စုစုပေါင်းအလှူငွေကျပ် သိန်း၁၁၀ လှူခဲ့တာပါ။

ဝတ်မှုံရွှေရည်ကတော့ သူမရဲ့ ပရိသတ်တွေနဲ့ စုပေါင်းအလှူလေးတစ်ခု လုပ်ခဲ့တာ တွေ့ရပါတယ်။ မေတ္တာမွန် ပရဟိတကျောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ အမေများအဖွဲ့တို့ကို အလှူငွေတွေ လှူဒါန်းခဲ့ပါတယ်။

သရုပ်ဆောင် ဝတ်မှုံရွှေရည်ကတော့ နိုဝင်ဘာလ ၂၁ ရက်နေ့က သူမကိုချစ်တဲ့ အမာခံပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာတော့ သူမကို ချစ်တဲ့ ပရိသတ်တွေနဲ့ သူမရဲ့ အနုပညာကြေးကနေ ရတဲ့ ငွေကြေးနဲ့ ပူးပေါင်းပြီး အလှူအတန်းတွေလုပ်ခဲ့တာကို တွေ့ရပါတယ်။



ပရိသတ်နဲ့အတူအလှူတွေလုပ်ခဲ့တဲ့ နေရာတွေကတော့ “မေတ္တာမွန်” ပရဟိတကျောင်းကို အလှူငွေ ကျပ်သိန်း ၂၀ ၊ “အမေများအဖွဲ့” အတွက် ကျပ်သိန်း ၄၀ ၊ “ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း” အတွက် ကျပ်သိန်း ၅၀ တို့ကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

 အလှူနဲ့ပတ်သက်ပြီး ဝတ်မှုံရွှေရည်ကိုယ်တိုင်အသုံးပြုခဲ့တဲ့ ပိုက်ဆံအိတ်၊ ပန်းချီကား နဲ့ သူမကိုယ်တိုင် Star Award ပွဲမှာ ဆုရတုန်းက ဝတ်ခဲ့တဲ့ ဝတ်စုံတို့ကို လေလံတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ ရောင်းချလို့ ရရှိလာတဲ့ ပိုက်ဆံတွေကိုလည်း အလှူငွေထဲမှာ ထည့်သွင်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ Fan Meeting မှာတော့ ပရိသတ်ပေါင်းများစွာတို့က တက်ရောက်အားပေးခဲ့ကြတာကို တွေ့ရပါတယ်။ အဲဒီနောက် အဆိုတော် နီနီခင်ဇော်၊ အဆိုတော် Mary၊ အဆိုတော် အုပ်စိုးခန့် နဲ့ အဆိုတော် သီရိဆွေ တို့ကလည်း တေးသီချင်းများနဲ့ သီဆိုဖျော်ဖြေခဲ့တာကို တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။သူမဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး စာရင်းဝင်ထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း အများကြီး ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်ကာလတစ်ခုကို ရောက်ရှိလို့နေပါပြီ။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က