သဲတုန်လေးနဲ့ ပတ်သက်ပြီး အခုလို ပြောပြလာပါတယ်။
Sabal Thwin

ပရိသတ်အားပေးမှု အများကြီးရရှိထားတဲ့ Double Dating အစီအစဉ်ထဲက စည်သူဝင်းက သဇင်ထူးမြင့်အပေါ် သူ့ရဲ့ သဘောထားကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo: 7 Sense



Double Dating အစီအစဉ်မှာ စည်သူဝင်း နဲ့ သဇင်ထူးမြင့် တို့ စုံတွဲလေးကို အားပေးကြတဲ့ ပရိသတ်တွေကလည်း အများကြီးရှိလို့နေပါတယ်။ စည်သူဝင်းဟာ Double Dating အစီအစဉ်မှသာ သဇင်ထူးမြင့်နဲ့ ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သဇင်ထူးမြင့်အပေါ် စည်သူဝင်းရဲ့ အမြင်လေးကို အခုလို ပြောပြခဲ့ပါတယ်။ 

“ သဲသဲကို ဘယ်လိုမြင်သလဲဆိုရင် သူက ရိုးတယ်၊ အေးတယ်၊ ပြီးတော့ တစ်ခုခုဆိုရင် သူက မထင်ထားရလောက်အောင် ထက်လည်း ထက်မြတ်ပါတယ်။ ပုံမှန်ဆို သူတို့အရွယ် ကောင်မလေးတွေ ဆိုရင် လမ်းသလားပြီး လျှောက်သွားနေကြတာ များတယ်။ ဒါပေမယ့် သူတို့တွေက အခုမှ အသက်(၂၁) ၊ (၂၂) အရွယ်မှာ အလုပ်တွေ လုပ်နေကြပြီ၊ ကြိုးလည်း ကြိုးစားတယ်” လို့ မီဒီယာတွေမှာ ဖြေဆိုခဲ့ပါတယ်။  

Photo: 7 Sense

ဒါ့အပြင် Double Dating မှာ ပါဝင်တဲ့ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့ နှစ်ယောက်ကိုလည်း စည်သူဝင်းက ချီးကျူးစကား ဆိုခဲ့ပါသေးတယ်။ 

“ အခုဆို Double Dating Program ရိုက်နေတဲ့ အချိန်မှာ သဲသဲနဲ့ ယွန်းယွန်းတို့ဆီက ထွက်လာတဲ့ ဆန်းသစ်တဲ့ အကြံဉာဏ်ပုံစံမျိုးလေးတွေ အများကြီးတွေ့ရတယ်။ အားလုံး တိုင်တိုင်ပင်ပင် လုပ်ကြတဲ့ အချိန်မှာ ဒီ Program လးက ပိုပြီးတော့ အောင်မြင်လာတာပါ" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: 7 Sense

 စည်သူဝင်းကတော့ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အဖြစ် ဝင်ရောက်လာခဲ့တာပါ။ အဲဒီနောက်မှာတော့ MRTV-4 နဲ့ ပူးပေါင်းပြီး ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးလာရတဲ့ အချိန်မှာ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ မင်းသားချော တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ကို ပရိသတ်အားပေးမှု အများကြီး ရရှိလာတဲ့ ဇာတ်လမ်းတွဲကတော့ " နှင်းဆီ" ဇာတ်လမ်းတွဲထဲက ကိုကျော် ဆိုတဲ့ ဇာတ်ကောင် ကာရိုက်တာဖြစ်ပါတယ်။ သူဟာ အခုဆိုရင် ရုပ်သံဇာတ်လမ်းတွဲတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင် လာရပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က