ဆရာမတွေကိုတောင် မချန်ဘူး လျှောက်ပြီးတော့ နာမည်ပေးခဲ့ကြတာတဲ့။
Sabal Thwin

G Fatt က ဘဝမှာ နှစ်ခါပြန်မရနိုင်တော့တဲ့ ကျောင်းသားဘဝ အမှတ်တရလေးတွေပြောပြရင်း သဘောကျရယ်မောလို့နေပါတယ်။ 

Photo: G Fatt



အဆိုတော် G Fatt ရဲ့ နာမည်အရင်းက မြတ်သူ ဖြစ်ပါတယ်။ G Fatt တစ်ယောက် အထက်တန်းကျောင်းသားဘဝမှာ ပျော်ခဲ့ရတဲ့ အမှတ်တရတွေကို မီဒီယာတွေကနေတဆင့် ပြန်လည် ပြောပြခဲ့ပါတယ်။ 

“ ကျွန်တော် ကျောင်းသားဘဝမှာ ဟာသတွေ၊ ပျော်စရာတွေ တော်တော်များတယ်။ ကျောင်းမှာဆိုရင် နည်းနည်း ဆိုးတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ ပေါင်းတဲ့ အပေါင်းအသင်းတွေဆိုရင် (၁၅) ယာက်လောက်ရှိတယ်။ ဒါပေမယ့် ဆရာ၊ ဆရာမတွေက ချစ်တယ်။ ကျွန်တော့်ကို မြတ်သူ ၊ ဆရာမ သား၊ မဝေသား ဆိုပြီးတော့ ခေါ်လေ့ရှိတယ်။ သူငယ်ချင်းတွေကို ကျတော့ ဘိတ်သားတို့၊ ဦးကျော်ထူးနဲ့ တူတဲ့ သူငယ်ချင်းတစ်ယောက်ကိုလည်း ကျော်ထူးလို့ ခေါ်တာများတယ်။ ဆရာမတွေက ကိုယ်တွေကို Nickname ပးတော့ ကိုယ်တွေကလည်း ဆရာမတွေကို Nickname ပြန်ပေးတာပေါ့။ စာရွက်လေးနဲ့ မုန့်ဈေးတန်းမှာ ကပ်ထားတာ သိတော့ အရိုက်ခံရရော”ဆိုပြီးတော့ ရယ်ရယ်မောမော နဲ့ ပြောပြခဲ့တာပါ။ 

Photo: G Fatt

ကျောင်းသားဘဝမှာ ဆော့မယ်၊ စားမယ်၊ ဆိုးမယ် လောက်ပဲ တွေးတတ်တဲ့ ပျော်စရာဘဝလေးပဲရှိခဲ့တယ်လို့ G Fatt က ဆိုပါတယ်။

“ ကျောင်းသားဘဝမှာ ဆော့မယ်၊ ဆိုးမယ်လောက်ပဲရှိတာ ကျောင်းမှာဆို ကောင်မလေး ချောလိုက်၊ လှလိုက်တာ ဆိုပြီးတော့ လိုက် ကြတဲ့ အဖွဲ့တော့ မဟုတ်ဘူး။ အဲဒီ စိတ်တွေ မရှိတာလည်း ဖြစ်လောက်တယ်။ သဘောကျတဲ့ ကောင်မလေးရှိရင် လိုက်ကြတယ်။ သူငယ်ချင်းတွေအတွက် ရည်းစားစာတွေ ရေးပေးခဲ့ရတာပေါ့။ ဗလာစာအုပ်ထဲမှာ ရေးထားတဲ့ ကဗျာတွေမှ အများကြီးပဲ စာအုပ်တောင် ထုတ်ခဲ့ဖူးသေးတယ်။ စာသာမလုပ်တာ ကဗျာကတော့ ရေးရောပဲ အချစ်တွေရော၊ အလွမ်းတွေရော” လို့လည်း ပြောခဲ့ပါသေးတယ်။ 

Photo: G Fatt

ဒါကြောင့် G Fatt က သူ့ရဲ့ ကျောင်းသားဘဝတုန်းက အမှတ်တရလေးတွေကို “ ငှက်” ဆိုတဲ့ သီချင်းအသစ်လေးထဲမှာ Music Video တစ်ခုအနေနဲ့ ထည့်ရိုက်ထားတာကို တွေ့ရပါတယ်။ G Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာပါ။ သူဟာ လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဒါ့အပြင် Shwe FM က ဆုချီးမြှင့်တဲ့ ၂၀၂၀ ခုနှစ်အတွင်း "Facebook Page ကနေ ပရိသတ်သီချင်းတောင်းဆိုမှု အများဆုံးအမျိုးသားတေးသံရှင်ဆု" ကိုလည်း "အကယ်၍ လက်ထပ်ခဲ့ကြရင်" ဆိုတဲ့ သီချင်းနဲ့ ရရှိထားသူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က