" ကြေကွဲမိုးတိမ်" ဗီဒီယိုဇာတ်ကားထဲမှာ ပါဝင်သွားမှာပါ။
Sabal Thwin

ဟန်တီကတော့ “ကြေကွဲမိုးတိမ်" ဆိုတဲ့ ဗီဒီယို ဇာတ်ကားထဲမှာ ပါဝင်သွားမယ့် သူမရဲ့ ကာရိုက်တာလေးအကြောင်း ပြောပြခဲ့ပါသေးတယ်။ 

ဟန်တီကတော့ “ ကြေကွဲမိုးတိမ်” ဆိုတဲ့ ဗီဒီယို ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ သူမဟာ သရုပ်ဆောင် မင်းသွေးခန့်နဲ့ အတွဲ သရုပ်ဆောင်ရမှာပါ။ ဇာတ်ကားထဲက ကာရိုက်တာအကြောင်းကိုလည်း ဟန်တီက အခုလို ပြောပြခဲ့ပါတယ်။ 



“ ဒီဇာတ်ကားထဲက ကာရိုက်တာက ဝါရွှေနုဆိုတဲ့ ကောင်မလေးရဲ့ ကာရိုက်တာပါ။ ဟန်တီနဲ့ အသက်အရွယ် ကွာခြားမှု အရမ်းမရှိဘူး။ ဟန်တီကိုယ်တိုင်လည်း လုပ်နိုင်မယ်လို့ထင်တယ်။ ကာရိုက်တာကလည်း တက္ကသိုလ်ကျောင်းသူ အရွယ်ဖြစ်တာကြောင့် ဒီ “ကြေကွဲ မိုးတိမ်” ဇာတ်ကားကို ဟန်တီလက်ခံဖြစ်သွားတာ။ ဒီကားထဲမှာက မိုးတိမ်ဆိုတဲ့ကောင်လေးက ဝါရွှေနုကို လိုက်ကြိုက်တယ်၊ ဝါရွှေနုက ပြန်မကြိုက်ပေမယ့် ရုတ်တရက် ညားခဲ့ရတယ် အဲဒီကနေ ဖြစ်တည်လာမယ့် ဇာတ်ဝင်ခန်း တစ်ခန်းစီရဲ့ တန်ပိုကလည်း မြင့်မြင့်သွားတော့ စိတ်ဝင်စားဖို့ တော်တော်ကောင်းမှာပါ” လို့ Duwun ကို ပြောပါတယ်။ 

ကြေကွဲမိုးတိမ် ဗီဒီယို ဇာတ်ကားထဲမှာ မင်းသွေးခန့်၊ နန်းဆုရတီစိုး၊ ဟန်တီနဲ့ ချစ်စနိုးဆု အပြင် ဇာတ်ပို့သရုပ်ဆောင်အဖြစ် ဝါဝါအောင်ကလည်း ပါဝင်သရုပ်ဆောင်သွားမှာပါ။ ဗီဒီယိုဇာတ်ကားရိုက်ကူးမှုတွေ နည်းပါးလာတဲ့ အချိန်မှာတောင် “ကြေကွဲမိုးတိမ်” ဗီဒီယိုဇာတ်ကားကို လက်ခံ ရိုက်ကူးဖြစ်သွားတဲ့ ရည်ရွယ်ချက်ကိုလည်း ဟန်တီက အခုလို ပြောပြလာပါတယ်။ 

“ အခုနောက်ပိုင်းမှာတော့ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ပြန်ရိုက်ကြတော့မယ်လို့ ဟန်တီယုံကြည်တယ်။ ဘာကြောင့်လဲဆိုတော့ Online ခေတ်လည်း ဖြစ်လာပြီ၊ ဗီဒီယို ဇာတ်ကားတွေကိုလည်း Online ပေါ်မှာ လွှင့်ကြမယ်၊ အက်ပလီကေးရှင်းတွေမှာလည်း လွှင့်ကြမယ်ဆိုတော့ ပရိသတ်တွေက တစ်ခေါက်တည်းကြည့်လို့ အားမရရင် နှစ်ခေါက်၊ သုံးခေါက် ပြန်ကြည့်လို့ ရတာပေါ့နော်။ ဗီဒီယို ဇာတ်ကားတွေက ပရိသတ်တွေ မြန်မြန်ကြည့်ရတယ်၊ ရုပ်ရှင်ကားကြီးက တန်းစီရတယ်ဆိုတော့ စောင့်ရတာထက် ဗီဒီယို ဇာတ်ကားက Update ပိုဖြစ်တယ်လို့ပြောရမှာပေါ့" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ဟန်တီဟာ ၂၀၁၆ခုနှစ်မှာ အမေရိကန်မှာရှိတဲ့ New York Film Academy မှာ Acting Associates Degree ကို တက်ရောက်သင်ယူခဲ့ပါတယ်။ ကျောင်းတက်ပြီး ပြန်လာပြီးနောက်မှာလည်း Miss Myanmar World 2018 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ထို့နောက် တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ရပါသေးတယ်။ အဲဒီနောက် တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia Model Festival 2019 ပွဲကြီးမှာလည်း အကဲဖြတ် ဒိုင်တစ်ယောက်အဖြစ်သာမက Asia Star Award ဆုကိုပါ ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က