Top-11 အတွက် အားပေးစကားပြောခဲ့ပါသေးတယ်။

ဖြိုးမြတ်အောင်ကတော့ Myanmar Idol(Season-4) သီချင်းဆို ပြိုင်ပွဲဝင်တွေအတွက် အားပေးစကားပြောခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စည်းစည်းလုံးလုံးနေကြဖို့ကိုလည်း စကားလက်ဆောင်ပါးခဲ့ပါသေးတယ်။

Photo: Phyo Myat Aung



ဖြိုးမြတ်အောင်ကတော့ Myanmar Idol သီချင်းဆို ပြိုင်ပွဲတုန်းက အချိန်တွေကို သတိရတယ်လို့ဆိုပါတယ်။ Myanmar Idol (Season-4)မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် အဆိုဝါသနာရှင်တွေကိုလည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် အားပေးစကားပြောခဲ့ပါသေးတယ်။

‘’မနှစ်က ဒီလိုအချိန်ဆိုရင် ကျွန်တော်ရင်ခုန်တယ်၊ ကြောက်တယ်၊ ရှက်လည်းရှက်တယ်။ အဲဒီအချိန်တွေကို သွားပြန်သတိရတယ်။ ပြိုင်ပွဲဝင် ညီအစ်ကို၊ မောင်နှမ ၁၁ ယောက်စလုံး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နေကြပါ။ ပြိုင်ပွဲပြိုင်နေတယ်လို့ သဘောမထားပဲ ကိုယ့်ကို အားပေးတဲ့ မိသားစုတွေ၊ ပရိသတ်တွေကို ဖျော်ဖြေနေတယ်လို့ပဲ စိတ်ထဲမှာ မှတ်ပါ။ ဆရာတွေ၊ ဆရာမတွေရဲ့ ဆိုဆုံးမမှုအောက်မှာ နေထိုင်ကြပါလို့ ပြောချင်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Phyo Myat Aung

Myanmar Idol သီချင်းဆိုပြိုင်ပွဲတိုင်းမှာတော့ Winner အဆိုရှင်ဟာ မိန်းကလေးဖြစ်မယ်လို့ ပရိသတ်တွေက အမြဲတမ်း ထင်ကြေးပေးခဲ့ကြတာတွေရှိပါတယ်။ ဒါပေမယ့် Winner ဆုရှင်တွေကတော့ ယောက်ျားလေးတွေ ဖြစ်သွားတာ များတယ်လို့ ဖြိုးမြတ်အောင်က ပြောပါတယ်။

‘’ မိန်းကလေး Winner ဟော့နေပေမယ့် တကယ့်တကယ်ရသွားတာကျတော့ ယောက်ျားလေးပဲရသွားတာ။ ကောင်းတဲ့သူကတော့ ရမှာပါ။ မိန်းကလေး၊ ယောက်ျားလေးရယ်တော့ မဟုတ်ပါဘူး။ အားပေးတဲ့ ပရိသတ်တွေ၊ အားပေးကြတဲ့ မိသားစုတွေနဲ့ပဲ ဆိုင်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Phyo Myat Aung

Myanmar Idol သီချင်းဆိုပြိုင်ပွဲကလည်း နှစ်စဉ်နှစ်တိုင်း အရမ်းတော်တဲ့ အဆိုတော်တွေကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ ဖြိုးမြတ်အောင်က ပြောပါတယ်။

‘’ တစ်နှစ်ထက် တစ်နှစ် အဆိုရှင်တွေက ပိုပြီးတော်လာကြပါတယ်။ သူတို့တွေအတွက် စကားလက်ဆောင်ကတော့ သီချင်းရွေးမမှားဖို့လိုမယ်။ ဝေဖန်တိုက်ခိုက်တာတွေရှိလာရင်လည်း ၁၁ ယောက်စလုံး စည်းစည်းလုံးလုံးနဲ့ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း ကျော်ဖြတ်သွားကြပါလို့ ကျွန်တော် ပြောချင်ပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၇ ရက်နေ့က Myanmar idol (Season-4) Top-11 မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Phyo Myat Aung

ဖြိုးမြတ်အောင်ကိုတော့ Myanmar Idol Season 3 Winner တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်းတွေကိုအသေးစိတ်မြင်တွေ့လာရတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကိုလည်းဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။ အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က