အခန်းတစ်ခန်းမှာ သက်သက် သိမ်းထားတယ်။

နေတိုးဟာ သူ့ကိုချစ်တဲ့ ပရိသတ်တွေက ပေးတဲ့ အမှတ်တရပစ္စည်းတွေကို မြတ်မြတ်နိုးနိုး သိမ်းထားတယ်လို့ ဆိုပါတယ်။ 

Photo: Nay Toe



သရုပ်ဆောင် နေတိုးကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခိုင်ခိုင်မာမာရရှိထားသူဖြစ်ပါတယ်။ ဒါကြောင့် သူရှိတဲ့နေရာတိုင်းမှာ သူ့ကို ချစ်တဲ့ ပရိသတ်တွေက ပေးလေ့ရှိတဲ့ လက်ဆောင်လေးတွေကို အမှတ်တရ သိမ်းထားတယ်လို့ Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ဟိုအရင်တုန်းကတော့ ပန်းစည်းလေးတွေ ပေးကြတယ်။ ဓာတ်ပုံရိုက်တယ်။ ၁ နှစ်၊ ၂ နှစ်အတွင်းမှာ ဇာတ်ကောင်စရိုက်အပေါ် မူတည်ပြီးတော့ အားပေးမှု ပိုများလာတယ်။ တစ်ခါတလေကျရင်တော့ ကိုယ့်စိတ်ကို မထင်မှတ်ထားတဲ့ Surprise တစ်ခုပြီးတစ်ခု ရလာတယ်လို့ ပြောရမယ်။ သူတို့ပေးတဲ့ ပစ္စည်းလေးတွေကလည်း အမှတ်တရသိမ်းထားတာဖြစ်တဲ့အတွက် အခန်းလေး တစ်ခန်းထဲမှာ အမှတ်တရလေးတွေ သိမ်းထားဖြစ်တယ်” လို့ သူကဆိုပါတယ်။ 

Photo: Nay Toe

နေတိုးနဲ့ သူ့ကို ချစ်တဲ့ We Love လေးတွေကတော့ အခုဆိုရင် ၈ နှစ်အကြာ အချစ်တွေ ခိုင်မာနေတာ တွေ့ရပါတယ်။ နေတိုးနဲ့ ပတ်သက်တဲ့အရာရာတိုင်းကိုလည်း အသေးစိတ် ဂရုစိုက်တတ်တဲ့ အမာခံ ပရိသတ်လေးတွေလို့လည်း ပြောရမှာပါ။ နေတိုးကလည်း သူချစ်ရတဲ့ We Love လေးတွေနဲ့ အတူ မကြာခဏ အလှူအတန်းတွေ လုပ်လေ့ရှိပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ဆန်ခါတင်စာရင်းဝင် ဇာတ်ကား ၂၉ ကားထဲမှာ နေတိုးရဲ့ ရုပ်ရှင်ဇာတ်ကား(၉) ကား ပါဝင်နေတာကို တွေ့ရပါတယ်။ 

Photo: Nay Toe

နေတိုးဟာ အနုပညာနဲ့ ပတ်သက်လာရင် ဘက်စုံထူးချွန်တဲ့သူတစ်ယောက်ပါ။ သီချင်းဆိုတာ၊ သရုပ်ဆောင်တာသာမက ပန်းချီလည်း ကောင်းကောင်းဆွဲတတ်သူဖြစ်ပါတယ်။ ပရိသတ်ပေးတဲ့ ပန်းချီကားတွေကိုလည်း အမြတ်တနိုးထားတယ်လို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က Samsung ဖုန်း မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ ပန်းချီ နဲ့ ပတ်သက်ရင်လည်း ကိုယ်တိုင်က အချိန်ပေးပြီးဆွဲတာ ရှားတယ်။ အဓိက ကတော့ ကျွန်တော့်ပရိသတ်တွေပေးထားတဲ့ ပန်းချီကားတွေက ပိုများပါတယ်။ ပန်းချီကားတွေကတော့ အစုံပါပဲ။ ကိုယ်ကိုယ်တိုင်ရေးထားတာလည်းရှိတယ်။ ကိုယ့်ပုံကို သူများတွေ ဆွဲပေးထားတာတွေလည်းရှိတယ်။ မြတ်မြတ်နိုးနိုးပေးထားကြတာဖြစ်ဖို့ သိမ်းထားပေးတာပါ” လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။ 

Photo: Nay Toe

နေတိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပါတယ်။ သူဟာ ဘက်စုံထူးချွန်တဲ့ အနုပညရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က