Facebook Live လွှင့်ဖြစ်တဲ့အကြောင်းတွေပြောလာပါတယ်။

ခိုင်သင်းကြည်က သူမရဲ့ ပရိသတ်တွေနဲ့ Facebook မှာ Live လွှင့်တာက ပရိသတ်တွေနဲ့ တိုက်ရိုက် စကားပြောလို့ပါလို့ ဆိုပါတယ်။ သူမဟာ မကြာသေးခင်ကမှမေမြို့မှာ ပြုံးချိုရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Photo: Amazing Grace



ပရိသတ်တွေရဲ့ အချစ်တော် ခိုင်သင်းကြည်က ရိုက်ကွင်းပေါ်ရောက်တိုင်း Facebook မှာ Live လွှင့်ဖြစ်တဲ့အကြောင်းပြောပြလာပါတယ်။ ဒါကလည်း ပရိသတ်တွေနဲ့ သူမနဲ့ စကားပြောလို့အဆင်ပြေတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ ဘာရယ်မဟုတ်ဘူး ပျင်းလု့ိ လွှင့်လိုက်တာ ပရိသတ်တွေနဲ့ကလည်း Live လွှင့်မှ ပြောဖြစ်တာ။ ရန်ကုန်မှာကျတော့ အလုပ်တွေ မအားကြဘူး။ ကားရိုက်တွေ ရှိလည်း မအားဘူး။ မရှိလည်း မအားဘူး။ ရန်ကုန်မှာကျတော့ သာရေး၊ နာရေး၊ မိသားစုအရေး၊ စီးပွားရေး အစုံပဲဆိုတော့ မအားဘူး။ နယ်မှာကျတော့ ကားရိုက်ပြီး ပြန်လာပြီဆိုရင် ဘာအလုပ်မှမရှိတော့ဘူး။ကိုယ့်အခန်း မပါသေးဘူးဆိုရင်လည်း အားနေကြတော့ လွှင့်ဖြစ်တာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: Khne Thin Kyi

အဲဒီနောက် ခိုင်သင်းကြည်က သူတစ်ယောက်တည်း လွှင့်တာထက် သူမနဲ့အတူ ဇာတ်ကားရိုက်နေတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။ ဒါကလည်း ပရိသတ်တွေ အားလုံးကို ပျော်စေချင်တဲ့ ဆန္ဒပါလို့ ဆိုပါတယ်။

‘’ကိုယ်နဲ့ ခင်တဲ့သူတွေနဲ့ဆိုရင် လွှင့်ဖြစ်တယ်။ ကိုယ့်ပရိသတ်၊ သူ့ပရိသတ်ပေါ့နော်။ ပရိသတ် ၂ မျိုးဆိုတော့ သူတို့ ပိုပျော်ကြတာပေါ့။ ပရိသတ်တွေနဲ့လည်း အပြန်အလှန်ပြောရတာဆိုလို့ ဒါလေးပဲရှိတာ’’ ဆိုပြီးတော့လည်း ဇွန်လ ၂၃ ရက်နေ့က ‘’စိန်ဂေါ်လီမ’’ ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Khine Thin Kyi

ခိုင်သင်းကြည်ဟာ မကြာသေးခင်က မေမြို့မှာ ‘’ပြုံးချို’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူူးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာကိုဇော်(အရုဏ်ဦး) က ရိုက်ကူးတာဖြစ်ပြီး မြင့်မြတ်၊ ခိုင်သင်းကြည် နဲ့ မအေးသောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီ့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က