နေထက်လင်းရဲ့ သားအကြီး ဖြစ်ပါတယ်။
Sabal Thwin

ရတနာမိုင် ကတော့ နေထက်လင်းရဲ့သားအကြီးဆုံးဖြစ်သူ ထက်လင်းအောင် နဲ့ ပထမဆုံးအကြိမ် Music Video လး ရိုက်ကူးခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ်။ 

Photo: Yadanar My



အဆိုတော် ရတနာမိုင် နဲ့ သရုပ်ဆောင် နေထက်လင်းရဲ့ သားဖြစ်သူ ထက်လင်းအောင် တို့ကိုတော့ အဆိုတော် ကေသီနွယ်ရဲ့ Love Me Free ဆိုတဲ့ Music Video လေးထဲမှာ စုံတွဲအဖြစ်မြင်တွေ့ရတော့မှာပါ။ ထက်လင်းအောင် ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပေမယ့်လည်း သရုပ်ဆောင်တာ တော်တယ်လို့ ရတနာမိုင်က အခုလို ချီးကျူးစကားဆိုခဲ့ပါတယ်။ 

“ အခုဆို မိုင်လေးနဲ့ သူက MV ရိုက်တာ ပထမဆုံး အကြိမ်ပေါ့နော်။ ဒါကလည်း သူတစ်ယောက်တည်း ဆိုရင်လည်း ပထမဆုံး MV ရိုက်ဖူးခြင်းပေါ့။ ဒါပေမယ့် သရုပ်ဆောင်တဲ့ ပုံစံက နည်းနည်းလေးတောင် ကြောင်သွားတာမျိုးမရှိဘူး။ မိုင်လေးတို့ စရိုက်တုန်းကဆိုရင် ကြောင်မိသွားတာမျိုးတွေဖြစ်ဖူးတယ်။ အခု သူ့ရဲ့ သရုပ်ဆောင်မှုတွေကို အကဲခတ်ကြည့်လိုက်တဲ့ အချိန်မှာ ကင်မရာကို ကြောက်တာမျိုးတွေ မရှိဘူး၊ ပုံမှန် အမြဲတမ်း လုပ်နေကြ သရုပ်ဆောင် တစ်ယောက်လိုပဲ” လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Yadanar My

ရတနာမိုင်ဟာ နေထက်လင်းတို့ မိသားစုနဲ့ ဟိုးအရင်ကတည်းက ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးရှိတာဖြစ်ပြီး နေထက်လင်းရဲ့ သားအငယ်လေးနဲ့သာ ဆုံတွေ့ဖူးခဲ့တယ်လို့ ဆိုပါတယ်။ ထက်လင်းအောင် ကိုတော့ အခု Music Video ရိုက်မှသာ စတွေ့ဖူးတာလို့လည်း သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

“ သူက အခုဆိုရင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး ဖြစ်လာပြီ။ အသက်ကလည်း အခုမှ (၂၁) နှစ်ဆိုတော့ ငယ်သေးတယ်။ သူက အခုဆို ပေါင်းသင်းဆက်ဆံရေးလည်း အရမ်းကောင်းတယ်။ လိမ္မာရေးခြားလည်းရှိတယ်။ အရပ်က ၆ ပေကျော်တောင်ဖြစ်လာပြီး သူ့ကို ပိစိလေးတုန်းကပဲ မြင်ဖူးသေးတာ။ နည်းနည်း အရွယ်ကြီးလာတဲ့ အချိန်မှာ အငယ်လေးကိုပဲ မြင်ဖူးသေးတယ်။ အကြီးလေးကိုက အခု MV ရိုက်မှ ဆုံဖြစ်တာ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

Photo: Yadanar My

ထက်လင်းအောင်ကိုတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမောင် တစ်ယောက်အဖြစ် ပရိသတ်တွေ သိခဲ့ကြတာပါ။ အကယ်ဒမီပေးပွဲ ပြီးခဲ့ပေမယ့်လည်း သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို သိပ်မတွေ့ရတတ်ပါဘူး။ ဒါ့အပြင် အဆိုတော် ရတနာမိုင်ကလည်း လက်ရှိမှာ မိုင်လေး အင်တာတိန့်မန့်ကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ သီချင်း အေးအေးလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာပါ။ မိခင်ဖြစ်သူ အဆိုတော်ကြီး မိုင် ရဲ့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘’မလွမ်းပို’’ သီချင်းလေးကိုလည်း ပြန်ဆိုခဲ့ချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှု အများကြီး ရရှိခဲ့ပါတယ်။ လက်ရှိမှာလည်း သီချင်းအသစ်လေးတွေ လုပ်နေတယ်လို့ သိရပါတယ်။ သူမကိုတော့ ဂီတအလုပ်တွေမှာသာ မက သရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့ပါ ဇာတ်ကားတွေရိုက်ကူးထားတာ တွေ့ရတတ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က