လူကိုသိပြီး နာမည်မသိကြဘူးတဲ့။
ကျော်ကျော် နဲ့ ဆုမြတ်နိုးဦးတို့ဟာ နယ်ကပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တဲ့အလွဲလေးတွေအကြောင်း သဘောကျရယ်မောရင်း ပြောပြလာပါတယ်။
Photo: ကျော်ကျော်

ကျာ်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ အနုပညာရှင်မောင်နှမ နှစ်ယောက်က နယ်က ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ချိန်က အလွဲလေးတွေကို ပြောပြလာပါတယ်။ ကျော်ကျော့်ကို ပရိသတ်က လာမိတ်ဆက်တဲ့ အမှတ်တရလေးကိုလည်း Duwun Media ကနေ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။



’အဲဒီတုန်းကလေ နယ်ကိုရောက်တုန်းက ဟာ… အစ်ကိုတဲ့။ အစ်ကိုက နာမည်ကြီး သရုပ်ဆောင်ပဲတဲ့။ အစ်ကို့ကို အရမ်းကြိုက်တာတဲ့။ အစ်ကိုက နာမည် ၂ လုံးနဲ့ သရုပ်ဆောင်လေတဲ့ ကျော်ကျော် ဘယ်သူဆိုတော့ .. အမ် ဖြစ်သွားတယ်။ ဆုမြတ်နိုးဦးကိုလည်း ဒီအတိုင်းပဲ အစ်မလည်း နာမည်ကြီး မင်းသမီးပဲတဲ့။ ဒါနဲ့ နာမည် ဘယ်သူ.. တအားရယ်ရတာ မျက်ရည်တောင်ကျတယ်’’ လို့ ဆိုပါတယ်။

Photo: ကျော်ကျော်

ခုလို အမှတ်တရဖြစ်ရပ်လေးတွေအပေါ်မှာလည်း သရုပ်ဆောင် ဆုမြတ်နိုးဦးရဲ့ ခံစားချက်ကို အခုလို သိခွင့်ရခဲ့ပါတယ်။

’အခုခေတ်မှာက မော်ဒယ်တွေလည်းများတယ်၊ အနုပညာရှင်တွေလည်း အရမ်းများတဲ့အခါကျတော့ တစ်ခါတလေ ရုပ်ချင်းဆင်ကြတာတွေတောင်ရှိတယ်။ ကိုယ်က မိတ်ကပ်လိမ်းထားတဲ့ပုံစံနဲ့ မိတ်ကပ်မလိမ်းထားတဲ့ ပုံစံကွာတယ်။ အပြင်မှာကျတော့ အမြဲတမ်း ပေါ့ပေါ့ပါးပါးနေတဲ့အခါကျတော့ မမှတ်မိကျတာ များတယ်။ တချို့ကျတော့ လူကိုသိတယ်၊ နာမည်ခေါ်လို့မထွက်ဘူး’’ ဆိုပြီးတော့ မြကျွန်းသာ လမ်းလျှောက်သင်္ကြန် မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: ကျော်ကျော်

လူကိုသိပြီး နာမည်မသိလာမိတ်ဆက်တဲ့ ပရိသတ်လေးတွေကိုလည်း ကိုယ်ချင်းစာတယ်လို့ ဆုမြတ်နိုးဦးက ဆက်လက်ပြောပြလာပါတယ်။ ဒီလို အလွဲက သူကိုယ်တိုင်လည်း ဖြစ်ဖူးပါတယ်တဲ့။

‘’ကိုယ်တွေဖြစ်ဖူးတယ်။ တစ်ခါတလေကျလို့ရှိရင် ရင်းရင်းနှီးနှီးမြင်ဖူးနေတယ်။ ဘယ်မှာ မြင်ဖူးနေလဲ မသိဘူးဆိုတာတွေ ဖြစ်တတ်တယ်။ အဲဒီလိုဆိုတော့ ဖီလင်က ရယ်ချင်တာပေါ့။ ဟာသလေးလည်းဖြစ်တယ်။ ပျော်စရာလေးလည်းဖြစ်တယ်။ ဘယ်လိုမှတော့ စိတ်ထဲမှာ မရှိပါဘူး’’ လို့ သဘောကျရင်း ပြောပြခဲ့ပါတယ်။

Photo: ကျော်ကျော်

 သရုပ်ဆောင်ကျော်ကျော်ကို ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာကြတာ ဖြစ်ပါ တယ်။ ဆုမြတ်နိုးဦးကိုလည်း ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ လက်ရှိမှာတော့ သူတို့ အနုပညာမောင်နှမ နှစ်ဦးဟာ ရင်းရင်းနှီးနှီးရှိကြတာဖြစ်ပြီး ဇာတ်ကားတွေလည်း အတူတူရိုက်ကူးနေရတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က