ရွှေကြိုမောင်မယ်လေးတွေပါ။

သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သားဘုန်းမင်းနေလနဲ့ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီး သဇင်ထူးမြင့်တို့ စုံတွဲလေးက ရွှေကြိုမောင်မယ်တွေထဲမှာ ချစ်စရာကောင်းပြီး လိုက်ဖက်ညီတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။

Photo : သဇင်ထူးမြင့်

ရွှေကြိုမောင်မယ်စုံတွဲတွေထဲမှာ လိုက်ဖက်ညီပြီး ချစ်ဖို့ကောင်းတဲ့ စုံတွဲလေးတစ်တွဲ ရှိပါတယ်။ အဲဒီစုံတွဲလေးက သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သား ဘုန်းမင်းနေလနဲ့ သရုပ်ဆောင်ခင်လှိုင်ရဲ့ သမီးလေး သဇင်ထူးမြင့်တို့ စုံတွဲ ဖြစ်ပါတယ် ။ ရွှေကြိုမောင်မယ်တွေထဲမှာ သူတို့နှစ်ယောက်ဟာ လေ့ကျင့်နေရင်းနဲ့ မညီသေးတာကြောင့် ထပ်ခါထပ်ခါ ပြန်လေ့ကျင့်နေရတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။

အခုချိန်ထိ အတိုင်အဖောက်မညီသေးတာနဲ့ ပတ်သက်လို့ သူတို့ကို မေးကြည့်တဲ့အခါ သဇင်ထူးမြင့်က ယခုလိုပြောပြခဲ့ပါတယ်။

“အခုလက်ရှိတော့ နည်းနည်းမညီသလိုဖြစ်နေတယ်။ ညီမတို့က အရမ်းမြန်တယ်ဆိုတော့ အရှိန်လျော့ခိုင်းလို့ အရှိန်လျော့လိုက်တဲ့အခါသူက အရမ်းလျှော့ချလိုက်တော့ နှေးသွားတယ်။အဲ့ဒါနဲ့ အခုထိ တိုင်ပင်မညီသေးဘူး။”လို့ သူက ဆိုပါတယ်။

လေ့ကျင့်နေတဲ့အချိန်အတွင်းမှာလည်း ညီအောင်ညှိပေမယ့် မညီသေးတာနဲ့ ပတ်သက်လို့ ဘုန်းမင်းနေလကလည်း “ညီအောင်တော့ ညှိနေတာပဲ။ ညှိရင်းနဲ့ကို ဖြစ်နေတာ။ ပြီးတော့ ကျွန်တော်က ပုဆိုးမဝတ်တတ်တော့ အာရုံက ပုဆိုးကို ရောက်နေတာနဲ့ အချိတ်အဆက်မမိဘူးဖြစ်ဖြစ်နေတာပါ” ဆိုပြီး ရှက်ကိုးရှက်ကန်းနဲ့ Duwun Media သို့ ဖြေဆိုပေးခဲ့ပါတယ်။

လက်ရှိမှာတော့ သူနှစ်ယောက်သား ညီအောင် သေချာတိုင်ပင်ပြီးလေ့ကျင့်နေပါတယ်တဲ့။သူတို့စုံတွဲလေးက သူတို့ကို အားပေးနေတဲ့ ပရိသတ်တွေ စိတ်မညစ်ရအောင် အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့နှစ်ယောက်ကိုဆို ပရိသတ်တွေက အကောင်းအရမ်းပြောတယ်။ အရမ်းချစ်ကြတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်က ပရိသတ်မျက်နှာကို အိုးမဲမသုတ်ချင်ဘူး။ အကောင်းဆုံးလုပ်ချင်တယ်။ ဒါပေမယ့် အခုလောလောဆယ်တော့ ကြိုးစားနေတုန်း ၊ တစ်လွဲဖြစ်နေတုန်းပေ့ါ။ ပရိသတ်တွေ ကျွန်တော်တို့ နှစ်ယောက်ကြောင့် မျက်နှာမပျက်ရပါဘူး” ဆိုပြီး Duwun Media သို့ ဆက်လက်ပြောပြခဲ့ပါတယ်။

အားလုံး စောင့်မျှော်နေကြတဲ့ အကယ်ဒမီပေးပွဲကြီးကို မတ်လ(၂၃) ရက်နေ့တွင် The One Entertainment Park တွင် ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။



က္က