဲ့ရတဲ့ နာမည်ကြီး ကလေး သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ကျရာဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမဟာ ၂၀၁၂ခုနှစ်က “တိမ်မင်းသမီးရဲ့ ဒဏ္ဍရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု(အထူးဆု) ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်ကို ရောက်လာတဲ့ အချိန်မှာတော့ ယွန်းယွန်းက “ရွှေမင်းသမီးနဲ့ လူလိမ်” ဇာတ်လမ်းတွဲမှာ အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး နောက်ထပ် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးဖို့ရှိသေးတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က