တစ်ခါတလေမှာတော့ ဝေဖန်တာတွေကို မခံစားနိုင်တာတွေရှိတယ်။

ချမ်းမြေ့မောင်ချိုဟာ ချစ်တဲ့သူတွေရဲ့ ဝေဖန်မှုကြောင့်ရော၊ မချစ်တဲ့သူတွေရဲ့ ဝေဖန်မှုကြောင့်ပါ တစ်ခါတလေ စိတ်ဖိစီးတာတွေရှိခဲ့တယ်လို့ ပြောပါတယ်။ ပရိသတ်မေတ္တာနဲ့ဝယ်ပေးထားတဲ့ ကားလေးကိုလည်း တန်ဖိုးထားစီးတယ်လို့ ဆိုပါတယ်။

Photo: Chan Myae Mg Cho



ချမ်းမြေ့မောင်ချိုကတော့ ပရိသတ်တွေ ပေးထားတဲ့ ကားကို တန်ဖိုးထားပြီး စီးတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေရဲ့ အချစ်ကသူမအတွက်တော့ အရမ်းကို ထူးခြားပါတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ပရိသတ် မေတ္တာက တကယ်ကိုကြီးမားတယ်။ သူတို့ပေးထားတဲ့ ကားလေးကိုလည်း နေ့တိုင်းစီးတယ်။ ဒီလို ပရိသတ်တွေရှိတာ ကိုယ့်အတွက် တွန်းအားတစ်ခုလို ဖြစ်စေတယ်။ ပျော်လည်းပျော်တယ်။ သူတို့တွေရှိလို့လည်း ကိုယ်က ဒီလမ်းကို လျှောက်နိုင်တာဆိုတော့လေ’’လို့ သူကဆိုပါတယ်။

Photo: Chan Myae Mg Cho

ချမ်းမြေ့မောင်ချိုကိုတော့ ကောင်းတဲ့ဝေဖန်ခြင်းမျိုးပြောတဲ့ ပရိသတ် ရှိသလို ၊ မကောင်းတာ ဝေဖန်ပြောတဲ့ ပရိသတ်တွေလည်းရှိတယ်လို့ ဆိုပါတယ်။ ဒီလို အကြောင်းအရာတွေ ကြောင့်လည်း တစ်ခါတလေမှာ စိတ်ပင်ပန်းရတယ်လို့ ရင်ဖွင့်စကားဆိုထားပါတယ်။

‘’ သူတို့ချစ်တဲ့အပေါ်မှာလည်း ကိုယ်က ကြိုးစားရတယ်ပေါ့နော်။ သူတို့ ကိုယ့်ကို တကယ်ချစ်လို့ပြောတာ ဆိုပြီးတော့ စိတ်ထဲမှာ ထားရတယ်။ သူတို့က ကိုယ့်ကို သူများအပြောမခံရအောင် ကိုယ့်ကို အရင်ပြောထားတာပေါ့နော်။ တစ်ခါတလေမှာတော့ ကိုယ့်ကို ချစ်တဲ့သူလည်းပြော မုန်းတဲ့သူတွေလည်းပြောတော့ စိတ်ဖိစီးတဲ့အချိန်တွေ ရှိခဲ့ဖူးတယ်။ ပရိသတ်တွေရဲ့အချစ်ကတော့ နည်းနည်းတော့ ခက်ခဲပါတယ်’’ လို့ ဆိုပါတယ်။

Photo: Chan Myae Mg Cho

Myanmar idol (Season 3) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုရရှိလာတဲ့ ချမ်းမြေ့မောင်ချိုကတော့ သူမရဲ့ ရင်ထဲက စကားသံတွေကို ရင်ဖွင့်ပြောပြလာပါတယ်။ အောင်မြင်လာတာနဲ့ အမျှ စွန့်လွှတ်ရတာတွေလည်းရှိလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်တောင်ဖြစ်မိတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

‘’အောင်မြင်တာက အောင်မြင်တာ တစ်ခု၊ ကိုယ်လူသိများတာလည်း များတာ တစ်ခုပေါ့။ အဲဒီအထဲမှာ အရင်တုန်းက ကိုယ်နေခဲ့တဲ့ ပုံစံတွေ၊ လွတ်လပ်ခွင့်တွေ၊ ကိုယ့်ရဲ့နေပုံထိုင်ပုံ၊ သွားပုံလာပုံတွေကအစ အရမ်းကို ပြောင်းလဲရတာဆိုတော့ အဲဒီအရာတွေကို မခံစားနိုင်ဘူး။ သတ်သေချင်စိတ်တွေ ခဏခဏဖြစ်တယ်။’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၄ ရက်နေ့က Shwe FM ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Chan Myae Mg Cho

သူမဟာ ဂီတကို ရူးသွပ်လွန်းသူတစ်ယောက်ဖြစ်တာကြောင့် Myanmar Idol သီချင်းဆိုပြိုင်ပွဲကို ဝင်ပြိုင်ခဲ့သူဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုကိုတော့ Myanmar Idol (Season 3) ရဲ့ သီချင်းဆို ပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ ဝါရင့်အဆိုတော် အိအိ ရဲ့ သမီးငယ်လေးဖြစ်သလို၊ သရုပ်ဆောင် သူရမောင်ချိုရဲ့ ညီမငယ်လေးလည်းဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုဟာ သီချင်းဆို ပြိုင်ပွဲပြီးသွားတဲ့နောက်မှာလည်း ဖျော်ဖြေပွဲတွေ သီဆိုနေရတာဖြစ်သလို ‘’အိပ်မက်’’ ဆိုတဲ့ Single Song လေးလည်း ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က