သူမရဲ့ ဘဝက ကံမကောင်းခဲ့ဘူးလို့ဆိုပါတယ်။

ထက်ထက်မိုးဦးဟာ အချစ်ရေးမှာ ကံမကောင်းခဲ့ပေမယ့် ပရိသတ်တွေရဲ့ အချစ်ကတော့ သူမကို ခွန်အားတစ်ခု ဖြစ်စေခဲ့တယ်ဆိုတာကို အခုလို ပြောပြလာပါတယ်။ 

Photo: Htet Htet Moe Oo



ထက်ထက်မိုးဦးကတော့ သူမဟာ မိသားစုအရေး၊ အချစ်ရေးနဲ့ ပတ်သက်လာရင် ကံကောင်းတတ်သူ မဟုတ်ဘူးလို့ဆိုပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝကလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ Duwun ကို ပြောပါတယ်။ 

“ ထက်ထက်က ကိုယ့်မိသားစုနဲ့ပတ်သက်တာဖြစ်ဖြစ်၊ အချစ်နဲ့ ပတ်သက်တာဖြစ်ဖြစ်၊ ဘဝမှာ ကိုယ်က ကံမကောင်းခဲ့ဘူး။ ကိုယ်ကောင်းတာလည်းရှိသလို ကိုယ်ဆိုးတာလည်းရှိတယ်။ အခက်အခဲတွေ အများကြီး ရင်ဆိုင်ဖြတ်သန်းခဲ့ရတာပါ။ ဒါပေမယ့် တကယ့် တကယ်တမ်းကျတော့ ကိုယ့်ကို ချစ်ပေးတဲ့သူတွေ သန်းပေါင်းများစွာရှိတယ်၊ သိန်းပေါင်းများစွာရှိတယ်ဆိုတဲ့ စိတ်က အရမ်း ခွန်အားဖြစ်ပါတယ်” ဆိုပြီးတော့ Ve Ve အချိုရည်က အနုပညာကြေးချီးမြှင့်ခဲ့တဲ့နေ့က ဖြေဆိုခဲ့တာပါ။ 

Photo: Htet Htet Moe Oo

သူမအနေနဲ့ ရောက်လေရာ နေရာမှာ ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေ ရှိတာကြောင့်လည်း အရမ်းကို ပျော်ရွှင်ရတယ်လို့ ထက်ထက်မိုးဦးက ပြောလာပါတယ်။ 

“ မှတ်မှတ်ရရ ကိုယ်ဘယ်ကိုပဲ သွားသွား ထက်ထက်ရယ် ချစ်လိုက်တာ၊ မထက်ရယ် ချစ်လိုက်တာ၊ အခုချိန်ထိ အားပေးနေတယ်နော်၊ ချစ်နေတယ်နော် ဆိုတဲ့ ပရိသတ်တွေရဲ့ စကားကြောင့် တကယ်ကို အားတက်တာ။ ဘယ်နားသွားသွား ကိုယ်က အရမ်းစိတ်ညစ်နေရင်တောင်မှ ထက်ထက်ရယ် ချစ်လိုက်တာ ဆိုတဲ့ စကားလေးတွေ ကြားရင် ကိုယ်က အားရှိတယ်၊ တောင့်ခံနိုင်တယ်။ ကိုယ့်စိတ်ထဲမှာလေ သြော်.. သူတို့တွေ ငါ့ကို ချစ်နေပါသေးလား ဆိုတဲ့ ပီတိစိတ်နဲ့ ရင်ထဲမှာ အမြဲ ကျေးဇူးတင်နေခဲ့တာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Htet Htet Moe Oo

ထက်ထက်မိုးဦး ဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ 

သူမကတော့ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ သူ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က