သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေ အကြောင်းပြောပြလာပါတယ်။

ဇွဲနိုင်ဝင်းကတော့ သရုပ်ဆောင် အလုပ်ထက် ဂီတအလုပ်တွေ ပိုလုပ်ကိုင်ဖြစ်နေတဲ့ အကြောင်း ပြောပြလာပါတယ်။ 

Photo: Zwe Naing Win



သရုပ်ဆောင် ဇွဲနိုင်ဝင်းဟာ လက်ရှိမှာ သီချင်းအသစ်လေးတွေလုပ်နေတာကို တွေ့ရပါတယ်။ သူ့အနေနဲ့ ဇာတ်ကားရိုက်ကူးရေးတွေ နားထားတဲ့ အချိန်မှာ ဂီတအလုပ်တွေကို ဦးစားပေးလုပ်ကိုင်လာတဲ့ အပေါ် Duwun ကနေတဆင့် ပြောပြလာပါတယ်။ 

" ကျွန်တော်က သရုပ်ဆောင် ဘက်ကိုရော၊ ဂီတဘက်ကိုရော အရင်တုန်းကတည်းက မျှမျှတတလုပ်ခဲ့ပါတယ်။ လုပ်ခွင့်ရတဲ့ နေရာကနေ လုပ်ခွင့်ရသလောက်လေးတွေ ကျွန်တော် လုပ်တယ်။ အဓိက ကတော့ ပရိသတ်မျက်စိအရှေ့က မပျောက်သွားအောင် ကျွန်တော်ရတဲ့ နေရာလေးကနေ အကောင်းဆုံး ကြိုးစားနေပါတယ်" လို့ သူကဆိုပါတယ်။ 

Photo: Zwe Naing Win

ဇွဲနိုင်ဝင်းကတော့ ဇာတ်ကားရိုက်ကူးရေး နည်းလာတယ်လို့ သိရပါတယ်။ သရုပ်ဆောင်ဘက်မှာ အခွင့်အရေးနည်းပေမယ့်လည်း သီချင်းတွေတော့ ဆိုဖြစ်နေသေးတယ်လို့ သြဂုတ်လ ၂၇ ရက်နေ့က Music Video ရိုက်ကွင်းပေါ်မှာ ဖြေဆိုခဲ့တာပါ။ 

" သရုပ်ဆောင်အလုပ်ကတော့ ခေါ်တဲ့ သူရှိရင်တော့ ကျွန်တော် ဇာတ်ကားရိုက်ရမှာပေါ့ဗျာ။ အခု သီချင်းတွေ ဆိုနေတာကလည်း လာလုပ်ခိုင်းတဲ့ အစ်ကိုတွေက သီချင်းတွေ ဆိုဖို့ တိုက်တွန်းတယ်။ ပြီးတော့ ကျွန်တော့် စိတ်တိုင်းကျ လုပ်ခွင့်ပေးထားတယ်။ အခုဆိုရင်လည်း ကျွန်တော့်ရဲ့ Music Video အသစ်အတွက် မေကဗျာနဲ့ ရိုက်ကူးရေးလုပ်ထားတယ်" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Zwe Naing Win

အနုပညာအလုပ်တွေနဲ့ အနည်းငယ်အလှမ်းဝေးနေတဲ့ သရုပ်ဆောင်ဇွဲနိုင်ဝင်းတစ်ယောက်ဟာ ဆရာလည်းဖြစ်၊ အစ်ကိုအရင်း တစ်ယောက်လိုချစ်ရတဲ့ ကိုသားကြီး(ခ) ဒွေး မရှိတော့တဲ့နောက် အနုပညာအလုပ်တွေပြန်လုပ်ဖို့ ပြန်ကြိုးစားရုန်းကန်နေရတယ်လို့ Duwun Media ကနေပြောပြခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က