ဂီတ သက်တမ်း ၁၇ နှစ်ရှိပြီလို့ သိရပါတယ်။

ဖြူဖြူကျော်သိန်းကတော့ ဂီတဆု တွေနဲ့ လွဲခဲ့ရတဲ့အပေါ် သူ့ရဲ့ရင်ထဲက ခံစားချက်ကို အခုလို ပြောပြလာပါတယ်။ 

Photo: Phyu phyu kyaw thein



ဖြူဖြူကျော်သိန်းကတော့ ဂီတ နဲ့ ပတ်သက်တဲ့ ဆုတံဆိပ် ကောင်းကောင်း မရခဲ့တဲ့ အပေါ် သူ့ရဲ့ ခံစားချက်ကို အခုလို ပြောပြခဲ့ပါတယ်။ ဒီနေ့ ဒီအချိန်ထိ ရပ်တည်လာနိုင်ခဲ့တာကလည်း ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ဖြစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ဖြူဖြူ လေ့လာ သုံးသပ်မိသလောက်ကတော့ ဆု ဆိုတာမျိုးဟာ အဖွဲ့အစည်းတစ်ခု၊ နေရာတစ်ခု၊ အသိုင်းအဝိုင်းတစ်ခုကနေပြီးတော့ ဆုတစ်ခုကို ပေးကြမယ်ဆိုရင် အဲဒီဆုနဲ့ ကိုက်ညီမညီ ကြည့်ကြတယ်။ အစ်မတို့ လူမှုပတ်ဝန်းကျင်က ပုံမှန်ထက်ဖြစ်တည်မှုရဲ့ အတွင်းမှာ အကောင်းဆုံးဖြစ်နေသူတွေကို ပိုပြီးတော့ ရွေးချယ်ဖို့အတွက် အဆင်သင့်ဖြစ်ကြတယ်။ အစ်မကတော့ သမရိုးကျဖြစ်တည်မှုထက် ကွဲထွက်ပြီးတော့ ရှင်သန်နေတာဖြစ်တဲ့အတွက် ကိုယ်နဲ့ အမျိုးအစားတူ သန်းချီနေတဲ့ ပရိသတ်တွေကြောင့် အစ်မ ဒီလောက် ရပ်တည်လို့ရတာပါ” လို့ သူကဆိုပါတယ်။ 

Photo: Zaya Oo

ဖြူဖြူကျော်သိန်းဟာ Myanmar’s Pride Award 2019 ဆုပေးပွဲကြီးရဲ့ ဂီတဆုနဲ့ ပတ်သက်ပြီး ဆန်ခါတင် ၄ ယောက်ထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆုမရခဲ့တာကြောင့် ပရိသတ်တွေက စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ 

Photo: Zayar Oo

ဂီတအလုပ်တွေ စလုပ်ကတည်းက အားပေးလာခဲ့တဲ့ ပရိသတ်တွေကြောင့် စိတ်ဓာတ်ခွန်အားတွေလည်း အများကြီးရခဲ့တယ်လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။ ဖြူဖြူ့ကို အားပေးလို့ အလှောင်ခံ၊ အတိုက်အခိုက် ခံခဲ့ရတဲ့ ပရိသတ်တွေလည်းရှိတယ်လို့ မတ်လ ၈ ရက်နေ့က Zealax hotel ဖွင့်ပွဲ ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ ဖြူဖြူက ဆုတွေ ရလေ့မရှိမှန်းလည်း ပရိသတ်တွေက သိကြပါတယ်။ ကိုယ့်ကို အားပေးတဲ့သူတွေဆိုရင် အရင်တုန်းက ပတ်ဝန်းကျင်နဲ့တိုက်ခိုက်ပြီးတော့ ဖြူဖြူ့ကို အားပေးခဲ့ရတာတွေ၊ ဖြူဖြူ့ကို ကြိုက်လို့ အလှောင်ခံရတယ်ဆိုတာတွေလည်းကြားဖူးတယ်။ အဲဒီလိုအရာကနေပြီးတော့ ခွန်အားတွေဖြစ်လာတာ။ ဂီတ သက်တမ်း ၁၇ နှစ်ရှိပြီ ဒီလိုပဲ ရပ်တည်နိုင်တယ်၊ ရှင်သန်နိုင်တယ်။ ကိုယ့်မှာ ဖြစ်လာနိုင်တဲ့အရာတွေကိုလည်း ဦးနှောက်ကရော၊ နှလုံးသားကရော မျှော်လင့်ထားနိုင်တယ်။ အဲဒါဆိုရင်တော့ အေးအေးဆေးဆေးပဲ” လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Phyu Phyu Kyaw

 “တတိယမြောက် ရည်းစားစကားနိဒါန်း” ဆိုတဲ့ သီချင်းကို အဆိုတော် ဘိုဘိုဟန်ရဲ့ ဂီတဖျော်ဖြေပွဲမှာ စပြီး သီဆိုခဲ့ချိန်က ပရိသတ်တွေ စတင်သိရှိခဲ့တဲ့ ဖြူဖြူကျော်သိန်း ဟာ အခုချိန်မှာတော့ ဂီတလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့လာပါပြီ။ ဖြူဖြူကျော်သိန်း(Phyu Phyu Kyaw Thein)ဟာ ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး အဆိုတော် တစ်ယောက်ပါ။ တစ်ကိုယ်တော်အခွေတွေလည်း အများကြီး ထွက်ရှိထားတာ ဖြစ်သလို တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေလည်း လုပ်ခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က