ကလေးတစ်ယောက်လို ချစ်ကြတာများတယ်။

ယဉ်လက်ကတော့ တစ်နေ့ထက် တစ်နေ့ ပရိသတ်ရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားလာနိုင်တဲ့ မင်းသမီးချောလေးတစ်ယောက်ပါ။ သူမကိုယ်တိုင်ကလည်း အရင်ကထက်ပိုပြီး လှလာ၊ ချစ်ဖို့ကောင်းလာတဲ့ လျှို့ဝှက်ချက်ကို ပြောပြခဲ့ပါသေးတယ်။

Photo: Yin Let



ယဉ်လက်ကတော့ အခုဆိုရင် ပရိသတ်အခိုင်အမာ ရရှိလာပြီဖြစ်တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေက အနုပညာရှင်တစ်ယောက်ကို အားပေးတာထက် ကလေးတစ်ယောက်လို ချစ်ကြတာများတယ်လို့ မီဒီယာအင်တာဗျူးတွေကနေ ဖြေဆိုခဲ့ပါတယ်။

‘’ သမီးကို ချစ်ကြတဲ့သူတွေက အရွယ်စုံတယ်၊ ယောကျ်ားလေးများတာလည်းမဟုတ်၊ မိန်းကလေးများတာလည်းမဟုတ်ပေါ့နော်။ အသက်အရွယ်စုံတာပေါ့။ ကလေးလေးတွေကအစ လူကြီးအဆုံး ပေါ့နော်။ သမီးကိုလည်း မင်းသမီးတစ်ယောက်လိုဆိုတာထက် ကလေးတစ်ယောက်လို ချစ်ကြတာ။ သူတို့ရဲ့ အမျိုးပုံစံ၊ သူတို့ရဲ့ ကလေးတစ်ယောက်၊ ညီမတစ်ယောက်၊ သမီးတစ်ယောက်လို ပုံစံနဲ့ ချစ်ကြတာဆိုတော့ ပျော်ပါတယ်’’ လိ့ု ဆိုပါတယ်။

Photo: Yin Let

သူမကိုတော့ ပရိသတ်တွေ စစတွေ့ခဲ့တုန်းက ယဉ်လက်မဟုတ်ပဲ အခုချိန်မှာ ချစ်စရာကောင်းတဲ့ မိန်းကလေးဆန်ဆန် ယဉ်လက် တစ်ယောက်ဖြစ်လို့နေပါပြီ။ ဒါကလည်း သူမရဲ့ စိတ်ကြောင့် ပြောင်းလဲလာခဲ့တာပါတဲ့။

‘’ လူတိုင်းက ရုပ်ဆိုးတယ်ဆိုတာ မရှိဘူး။ မလှဘူးဆိုတာလည်း မရှိဘူး။ လူတိုင်းမှာ သူ့အလှတရားနဲ့သူ ၊ သူ့တန်ဖိုးနဲ့သူ ရှိတယ်။ တစ်ယောက်ချင်းစီမှာ ကိုယ်စီ၊ ကိုယ်စီ အလှတရားဆိုတာရှိတယ်။ ဘယ်အလှတရားကို ကြိုက်တယ်ဆိုပြီးတော့ တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်တာမျိုးမလုပ်ဘူး။ လူတစ်ယောက်ရဲ့ အလှက စိတ်အပေါ်မှာလည်း မူတည်တော့ အဝတ်အစားဝတ်တဲ့အခါမှာလည်း ပုံစံပြောင်းပါတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၅ ရက်နေ့ညက ‘’နိုင်ငံကြီးသား’’ရုပ်ရှင်အထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Yin Let

ယဉ်လက်ဟာ အသက်က အခုဆိုရင် အသက် ၂၀ စွန်းစွန်းအရွယ်သာရှိပါသေးတယ်။ အသက်ငယ်သေးတာကြောင့်လည်း ကလေးတစ်ယောက်လို နေရတာ ပျော်ရွှင်နေတယ်လို့ သူကဆိုပါတယ်။

‘’ လူကြီး ပုံစံဆိုတာ ဘယ်လို ပြောရမလဲ အသက်ကြီးလာတာကို ပြောတာလား ..။ အသက်ကြီးလာရင်တော့ လူကြီးတစ်ယောက်လိုဖြစ်လာမှာပေါ့နော်။ အခုကတော့ အသက်ငယ်သေးတယ်။ ဘယ်တော့ဖြစ်ဖြစ် အသက် ငယ်နေတာပဲကောင်းပါတယ်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါသေးတယ်။

Photo: Yin Let

သရုပ်ဆောင် ယဉ်လက်ကိုတော့ သရာစောထိ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း အရမ်းကို ၂ နှစ်ဝန်းကျင်သာ ရှိပါသေးတယ်။ ဒါပေမယ့် သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ တစ်နေ့ထက် တစ်နေ့ ပိုများလာတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း အများကြီးပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က