မိခင် မေသန်းနုအတွက် သူ့ရင်ထဲက မွေးနေ့ဆုတောင်းစကားလေးကိုလည်း ပြောခဲ့ပါသေးတယ်။
Sabal Thwin

မင်းသန့်မောင်မောင်ကတော့ ဒီနေ့မှာ ကျရောက်ခဲ့တဲ့ မိခင်ဖြစ်သူ မေသန်းနုရဲ့ မွေးနေ့မှာ သူ့ရင်ထဲက စကားတွေ ပြောပြလာပါတယ်။ 

ဒီနေ့ကတော့ အကယ်ဒမီ သရုပ်ဆောင် မေသန်းနုရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ဒီလို အမှတ်တရနေ့လေးမှာ သူမရဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်က အခုလို မွေးနေ့ဆုတောင်းစကား ပြောလာခဲ့ပါတယ်။ 



“ Happy Birthday ပါ မေမေ။ ကျွန်တော့်အမေက ကျွန်တော် ထင်ထားတာထက် ကျွန်တော့်ကို ပိုချစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုအချိန်ထိ ကျွန်တော့် ဘေးမှာ ရှိနေပေးတာရော၊ ကျွန်တော့်ကို စောင့်ရှောက်ပေးနေတဲ့ အတွက်ပါ ကျေးဇူးတင်ရပါတယ်၊ ကျွန်တော်က အမေ့ကို ထာဝရ ချစ်နေမှာပါ။ အခုကျတော့ မေမေ့အတွက် မွေးနေ့လက်ဆောင်ကို ရင်ထဲက အချစ်တွေပဲ ပေးနိုင်သေးတာပေါ့နော်။ ကိုဗစ်ကာလ လည်းဖြစ်နေတော့ မွေးနေ့လက်ဆောင် လုပ်ပေးဖို့ ခက်နေသေးတော့ အခုက အချစ်ပဲ ပေးနိုင်သေးတယ်” လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာပါ။ 

ဒါ့အပြင် မင်းသန့်မောင်မောင် ဟာ မိခင်ဖြစ်သူကို သိပ်ချစ်လွန်းတာကြောင့် အသက်ကြီးလာတယ်လို့တောင် မခံစားရတဲ့ အပြင် အလုပ်တွေ ကြိုးစားနေတဲ့ မိခင်အတွက် သူ့ရင်ထဲက ပီတိစကားတွေကို ပြောပြလာပါတယ်။ 

“ ကျွန်တော့် အမေကို ကျွန်တော်က အသက်ကြီးလာတယ်လို့ကို မမြင်ဘူး။ ငယ်နေတုန်းပဲလို့ ခံစားရတယ်။ ကျွန်တော့် အမေကို မြင်လိုက်တိုင်း အမြဲတမ်း ချစ်ဖို့ကောင်းလာတယ်လို့ မြင်တယ် ပိုပိုပြီးတော့တောင် ငယ်သွားသလိုပဲ။ မေမေက အခုဆိုရင် ရွှေဆင့် စားသောက်ကုန် ထောင်ထားနိုင်တဲ့အတွက် ဝမ်းသာတယ်။ အောင်မြင်နေတာ မြင်ရတဲ့ အတွက်လည်း ပီတိဖြစ်ရတယ်။ အမေ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို မြင်ရတော့ ကျွန်တော့် ရင်ထဲမှာ ဝမ်းသာနေရပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

မေသန်းနုဟာ ဒီနေ့မှာ ကျရောက်ခဲ့တဲ့မွေးနေ့ကိုတော့ လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းများအတွက် ထမင်းနဲ့ ဟင်း၊ ရွှေဆင့် ငါးပိထောင်းများ အပြင် သူ နေထိုင်ရာ ရပ်ကွက်အတွင်းမှာရှိတဲ့ အိမ်ခြေ(၆၀) စာ လူဦးရေ(၁၂၀) စာအတွက် ကပ်ကြေးကိုက် အလှူ ပြုခဲ့တယ်လို့ သိရပါတယ်။ မေသန်းနုရဲ့ မွေးနေ့ အလှူလေးကိုတော့ သားဖြစ်သူ မင်းသန့်မောင်မောင် ကလည်း ပါရမီဖြည့်ပေးခဲ့တာကို တွေ့ရပါတယ်။ 



ဆက်စပ်အကြောင်းအရာများ


Author


က္က