We Love လေးတွေရဲ့ အချစ်ကို ပြောပြလာပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်တွေ သူ့ကို ဘယ်လောက်အထိ ချစ်တယ်ဆိုတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ သူကိုယ်တိုင်ထက် သူ့အကြောင်းတွေကို ပိုသိနေကြပါတယ်တဲ့။

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်က သူချစ်ရတဲ့ ပရိသတ်တွေရဲ့ အကြောင်းကို ရွှန်းရွှန်းဝေအောင်ပြောပြလာပါတယ်။ သူ့ကို ဘယ်လောက်အထိ ချစ်ကြသလဲဆိုရင် သူ မသိလိုက်တဲ့ အရာတွေကိုတောင် သိနေကြတဲ့ ပရိသတ်တွေပါလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကျွန်တော့် ပရိသတ်တွေက တချို့ဆိုရင် ကျွန်တော့်အကြောင်းကို ကျွန်တော့်ထက် ပိုသိကြတဲ့သူတွေရှိပါတယ်။ ကျွန်တော် ဘယ်နှစ်အပိုင်းအခြားတွေတုန်းက ဘာတွေ ကြိုက်နေခဲ့တယ်။ ဘယ်နှစ်တုန်းက ဘယ်လို ဆံပင်ပုံစံတွေ ထားခဲ့တယ် ဆိုတာ ကျွန်တော့်ထက် ပိုပြီး မှတ်မိနေတဲ့ ပရိသတ်တွေရှိပါတယ်’’ လို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က Gatsby မိတ်ဆက်ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်ဟာ အသက် ၄၀ နီးပါးဝန်းကျင် ဖြစ်လို့နေပါပြီ။ ဒါပေမယ့်လည်း လူငယ်တစ်ယောက်ထက် ပိုပြီး နုပျိုလန်းဆန်းနေရတဲ့ အကြောင်းအရင်းတွေ ပြောပြလာပါတယ်။

‘’ အစစအရာရာ အကုန်လုံး အချိုးအစားမျှတ တာဖြစ်ပါလိမ့်မယ်။ နိုပျိုမှုအကြောင်းပြောမယ်ဆိုရင်တော့ ကျန်းမာရေးကောင်းဖို့၊ စိတ်ချမ်းသာနေဖိုု့ ၊ အသားအရေကောင်းဖို့ တို့ရောပေါ့။ အဲဒီမှာ ဆံပင်ကလည်း တစ်ခု အပါအဝင် ဖြစ်ပါလိမ့်မယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်ဟာ အနုပညာနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ဘက်မှာရော ဂီတဘက်မှာပါ အတွေ့အကြုံတွေ အများကြီးရှိသူ တစ်ဦးဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့ Show ပွဲကြီးကိုလည်း ဆက်လက်ကျင်းပသွားဖို့ ရှိတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ဒီနှစ် Birthday Show ကို လုပ်ဖြစ်အောင် လုပ်ပါမယ်။ ဒီနှစ်က ၁၅နှစ်ပြည့်ဖြစ်ပါတယ်။ 15Years Anniversary လုပ်မှာဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့ကကျွန်တော့်အတွက်အင်မတန်အရေးကြီးတဲ့ မွေးနေ့ဖြစ်ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေအကုန်လုံးကိုလည်းဖိတ်မယ်။ တစ်စုတစ်စည်းတည်း ရှိနေစေချင်တယ်’’ လို့ ဇန်နဝါရီလ ၃၁ရက်နေ့ ည ၈ နာရီ ၄၆မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ Live လွှင့်ရင်းပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo: Sai Sai

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။



က္က