တကယ်တော့ သူက ကြောက်နေခဲ့မိတာပါ။

ချာလီက သူ့ရဲ့ အပြုံးတွေကို ပရိသတ်တွေက အားပေးတာများတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ကို အများကြီး ဝန်းရံပေးဦးမယ့် Fan လေးတွေလည်း ထပ်လိုချင်သေးတယ်လို့ ပြောပါတယ်။


Photo: Kyaw Ye Myint Nyein

မော်ဒယ်လောကမှာ မိန်းကလေးပရိသတ်အများဆုံး ဝန်းရံ ခံထားရသူတွေထဲမှာ ချာလီလည်း တစ်ဦး အပါအဝင်ဖြစ်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေက သူ့ရဲ့ အပြုံးလေးကို ပိုကြိုက်ကြတယ် ဆိုတာကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။


‘’အပြုံးထင်တယ်။ သူတို့က ပြုံးရင် ကြိုက်ကြတယ်၊ တစ်ခါတလေကျရင် အစ်ကို မပြုံးပါနဲ့၊ အစ်ကို ပြုံးနေပါ။ သူတို့တွေက အမြဲတမ်း ကျွန်တော့်ကို အပြုံးနဲ့ပဲ ပြောကြတာများပါတယ်။ အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်က အမြဲ ပြုံးဖို့အတွက်ကို ကြောက်တာ။ အရင်တုန်းက ပြုံးလိုက်ရင် ကိုယ့်ကိုယ်ကို ရုပ်ဆိုးတယ်လို့ထင်တာ။ မော်ဒယ်စလုပ်တော့ ပြုံးနေတဲ့ပုံ ၁ ပုံ ၂ ပုံတင်လိုက်တော့ ပရိသတ်က အရမ်းကြိုက်သွားတယ်။ အဲဒီတော့မှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာတယ်’’ ဆိုပြီးတော့ Posh ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Kyaw Ye Myint Nyein

ပြုံးရမှာ ကြောက်တဲ့ သူ့ရဲ့ ခံစားချက်တွေက ပရိသတ်ရဲ့ အားပေးမှုကြောင့် ပျော်ရွှင်လာခဲ့ရပြီလို့ ချာလီက ဆိုပါတယ်။ သူ့ကိုလည်း ဒီ့ထက်ပိုပြီးချစ်ခင်အားပေးမယ့် ပရိသတ်တွေ ပိုင်ဆိုင်ချင်သေးတယ်လို့ ပြောပါတယ်။

‘’ ပျော်တယ်။ ထပ်ပြီးတော့လည်း အများကြီး ဝန်းရံအားပေးကြပါဦး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က လောဘရှိတယ်လေ။ Fan လောဘ ပါ။ Fan တွေ အများကြီး တိုးချင်ပါတယ်။ ကျွန်တော်က ကြီး၊ လတ်၊ ငယ် မရွေး အကုန်လုံးကြိုက်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ဖို့ အများကြီး ကြိုးစားရဦးမှာပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း ကြိုးစားနေပါတယ်ခင်ဗျ’’ လို့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။




Photo: Kyaw Ye Myint Nyein

ဲဒီနောက် ချာလီက သူ့တစ်ယောက်တည်းကိုပဲ အားပေးချစ်ခင်တဲ့ ပရိသတ်တွေက အယောက် ၂၀ ခန့်လောက်သာ ရှိတယ်လို့ ဆိုပါတယ်။ ဒီ ပရိသတ်တွေကြောင့်ပဲ အနုပညာလောကထဲမှာ အခုလို ရပ်တည်နေတာပါတဲ့။

‘’ ကျွန်တော့် Fan တွေက ဒီနေ့ ဒီအချိန်အထိ တခြား ဘယ်လောက်ပဲ တက်လာတက်လာ၊ ကျွန်တော်မှ ကျွန်တော် ဖြစ်တဲ့ Fan တွေကို တကယ့်ကို လေးစားပါတယ်။ ကျွန်တော့်အနေနဲ့လည်း အရမ်းချစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အသစ်အသစ် အနုပညာရှင်တွေဆိုတာ အမြဲတမ်းပေါ်ထွက်လာပေမယ့် ကျွန်တော့်မှ ကျွန်တော်ပဲ ချစ်တဲ့ အမာခံ ပရိသတ်ကတော့ အယောက် ၂၀ လောက်ပဲ ရှိပါတယ်။ ဘယ်သူပဲ တက်လာလာ သူတို့ မျက်လုံးထဲ မတိုးဘူးဆိုပြီး ကျွန်တော့်ကို အားပေးလာကြလို့လည်း အခုလိုရပ်တည်နေနိုင်တာပါ” လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Nyi Nyi

ချာလီရဲ့ နာမည်အရင်းကတော့ ကျော်ရဲမြင့်ငြိမ်းဖြစ်ပါတယ်။ သူ့ကိုတော့ ပရိသတ်တွေက မော်ဒယ်တစ်ယောက်အဖြစ်နဲ့ ပိုသိတာဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း မကြာခဏဆိုသလို ရိုက်ကူးနေရတဲ့သူတစ်ယောက်ပါ။ အရပ်မြင့်မြင့်၊ ရုပ်ဖြောင့်ဖြောင့်နဲ့ စမတ်ကျတဲ့ မော်ဒယ်တစ်ယောက်ဖြစ်လို့ မိန်းကလေးပရိသတ်များစွာတို့ရဲ့ အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။



က္က