ချာတိတ် ဇာတ်လမ်းကတော့ ပြီးသွားပါပြီ။

မယ်လိုဒီကတော့ ပရိသတ်တွေ စိတ်ပူပေးနေကြတဲ့ သူမရဲ့ လက်ရှိ အိမ်ထောင်ရေးအခြေအနေကို အမှန်အတိုင်း ပြောပြလာပါတယ်။ 

Photo: Melody



သရုပ်ဆောင် မယ်လိုဒီကတော့ ပရိသတ် စိတ်ဝင်စားနေတဲ့ သူမရဲ့ အိမ်ထောင်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချုပ်နှောင်မှုတွေ မထားတတ်တဲ့ အိမ်ထောင်ရေးဖြစ်တယ်လို့ သူကဆိုပါတယ်။ 

“ မျိုးရဲ့ အလုပ်ကို သူလည်း ဝင်မစွက်ဖက်သလို သူ့ရဲ့ အလုပ်ကိုလည်း မျိုး ဝင်မလုပ်ပေးဘူး။ ဒီလိုပဲ ဖေ့စ်ဘွတ်အကောင့်ကိုလည်း မျိုးအကောင့်ကို သူမသုံးသလို၊ သူ့အကောင့်ကိုလည်း မျိုး မသုံးဘူး။ သူ့စည်းကမ်းနဲ့သူပေါ့။ မျိုးရော သူရော အလုပ်အပေါ်မှာ အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ ဒါကလည်း တစ်ယောက်အပေါ် တစ်ယောက် လေးစားမှုရှိတယ်ဆိုတဲ့ သဘောပေါ့” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က Shayi ဖက်ရှင်ရှိုးကို တက်ရောက်ရင်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Melody

သူမဟာ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ စိတ်ညစ်စရာတွေထက်၊ စိတ်ချမ်းသာစရာလေးတွေကို မျှဝေတတ်သူ ဖြစ်ပါတယ်။ မကြာခဏဆိုသလို သားလေးနဲ့ ဓာတ်ပုံတွေလည်း တင်လေ့ရှိပါတယ်။ မယ်လိုဒီဟာ အရင်ကဆို ခင်ပွန်းဖြစ်သူကို စနောက် နေတဲ့ Status လေးတွေ တင်လေ့ရှိသူပါ။ အခုနောက်ပိုင်းမှာတော့ ဇနီးမောင်နှံနှစ်ယောက် စစနောက်နောက် မရှိတော့တဲ့အပေါ် အိမ်ထောင်ရေး အဆင်မပြေမှုတွေ ကြုံတွေ့နေရသလားဆိုပြီးတော့ သူမကို ချစ်တဲ့ ပရိသတ်တွေက စိုးရိမ်ခဲ့ကြပါတယ်။ 

Photo: Melody

မကြာသေးခင်က သူမရဲ့ Facebook Status တိုင်းမှာ ထည့်ရေးတတ်တဲ့ ချာတိတ်ဆိုတဲ့ ကောင်လေး ကတော့ ကျော်ထက်အောင်ဖြစ်တယ်လို့ မယ်လိုဒီက ပြောပါတယ်။ ချာတိတ်ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေတဲ့အချိန် ရေးခဲ့တာလို့ သိရပါတယ်။ 

“ ချာတိတ်ဇာတ်လမ်းကလည်း ပြီးသွားပြီဆိုတော့ ချာတိတ်အကြောင်းက ရေးလို့မရတော့ဘူး။ နတ် ဇာတ်ကားရိုက်တုန်းကလည်း ခင်ပန်းစီ ဆိုတော့ ပန်းပုံလေးတွေပဲ တင်ဖြစ်တယ်။ တကယ်တော့ ကိုယ်က အသက်လည်းကြီးသွားပြီ၊ ကလေးအမေလည်းဖြစ်သွားပြီဆိုတော့ လူတွေက သိပ်စိတ်မဝင်စားကြတော့ဘူး။ အဲဒီတော့ ကိုယ့်ကို စိတ်ဝင်စားစေချင်တာပါ။ ပရိသတ်ကိုလည်း စိတ်ချမ်းသာ စရာလေးတွေပဲ ပေးချင်တဲ့ ဆန္ဒပါ” လို့ ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

Photo: Melody

မယ်လိုဒီဟာ မိသားစုကို အချိန်ပေးနေရတာ ဖြစ်တဲ့အတွက် အနုပညာအလုပ်တွေကို သိပ်လုပ်ဖြစ်တာ မတွေ့ရတော့ပါဘူး။ ဇာတ်ကားရိုက်ကူးရေးတွေ နားထားပေမယ့် ပွဲလမ်းသဘင်တွေကိုတော့ အဆက်မပြတ် တက်ရောက်နေရသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ကို ချစ်တဲ့ ပရိသတ်တွေရဲ့ အချစ်ကတော့ လျှော့သွားတာမျိုး မရှိပါဘူး ။ သူမဟာ ခင်ပွန်းဖြစ်သူ ကိုသာကောင်းနဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အတွင်းမှာပဲ သားလေး သိဒ္ဓိစစ်ကို မွေးဖွားခဲ့တာပါ။ အခုဆိုရင်တော့ သူတို့ရဲ့ တစ်ဦးတည်းသောသားလေး သဒ္ဓိစစ်က အခုဆိုရင် ၄ နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးကိုတော့ ငယ်ငယ်လေးကတည်းက ပရိသတ်တွေက အချစ်ပိုခဲ့ကြတာပါ။ သိဒ္ဓိစစ်ဟာ ငယ်ငယ်လေးကတည်းက ကလေးအသုံးအဆောင်ပစ္စည်းတွေရဲ့ ကြော်ငြာ မင်းသားပေါက်စလေး ဖြစ်ခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က