တစ်လ တစ်ကြိမ် အလှူအတန်းတွေ လုပ်ဖြစ်တယ်လို့ ဆိုလာပါတယ်။

ထွန်းကိုကို ကတော့ ပရဟိတအလုပ်ကို စိတ်ဝင်စားတဲ့ ပရိသတ်တွေကြောင့် ဝမ်းသာပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။ 

Photo: YanPaing Tun Ko



သရုပ်ဆောင် ထွန်းကိုကို ကတော့ ပရဟိတအလုပ်တွေ ပိုလုပ်နိုင်တာ သူ့ကို အားပေးတဲ့ ပရိသတ်တွေကြောင့်လို့ ဆိုလာပါတယ်။ ခွန်အားလည်း ဖြစ်ရတယ်လို့ Duwun ကနေ ဖြေဆိုခဲ့ပါတယ်။ 

“ ကျွန်တော်ကိုယ်တိုင်ကလည်း ပရဟိတအလှူတွေ လုပ်နေတယ်။ အားပေးကြတဲ့ ပရိသတ်တွေကလည်း ပရဟိတအလုပ်ကို စိတ်ဝင်စားကြတော့ တကယ်ကို ပီတိဖြစ်ရတယ်။ ဒီလို ပရိသတ်ရှိလို့လည်း ကျွန်တော် လုပ်နေတဲ့ ပရဟိတအလုပ်တွေမှာ ခွန်အားတွေတိုးရတယ်၊ ပရဟိတအလုပ်တွေကိုလည်း ဆက်တိုက် လုပ်ဖြစ်လာတယ်။ ကိုယ်တစ်ယောက်တည်းလုပ်နေရင် ဒီလောက်အထိ ဖြစ်လာမှာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။ 

Photo: YanPaing Tun Ko

“ထွန်းကိုကိုနှင့် ထွန်းကိုကို ကိုချစ်ကြသူများ” အဖွဲ့ဟာ တစ်လတစ်ကြိမ် အလှူအတန်းတွေ အမြဲတမ်း လုပ်ဖြစ်တယ်လို့ သိရပါတယ်။ အလှူလုပ်ဖို့ ရည်ရွယ်ပြီး ပိုက်ဆံစုလေ့ရှိတယ်လို့လည်း ထွန်းကိုကိုက ဆက်လက် ပြောပြလာပါတယ်။ 

“ ကျွန်တော်တို့ အဖွဲ့ထဲမှာတော့ ၅၀၀၀ ပဲ တတ်နိုင် တတ်နိုင်၊ ၁၀၀၀ တတ်နိုင် တတ်နိုင် ကိုယ်တတ်နိုင်သလောက်လေးတွေ စုပြီးလှူကြတာပါ။တချို့ကျတော့လည်း (၆) လစာ၊ တစ်နှစ်စာ ထည့်ထားတာတွေရှိတယ်။ ဒီ အလှူငွေတွေကို Admin ကနေ စာရင်းဇယားလေးနဲ့ သေချာ လုပ်ပြီး လှူဖြစ်တယ်။ တချို့ဆို နယ်တွေ သွားလှူရင် လိုက်ချင်ကြတယ်။ သို့သော် ပုံမှန်လိုက်ဖြစ်တဲ့ ပရိသတ်တွေလည်း ရှိသလို မလိုက်ဖြစ်တဲ့ ပရိသတ်တွေလည်းရှိတယ်။ အဝေးကနေပဲ လှူပြီးတော့ လိုက်ခွင့်မရကြတာတွေလည်းရှိတယ်”လို့သူက ဆိုပါတယ်။ 

Photo: Mg Theing

ထွန်းကိုကိုက COVID-19 ကာလအတွင်းမှာလည်း နာရေးကူညီမှု အသင်း(ရန်ကုန်) မှာ ဈာပန သယ်ယူပို့ဆောင်ရေး၊ မီးငြိမ်းသတ်ပေးခြင်း၊ COVID-19 ရောဂါပိုးတွေ့ရှိသူတွေကို ဆေးကုသရေးနေရာသို့ ပို့ဆောင်ပေးခြင်းတို့ အပြင် " ထွန်းကိုကို နှင့် ထွန်းကိုကို ကိုချစ်ကြသူများ" အဖွဲ့နဲ့ အတူ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အသက်ကြီး အဘိုးအဘွားများအတွက် ထောက်ပံ့ငွေများ၊ စားနပ်ရိက္ခာများလှူဒါန်းခြင်း စတဲ့ ကုသိုလ်ရေးတွေ ပြုလုပ်ပေးနေတာကို တွေ့ရပါတယ်။ 

Photo: YanPaing Tun Ko

ထွန်းကိုကို ( Yanpaing Tun Ko)ဟာ မိန်းကလေး ပရိသတ်များစွာ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရသူပါ။ ၂၀၁၃ ခုနှစ်တုန်းက ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia New Star Model Contest ပြိုင်ပွဲမှာWinner ဆု ရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပရိသတ်တွေ စတင် သတိထားမိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ ကနေတဆင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု ပိုမိုရရှိလာတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က