ပုဂံမှာ စီးပွားရေးလေးတစ်ခု လုပ်နေတယ်။
Sabal Thwin

မေမြင့်မိုရ်ကတော့ သူမရဲ့ အသက်အရွယ်အရ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ အစပြုနိုင်ဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ဆိုပါတယ်။ 

Photo: May Myint Mo



မေမြင့်မိုရ်ကတော့ အနုပညာလောကမှာ အောင်မြင်တဲ့ အမျိုးသမီးသရုပ်ဆောင် တစ်ယောက်ဖြစ်လို့နေပါပြီ။ သူမအနေနဲ့ အခုလို အောင်မြင်နေချိန်မှာ အချစ်ရေးထက် ကိုယ်ပိုင်စီးပွားရေးအလုပ်တွေ လုပ်ဖို့ ပြင်ဆင်နေတယ်လို့ Duwun ကို ပြောပါတယ်။ 

“ ဒီအသက်အရွယ်မှာ အချစ်ရေးဆိုတာထက် ကိုယ့်ရဲ့ အလုပ်ကို ပိုဦးစားပေးရမယ်လို့ မေ ထင်ပါတယ်။ အဲဒါမှလည်း အသက်တစ်ခုရလာလို့ ကိုယ့်ဖူးစာဖက်နဲ့ တွေ့လာရတဲ့ အချိန်မှာ အဆင်ပြေပြေနဲ့ ဖြတ်သန်းနိုင်မယ်လို့ ထင်ပါတယ်။ ဒီ အချိန်မှာ အချစ်ရေးဆိုတာထက် အလုပ်ကို ပိုဦးစားပေးမယ်လို့ မေ ဆုံးဖြတ်ထားတယ်။ အခုလည်း ကိုယ်က ပုဂံကို ချစ်တယ်၊ ပုဂံမှာ နေချင်တဲ့သူတစ်ယောက်ဖြစ်လို့ ပုဂံမှာ စီးပွားရေး အသေးလေးတစ်ခု မေ လုပ်ဖြစ်နေတယ်။ လုပ်လက်စ ဖြစ်နေတော့ အကုန်ပြီးသွားရင် ပရိသတ်ကို ပြောပြမှာပါ” လို့ သူက ဆိုပါတယ်။ 

Photo: May Myint Mo

အလုပ်နဲ့ ပတ်သက်လာရင် မိဘတွေရဲ့ ဆုံးဖြတ်ချက်ကို အလေးထားတဲ့ မေမြင့်မိုရ်ဟာ သူမရဲ့ စီးပွားရေးအလုပ်အပေါ်မှာလည်း မိခင်ဖြစ်သူရဲ့ အကြံပြုချက်တွေ အများကြီးပါတယ်လို့ ဆိုပါတယ်။ 

“ ညီမက ကိုယ့်အားကိုယ်ကိုး တတ်တဲ့သူထဲမှာပါတယ်။ ဒါပေမယ့် ဘေးနားမှာ အမေက အမြဲတမ်းရှိနေတော့ ကိုယ် ဆုံးဖြတ်ချက် တစ်ခုခု ချတော့မယ်ဆိုရင် အရင်ဆုံး အမေ့ကို တိုင်ပင်ဖြစ်တယ်။ ကိုယ့်အား ကိုယ်ကိုးတာထက် အမေ့ရဲ့ဆုံးဖြတ်ချက်က 60% လောက် ပါတယ်။ ကိုယ်က လောလောဆယ်မှာ သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်တဲ့အတွက် တစ်ဖက်ကို ဦးစားပေး စဉ်းစားလိုက်ရင် တစ်ဖက်က လျှော့သွားမှာလည်း စိုးရိမ်တာကြောင့် အလုပ်ကိုပဲ ပိုဦးစားပေးဖြစ်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: May Myint Mo

သရုပ်ဆောင် မေမြင့်မိုရ် ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ‘’ပန်းနုသွေး’’ ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ခဲ့သူပါ။ လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ၂၀၁၉ခုနှစ် ဧပြီ(၅) ရက်နေ့က ပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာ Best Rising Star Female Award ကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က