ပို တန်ဖိုးထားတတ်လာတယ်။
Sabal Thwin

ရဲတိုက်ကတော့ သူချစ်တဲ့ ပရိသတ်တွေကို ချစ်တဲ့ အချစ်က နှလုံးသားနဲ့ ချစ်တာ ထက် ဦးနှောက်နဲ့ ပိုချစ်မိပြီလို့ဆိုပါတယ်။အနုပညာအရည်အသွေးတိုးတက်အောင်လည်း ကြိုးစားမယ်လို့ ပြောပါတယ်။

Photo: Nyar Na

သရုပ်ဆောင် ရဲတိုက်ကတော့ သူ့ရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံချင်တဲ့ ဆန္ဒရှိတယ်လို့ ဆိုလာပါတယ်။ သူကိုယ်တိုင်ကလည်း တစ်ချိန်က ပရိသတ်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။

‘’ကျွန်တော်တို့ ပရိသတ်ဘဝတုန်းကလေ ကိုယ်ချစ်တဲ့ သရုပ်ဆောင်ကို အပြင်မှာ မြင်ဖူးဘူး။ ကိုသားကြီးကို ကျွန်တော် အရမ်းကြိုက်ခဲ့တာ သူသေဆုံးသွားတာတောင်မှ သဂြိုဟ်ခွင့်ရတဲ့ ပရိသတ်ထဲမှာ မပါခဲ့ဘူးပေါ့နော်။ အခု ကျွန်တော်လည်း ပရိသတ်နဲ့ တွေ့ချင်တဲ့စိတ် ရှိတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်တွေ့အောင် ရှာရပါတယ်။ သရုပ်ဆောင်တစ်ယောက်ဆိုပေမယ့် ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ သေသေချာချာ အာရုံစိုက်ရပါတယ်။ ဒီလိုမှ မဟုတ်ရင် ပရိသတ်လည်း ချစ်မှာ မဟုတ်ပါဘူး’’ လို့ သူကဆိုပါတယ်။

Photo: Ye Deight

ရဲတိုက်ရဲ့ အနုပညာဖြတ်သန်းမှုကတော့ အတော်ကို ကြာနေပါပြီ။ ဒီနေ့ အချိန်ထိလည်း သူ့ကို ချစ်ခင် အားပေးကြတဲ့ ပရိသတ်တွေ ရှိနေတုန်းပါ။ ပရိသတ်တွေအတွက် ရဲတိုက်က အခုလို စကားလက်ဆောင်ပါးခဲ့ပါတယ်။

‘’ ပရိသတ်ကို အရင်တုန်းကထက် ပိုပြီးတော့ တန်ဖိုးထားတတ်အောင် ကြိုးစားတယ်။ အရင်တုန်းကတော့ နှလုံးသားနဲ့ချစ်တာပေါ့နော်။ အခုကျတော့ ဦးနှောက်နဲ့ ပြောင်းပြီးတော့ ချစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အတွက် ပိုပြီးတော့ ပြည့်စုံလာတယ်လို့ ထင်လို့ပါ’’ ဆိုပြီးတော့ စက်တင်ဘာလ ၄ ရက်နေ့ညက ‘’တန်ဖိုး’’ရုပ်ရှင်ကားကြီး အထူးပြသပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Ye Deight

ရဲတိုက်ဟာ ထောင်ကနေလွတ်လာပြီးတဲ့ ၂ နှစ်အတွင်းမှာ အနုပညာအလုပ်တွေလုပ်ရင်း ကျန်းမာရေးလည်း ဂရုစိုက်နေရသူဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတွေရွေးချယ်ရိုက်ကူးသွား မယ်ဆိုတာကို Duwun Media အင်တာဗျူးမှာ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

‘’ပရိသတ်တွေ အရင်တုန်းကထက် အများကြီးပိုပြီး ဇာတ်ကားကောင်းတွေကြည့်ရမှာပါ။ အနုပညာသမားတိုင်းက ဘယ်လိုနေရာကနေ တစ်ထောင့် တစ်နေရာက ပါဝင်ပတ်သက်နေရသည်ဖြစ်စေ၊ အလင်းဆုံးကြယ်လေးတွေဖြစ်အောင်တော့ ကြိုးစားနေကြပါတယ်။ ဇာတ်ကားကောင်း တယ်မကောင်းဘူး ကတော့ ပရိသတ်တွေက ခွဲတတ်ပါတယ်။ အခုခေတ်ဖြတ်သန်းပုံနဲ့လည်း ဆိုင်တာပေါ့နော်၊ မီဒီယာလောကက အရင်တုန်းကနဲ့လည်း မတူတော့ဘူး၊ ဖေ့စ်ဘွတ်ပေါ်လာတာ၊ အနုပညာသမားတွေနဲ့ ပရိသတ်တွေရင်ခုန်သံ ထပ်တူကျနိုင်လောက်အောင် ပိုပြီးတော့ နီးစပ်လာတာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: Ye Deight

ရဲတိုက်ဟာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ကျနေရာကနေ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေစပြီး အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတာပါ။ လက်ရှိမှာလည်း သူဟာ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေရပါပြီ။

 




ဆက်စပ်အကြောင်းအရာများ


က္က