အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံယူချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

အသက်တစ်နှစ်ကြီးလာတိုင်း အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သူ လိုချင်တဲ့ ပုံစံလေးကို ဟန်တီက အခုလို ပြောပြလာပါတယ်။ 

Photo: Han Thi



သရုပ်ဆောင် တစ်ယောက်လည်းဖြစ်၊ အလှမယ် တစ်ဦးလည်းဖြစ်တဲ့ ဟန်တီက အခုဆိုရင် အသက်(၂၃) နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ အသက် တစ်နှစ်ကြီးလာတိုင်း အချစ်ရေးနဲ့ ပတ်သက်လာရင် ရင့်ကျက်တဲ့ အတွေးမျိုးတွေပိုဖြစ်လာတယ်လို့ သူက ဆိုပါတယ်။ 

“ အချစ်ရေးမှာကို ကိုယ်က ဦးနှောက်နဲ့ ရွေးချယ်နေတာပေါ့နော်။ နှလုံးသား နဲ့ကတော့ ၃၀ ရာခိုင်နှုန်းလောက်ပါမယ်။ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်နဲ့ ပိုစဉ်းစားတာ များလာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း တားလို့မရဘူး။ ဦးနှောက်နဲ့ ရွေးချယ်တာ မကောင်းပေမယ့် ဘဝက တိုတိုလေးလေ နော်။ ပျော်ပျော်နေရမယ်၊ ကိုယ်မိသားစုကို ပျော်အောင်ထားရမယ်။ အဲဒါပဲ ဟန်တီစဉ်းစားတယ်။ ပြီးတော့ ကိုယ်လည်း ပျော်ပျော်နေနိုင်တယ်၊ ကိုယ့်မိသားစုကိုလည်း ပျော်ပျော်ထားနိုင်တယ် ဆိုရင် ဟန်တီလက်ခံပါတယ်” လို့ ဆိုပါတယ်။ 

Photo: Han Thi

သူမဟာ နှလုံးသား နဲ့ ရွေးချယ်မယ့် အိမ်ထောင်ရေးထက် ဦးနှောက်နဲ့ ရွေးချယ်မယ့် အိမ်ထောင်ရေးမျိုးကို ဦးစားပေး ရွေးချယ်သွားမယ်လို့ ဟန်တီက ပြောပါတယ်။ 

“ ဦးနှောက်နဲ့ စဉ်းစားပေမယ့်လည်း မြင်မြင်ချင်း ချစ်မိတယ်ဆိုတာတော့ ဘယ်ဖြစ်နိုင်မလဲ။ မြင်မြင်ချင်း ချစ်မိတယ် ဆိုတဲ့ အချစ်ကတော့ တစ်ခါမှ မကြုံဖူးသေးပါဘူး။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ သံယောဇဉ်ကတော့ ရှိကောင်း ရှိသွားနိုင်တာပဲလေ။ ဦးနှောက်နဲ့ရွေးချယ်တာက အနာဂတ်ကို ပုံဖော်တဲ့အချိန်မှာတော့ အရမ်းကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ အနာဂတ် ပိုပြီးတော့ သေချာတယ်၊ ကိုယ် ဘယ်လို ပုံစံ သွားချင်တယ် ဆိုတာကို မြင်လို့ရတယ်။ နှလုံးသားနဲ့ ရွေးချယ်တဲ့ လမ်းက ရှေ့ဆက် ဘာမှန်း မသိဘူး။ ချောက်လည်း ဖြစ်ချင်ဖြစ်နိုင်တယ်၊ တောင်လည်း ဖြစ်ချင် ဖြစ်နိုင်တယ်။ အဲဒါကို အခက်အခဲတွေနဲ့ ပိုပြီးတော့ ကျော်လွှားရနိုင်တယ်။ ဒါပေမယ့် ကံစပ် မစပ်ဆိုတာနဲ့လည်း ဆိုင်တော့ အချိန်တန်ရင် သူ့ဘာသာသူ ရောက်လာမှာပါ” လို့ ရယ်ရယ်မောမော နဲ့ ပြောပြခဲ့တာပါ။

 

Photo: Han Thi

ဟန်တီဟာ ၂၀၁၆ခုနှစ်မှာ အမေရိကန်မှာရှိတဲ့ New York Film Academy မှာ Acting Associates Degree ကို တက်ရောက်သင်ယူခဲ့ပါတယ်။ ကျောင်းတက်ပြီး ပြန်လာပြီးနောက်မှာလည်း Miss Myanmar World 2018 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ထို့နောက် တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ရပါသေးတယ်။ အဲဒီနောက် တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia Model Festival 2019 ပွဲကြီးမှာလည်း အကဲဖြတ် ဒိုင်တစ်ယောက်အဖြစ်သာမက Asia Star Award ဆုကိုပါ ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က