နှင်းဆီ ဇာတ်လမ်းတွဲ ထဲက ဇာတ်ကောင်စရိုက်အကြောင်း ပြောပြလာပါတယ်။

စည်သူဝင်းကတော့ အစ်ကိုကျော်ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်နိုင်ဖို့ အမေမွှေးရဲ့ကျေးဇူးတွေ မကင်းဘူးလို့ဆိုပါတယ်။ ပရိသတ်တွေ သူ့ကို မုန်းနေကြတဲ့အချိန်မှာ အမေမွှေးက အားပေးစကားပြောခဲ့တယ်လို့လည်း သူကပြောပါတယ်။

Photo: Si Thu Win



‘’နှင်းဆီ’’ဇာတ်လမ်းတွဲထဲမှာ အစ်ကိုကျော် ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားတဲ့ စည်သူဝင်းက ဒီကာရိုက်တာကို အကောင်းဆုံးသရုပ်ဆောင်နိုင်ဖို့ အကယ်ဒမီမို့မို့မြင့်အောင်လို့ ခေါ်တဲ့ အမေမွှေးရဲ့ ကျေးဇူးတွေအများကြီးပါတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ပြောပြခဲ့ပါတယ်။  

‘’ ကျွန်တော်တို့ ဒီဇာတ်ကားမရိုက်ခင်မှာ အမေမွှေးက သင်တန်းပေးတယ်ပေါ့နော်။ သူဆို အခုနောက်ပိုင်းမှာ သင်တန်းပေးလေ့ ပေးထ သိပ်မရှိတော့ဘူး။ ဒါပေမယ့် သူ သင်တန်းပေးတဲ့ သင်တန်း ၁၀ ရက်ကို ကျွန်တော် တက်ခဲ့ရတယ်။ ပြီးတော့ ပညာတွေလည်း အများကြီးပေးလိုက်တယ်။ ဒီဇာတ်ကားရိုက်နေတော့လည်း အမေမွှေးဆီဖုန်းဆက်တယ် အမေရေ သားကတော့ ဒီဇာတ်ကားလေးရိုက်နေတယ်ဆိုတော့ သား ဒါလေးကိုတော့ ဒီလိုလေးလုပ်နော် ဆိုပြီးတော့ အကြံပေးတယ်။ အမေမွှေးရဲ့ ကျေးဇူးတွေလည်း အများကြီး ပါ ပါတယ်။ သူအကြံပေးလို့လည်း ကျွန်တော် အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာပါ’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၉ ရက်နေ့က 29 ရတနာဆိုင် ကံစမ်းမဲရွေးချယ်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Si Thu Win

အဲဒီနောက် အစ်ကိုကျော် ကာရိုက်တာ နဲ့ စည်သူဝင်းကို ပရိသတ်တွေ မုန်းနေကြတဲ့အချိန်မှာတော့ အမေမွှေးရဲ့ အားပေးစကားတွေက အားဖြစ်စေခဲ့တယ်လို့ လည်း သူကပြောပါတယ်။

‘’ အမေက အခုလည်း ဖုန်းဆက်ပြီးအားပေးတယ်။ သူ့သား စိတ်မကောင်း ဝမ်းနည်းနေမှာစိုးလို့ ဇာတ်ကားထဲမှာ အားလုံးက ချစ်ဖို့ကောင်းနေကြတယ်။ မုန်းစရာကောင်းတာဆိုလို့ ကျွန်တော်တစ်ယော က်တည်းပါတယ်ပေါ့နော်။ သူ့သား အားငယ်နေမှာစိုးလို့ ဖုန်းဆက်ပြီးတော့ လှမ်းသတိပေးတယ်။ သားက အနုပညာရှင်တစ်ယောက်နော် စိတ်မကောင်းမဖြစ်ရဘူးပေါ့။ သားကလည်း အဲဒီလို မဖြစ်ပါဘူး အမေမွှေးရယ် သားက အရမ်းပျော်နေတာပါ လို့တောင် ဖုန်းပြောဖြစ်ခဲ့ကြပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Moht Moht Myint Aung

အစ်ကိုကျော် ရဲ့ ကာရိုက်တာကို သရုပ်ဆောင်ပေမယ့် အစ်ကိုကျော်ရဲ့ စိတ်ဓာတ်လို မဟုတ်ဘူးဆိုတာကိုလည်း စည်သူဝင်းက ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ အစ်ကိုကျော်ဆိုတဲ့ ဇာတ်ရုပ်က မိန်းကလေးတွေအပေါ် တန်ဖိုးမထားတတ်ဘူး။ သူ့ကိုယ်သူ ရုပ်ဖြောင့်တယ်၊ စော်ကြည်တယ်ဆိုပြီးတော့ ဘဝင်မြင့်နေတဲ့လူပေါ့နော်။ စည်သူဝင်းက အပြင်မှာ စော်လည်းမကြည်ဘူး၊ ရုပ်ကလည်း မဖြောင့်ပါဘူး။ မိန်းကလေးတွေကိုတော့ စည်သူဝင်း အနေနဲ့က တန်ဖိုးထားပါတယ်။ ဘဝကိုလည်း လေးလေးနက်နက်ပဲ ဖြတ်သန်းပါတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Si Thu Win

‘’နှင်းဆီ’’ ရုပ်သံဇာတ်လမ်းတွဲကိုတော့ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ပရိသတ်အားပေးမှုတွေရရှိနေတဲ့ ဇာတ်လမ်းတွဲ တစ်ခုပါ။ ဒီဇာတ်ကားထဲမှာတော့ စည်သူဝင်းက အစ်ကိုကျော်ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်နေတာပါ။ စည်သူဝင်းကတော့ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အဖြစ် ဝင်ရောက်လာခဲ့တာပါ။ အဲဒီနောက်မှာတော့ MRTV-4 နဲ့ ပူးပေါင်းပြီး ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးလာရတဲ့ အချိန်မှာ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ မင်းသားချော တစ်ယောက်လည်းဖြစ်ပါတယ်။ 



Share

Loading Next Article...
က္က