အဲဒီကောင်မလေးတွေကို ဝေဖန်ကြမှာ စိုးရိမ်လို့ပါ။

ပိုင်တံခွန်က သူ့ကို ချစ်ခင်အားပေးလို့ နမ်းကြတဲ့ ပရိသတ်တွေနဲ့ ဓာတ်ပုံကို တင်တော့မှာ မဟုတ်ပါဘူးတဲ့။ သူ့ကို နမ်းတဲ့ မိန်းကလေးပရိသတ်တွေ ဝေဖန်ခံရမှာကို မလိုလားဘူးလို့ ပြောပါတယ်။ သူကိုယ်တိုင်ကလည်း ပရိသတ်တွေကို အသက်ကြီးကြီး ငယ်ငယ် ကလေးလိုပဲ ချစ်ပါတယ်လို့ဆိုပါတယ်။

Photo: Paing Takon



ပိုင်တံခွန်က သူ့ကို ချစ်တဲ့ ပရိသတ်တွေအားလုံးကို သူ့ရဲ့ ကလေးတစ်ယောက်လိုချစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ ပရိသတ်တွေက သူ့ကို ချစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ဒါကိုကျတော့ တံခွန့်အနေနဲ့ သွားပြီးတော့ ငြင်းလို့မရဘူးလေ။ မနမ်းနဲ့လို့လည်း ပြောလို့မရပါဘူး။ အဓိက က ကိုယ့်ကို ချစ်နေကြတာနဲ့တင် စိတ်ချမ်းသာနေပါပြီ။ ကျွန်တော်က ကျွန်တော့်ပရိသတ်အားလုံး အသက်ကြီးကြီး၊ ငယ်ငယ် ကျွန်တော့်ထက် ငယ်တဲ့ ကလေးလိုပဲ မြင်တယ်။ အကုန်လုံးကို ကျွန်တော်ချစ်တယ်’’ ဆိုပြီးတော့ ဇွန်လ ၁၃ ရက်နေ့က Oppo ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Paing Takon

ဒါပေမယ့် ပိုင်တံခွန်ကို ချစ်လို့ နမ်းကြတဲ့ ပရိသတ်တွေက အများကြီးရှိတယ်လို့ ဆိုပါတယ်။ ဒါကလည်း မောင်နှမ သွေးသားရင်းလို သဘောထားပြီး နမ်းတာပဲရှိတယ်လို့ သူကပြောပါတယ်။

‘’ ကျွန်တော်က အခုနောက်ပိုင်း နယ်ပွဲတွေ လက်ခံတာ များတယ်။ ရန်ကုန်က ပရိသတ်တွေကျတော့ အမြဲတမ်း တံခွန်နဲ့ ထိတွေ့နေတာ။ အမြဲတမ်း ဘယ်ပွဲမဆိုတွေ့နေတာပေါ့နော်။ နယ်က ကျတော့ ပရိသတ်တွေဆီ ကျွန်တော်က တစ်ခါတလေမှ သွားတဲ့အခါကျတော့ သူတို့ကလည်း ကိုယ့်ကို တကယ်ချစ်တဲ့ ပရိသတ်တွေဆိုရင် သူတို့ရဲ့ အစ်ကိုလို၊ မောင်လေးလို တွေ့ရင် ပါးကိုနမ်းကြတယ်။ ဒီလောက်ပေါ့’’ လို့ ဆိုပါတယ်။

Photo: Paing Takon

ပိုင်တံခွန်က သူ့ကို နမ်းတဲ့ ပရိသတ်တွေနဲ့ ဓာတ်ပုံတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လေ့ရှိပါတယ်။ ဒါပေမယ့် များသောအားဖြင့် မိန်းကလေးတွေက နမ်းတဲ့ ဓာတ်ပုံတွေကို ဝေဖန်တိုက်ခိုက်ကြသူတွေ များတဲ့အတွက် ဓာတ်ပုံတွေ ထပ်တင်မှာ မဟုတ်တော့ဘူးလို့လည်း ပြောပါတယ်။

‘’ အရင်တုန်းကဆိုရင် ကိုယ့်ကိုယ် ချစ်လို့ နမ်းနေတဲ့ပုံတွေဆိုရင် ဓာတ်ပုံဆရာက ကျွန်တော့်ကို ပို့ပေးတော့ ကျွန်တော်တင်တယ်။ ဟိုတစ်ခေါက်တုန်းက ကျွန်တော်တင်လိုက်တယ် ဒါပေမယ့် အဲဒီကောင်မလေးက အပြောခံရတာတွေဘာတွေရှိတော့ စိုးရိမ်တယ်။ နောက်ပိုင်းကျတော့ ဓာတ်ပုံဆရာတွေတင်ရင်တောင်မှ မတင်ကြဖို့ ကျွန်တော်လိုက်ပြောဖြစ်တယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Paing Takon

ပိုင်တံခွန်ဟာ မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က