တစ်ဦးတည်းသော သမီးလေးအတွက် သူ့ရဲ့ ရည်ရွယ်ချက်တွေကို ပြောခဲ့ပါသေးတယ်။
Sabal Thwin

ဉာဏ်လင်းအောင်ကတော့ သမီးလေးနဲ့ပတ်သက်ပြီး ဖခင်တစ်ယောက်ရဲ့ ဆန္ဒကို အခုလို ပြောပြလာပါတယ်။ 

Photo: Nyan Linn Aung



ဉာဏ်လင်းအောင်နဲ့ ချမ်းချမ်းပိုင်တို့ရဲ့ တစ်ဦးတည်းသော သမီးလေး သွန်းရတီလင်းကတော့ ဖေဖော်ဝါရီလ ဆိုရင် အသက်(၂) နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေး ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကိုလည်း ပိုင်ဆိုင်နေပြီဖြစ်သလို ကြော်ငြာရိုက်ဖို့လည်း လာကမ်းလှမ်းနေကြပြီလို့ ဉာဏ်လင်းအောင်က Duwun ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။ 

“ သမီးလေးကို ကြော်ငြာရိုက်ဖို့အတွက်က နှစ်ခု၊ သုံးခုလောက် လာကမ်းလှမ်းကြတယ်။ ဒါပေမယ့် သူက အသက်နည်းနည်း ငယ်သေးတာရယ်၊ တကယ်လို့ လက်ခံပြီးတော့မှ သူ မလုပ်နိုင်မှာကိုလည်း စိုးရိမ်နေရတာနဲ့ ဆိုတော့ ကြော်ငြာတွေလည်း မရိုက်ဖြစ်လိုက်တာပါ။ အနုပညာဘက်ကိုတော့ သူ တော်တော် ဝါသနာပါတယ်။ က မယ်၊ သရုပ်ဆောင်မယ်၊ သီချင်းဆိုတာကို ဝါသနာပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Nyan Linn Aung

ဉာဏ်လင်းအောင်တို့ ဇနီးမောင်နှံဟာ သမီးလေးရဲ့ အသက် ငယ်လွန်းသေးတာကြောင့် အနုပညာအလုပ်တွေ မလုပ်စေချင်သလို ပညာရေးကိုပဲ ပိုဦးစားပေးစေချင်တယ်လို့ သိရပါတယ်။ အနုပညာကို ဝါသနာပါသူဖြစ်တာကြောင့် ပညာရေးကို အားနည်းသွားမှာ စိုးရိမ်တဲ့အကြောင်း ဉာဏ်လင်းအောင်က ပြောပါတယ်။ 

“ သမီးလေးကို ဒီလိုင်းပေါ်ကြီးလည်း အရမ်းမရောက်စေချင်ဘူး။ နဂိုကတည်းက အနုပညာပိုးပါတယ်ဆိုတဲ့ ကလေး ဖြစ်တဲ့အတွက် ဒီအချိန်လောက်ကတည်းက စပြီးတော့ ပိုးသွင်းပေးလိုက်ရင် ဒါပဲ လုပ်မယ် ဆိုပြီး ဖြစ်သွားမှာ။ အရမ်းတတ်လွယ်တဲ့ အရွယ်ဆိုတော့ အဲဒီဘက်ကို အရမ်းမပါစေချင်ဘူး။ ပညာရေးဘက်ကို ဦးစားပေးစေချင်တယ်။ အခု ကိုဗစ်ပြီးလို့ ကျောင်းတွေ ပြန်ဖွင့်ရင် မူကြိုဖြစ်ဖြစ် ပို့ဖို့ စဉ်းစားထားတယ်။ ပညာရေးသာအဆင်ပြေသွားရင် သူ့ဆန္ဒကို လိုက်လျောမှာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

 

Photo: Nyan Linn Aung

ဉာဏ်လင်းအောင်ကိုတော့ ဂီတအလုပ်တွေ စလုပ်ရင်းက ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူဟာ ပထမဆုံးသီချင်းအခွေဖြစ်တဲ့ ‘’သူငယ်ချင်း’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ နဲ့ ပရိသတ်ရင်ထဲကို စတင်ဝင်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်တုန်းကလည်း တွန်းအား ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သမီးလေး (၆) လအရွယ်မှာ ဉာဏ်လင်းအောင်က ရင်သွေးလေး ရှိနေပြီဆိုတာကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ချစ်စရာကောင်းတဲ့ ကလေးလေးဖြစ်တာကြောင့် ပရိသတ်တွေကလည်း သွန်းရတီလင်း လေးကို သည်းသည်းလှုပ် ချစ်ခဲ့ကြတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က