Ivy လေးကို ငိုစရာ၊ ကြည်နူးစရာတွေ ပြောရမယ့်အချိန်ရောက်လာဦးမှာ။

အေသင်ချိုဆွေဟာ သမီးလေး Ivy လေးဘဝအစမှာကတည်းက ဖြတ်သန်းခဲ့ရတဲ့ အကြောင်းအရာတွေကို တစ်ချိန်ချိန်မှာ သမီးလေးကို ပြောပြချင်တယ်လို့ ဆိုပါတယ်။ 

Photo: A Thin Cho Swe



အေသင်ချိုဆွေဟာ တစ်ဦးတည်းသော သမီးလေး Ivy လေးနဲ့ ပတ်သက်ပြီး ရင်ထဲက ခံစားချက်တွေကို Duwun media ကနေ ဖွင့်ဟ ပြောပြလာပါတယ်။ တခြားကလေးတွေလို ပျော်စရာကောင်းတဲ့အရာလေးတွေနဲ့ မကြုံခဲ့ရတဲ့ သမီးလေးအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ သူက ဆိုပါတယ်။

“အခုခေတ် အမေတွေက သားသမီးတွေနဲ့ ပတ်သက်ပြီး မမွေးခင်အချိန်တွေမှာ Surprise တွေလုပ်ကြတယ်။ လူ့လောကထဲကို မရောက်ခင်ကတည်းက ပျော်စရာလေးတွေပေါ့နော်။ ဒါပေမယ့် Ivy မှာတော့ ဒီလိုတွေ မရှိခဲ့ဘူး ဒါကိုတော့ နည်းနည်းခံစားရတာပေါ့နော်။ Ivy ကို ကြီးလာတဲ့အခါမှ ပြောပြဖို့ သမရိုးကျမဟုတ်တဲ့ Story တွေရှိတယ်။ သူများနဲ့ မတူတဲ့ဟာတွေ သူ့မှာအများကြီးရှိတယ်။ အမေပြောတဲ့အရာတွေကို သူ နားထောင်ရမှာတွေရှိတယ်။ သားအမိနှစ်ယောက် ဒီအကြောင်းလေးတွေ ပြန်ပြောရင် ကြည်နူးစရာလေးတွေ၊ ငိုစရာလေးတွေ ဖြစ်လာဦးမှာပါ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က Amazing Mart ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

Photo: A Thin Cho Swe

Ivy လေးကတော့ အခုဆိုရင် အသက် ၃ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ သြဂုတ်လ ၉ ရက်နေ့ကတော့ သူမရဲ့ မွေးနေ့လေးဖြစ်ပါတယ်။ အသက် ၁ နှစ်ပြည့်နဲ့ ၂ နှစ်ပြည့်တွေတုန်းကလည်း မေမေ အေသင်က အလှူအတန်းတွေ လုပ်ပေးခဲ့တာ တွေ့ရပါတယ်။ Ivy က လက်ရှိမှာတော့ Pingu's English School တက်ရောက်နေတာ တွေ့ရပါတယ်။ အေသင့်ကို ချစ်တဲ့ ပရိသတ်တွေကလည်း Ivy လေးအပေါ် သည်းသည်းလှုပ် ချစ်နေကြတာကို တွေ့ရပါတယ်။ Ivy လေးဟာ အခုအရွယ်ကတည်းက ပရိသတ် များစွာတို့ရဲ့ အချစ်ကို ပိုင်ဆိုင်ထားနိုင်တဲ့ ကလေးလေး တစ်ယောက်ဖြစ်ပါတယ်။ 

Photo: A Thin Cho Swe

အေသင်ချိုဆွေဟာ သမီးလေး Ivy ကြောင့် ပြောင်းလဲသွားတဲ့အရာတွေ များတယ်လို့ ဆိုပါတယ်။ အရင်တုန်းကလို အပျော်အပါးတွေ သွားနေတာထက် သမီးလေးအနားမှာ နေချင်တဲ့ စိတ်က ပိုများလာနေတယ်လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

“ အေသင်က ပွဲတွေ ဆက်တိုက်ဆိုနေရတော့ သမီးနဲ့ တွေ့တဲ့အချိန်က နည်းတယ်။ ဒါပေမယ့် သူက နားလည်ပေးတယ်။ ကိုယ်ကလည်း သူ့ကြောင့် ပြောင်းလဲသွားတာတွေရှိတယ်။ သူ့စိတ်နဲ့ပဲ အလုပ်ပြီးတာနဲ့ အိမ်ပြန်ချင်တယ်၊ ဘယ်မှ မသွားချင်ဘူး။ သောက်တာ၊ စားတာတွေလည်း မရှိတော့လို့ သူ့ကိုတောင် ကျေးဇူးတင်တယ်။ ကိုယ့်ကို ဘယ်သူမှ မနိုင်တော့လို့ ထိန်းဖို့အတွက် လူတစ်ယောက်ကို ဘုရားက ဖန်ဆင်းပေးလိုက်သလိုပဲ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: A Thin Cho Swe

အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က