သူ့ကို အားပေးတဲ့ ပရိသတ် ၂ မျိုးရှိတယ်။

အိစိကွေးဟာ သူ့ကို အားပေးတဲ့ ပရိသတ်တွေရဲ့ အမြင်ကို ပြောင်းဖို့က ခက်ခဲတယ်လို့ ဆိုပါတယ်။ ကလေးတစ်ယောက်လို ချစ်တဲ့ ပရိသတ်တွေ အများကြီးရှိတယ်လို့ ပြောပါတယ်။

Photo: Eisi Kway



သရုပ်ဆောင် အိစိကွေးကတော့ အခုဆိုရင် အနုပညာသက်တမ်း ၁၆ နှစ်ကျော်လာပြီဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်အလုပ်တွေကို အသက် ၄ နှစ်ကျော်ကတည်းက စတင်လုပ်ဆောင်လာခဲ့တာပါ။ အခုချိန်မှာတော့ သူ့ကို အားပေးတဲ့ပရိသတ်တွေရဲ့ အကြောင်းကို တဖြည်းဖြည်း သိလာရပြီလို့ မီဒီယာ အင်တာဗျူးကနေတဆင့် ပြောပြလာပါတယ်။

‘’ကျွန်တော့်မှာ ပရိသတ် နှစ်မျိုးရှိတယ်။ တစ်မျိုးကတော့ ကျွန်တော့်ကို အရမ်းချစ်ပြီး အပြစ်မမြင်တဲ့ ပရိသတ်ပေါ့။ နောက် တစ်မျိုးကကျတော့ ကျွန်တော်လိုအပ်နေတယ်၊ မှားယွင်းနေတယ်ဆိုလို့ရှိရင် အကောင်းဆုံး ထောက်ပြနိုင်တဲ့ ပရိသတ်ပေါ့။ ပရိသတ် နှစ်မျိုး စလုံးကို ပိုင်ခွင့်ရထားလို့ အရမ်းဝမ်းသာတယ်။ တချို့ဆိုရင် အရမ်းချစ်တော့ အဖေ၊ အမေလိုပဲ အပြစ်မမြင်တော့ဘူးပေါ့နော်။ တချို့ကျတော့လည်း စစ်မှန်တဲ့ အကြံပေးမှုတွေက ဒီလို လူမျိုးတွေဆီကပဲ ရနိုင်တာလေ။ နောက်ဆိုလည်း ကျွန်တော်နဲ့ ပတ်သက်ပြီး အပြုအမူလေးတွေ မှားယွင်းတာရှိရင် ဝေဖန်ထောက်ပြပေးဖို့ တောင်းဆိုပါတယ်’’ လို့ သူကဆိုပါတယ်။ 

Photo: Eisi Kway

ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ် အနုပညာအလုပ်တွေ တစိုက်မတ်မတ် လုပ်လာတဲ့ သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ အိစိကွေးကို အားပေးတဲ့ ပရိသတ်တိုင်းက လူကြီးတစ်ယောက်အဖြစ် အမြင်ပြောင်းလဲလာဖို့ကလည်း ခက်ခဲတယ်လို့ ဆိုပါတယ်။

‘’ ပရိသတ်တွေက ကျွန်တော့်ရဲ့ မိဘတွေလိုပါပဲ။ သူတို့က ငယ်ငယ်လေးကတည်းက ဒီပုံစံပဲမြင်လာရတာဆိုတော့ ပြောင်းလဲလာတဲ့အရာတစ်ခုကို သူတို့က သေချာလိုက်မကြည့်မိဘူး။ ကိုယ်တွေကို သားသမီးတစ်ယောက်လိုပဲ မြင်နေကြတာကိုး။ အမြင်ပြောင်းလဲဖို့တော့ ခက်လိမ့်မယ်။ တဖြည်းဖြည်းနဲ့တော့ ပြုပြင်ပြောင်းလဲနေပါတယ်။ အသိအမှတ်ပြုပေးဖို့လည်း တောင်းဆိုပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: ACT

အိစိကွေး(Eisi kway)ဟာ ကလေးဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကိုလည်း အပြည့်အဝ ရရှိထားသူ တစ်ယောက်ပါ။ လက်ရှိမှာတော့ သူဟာ ပညာရေးကို ဦးစားပေးနေတာ ကြောင့် အနုပညာအလုပ်တွေကို တစိုက်မတ်မတ်မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က