အောက်တိုဘာလ ၃ ရက်နေ့ဆိုရင် ရုံတင်ပါပြီ။
Sabal Thwin

အမျှ..အမျှ… ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ အမျှ ၃ ကြိမ်ပြည့်ဖို့ ပရိသတ်တွေက တစ်ကြိမ် ခေါ်ပေးဖို့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က မေတ္တာရပ်ခံခဲ့ပါတယ်။ အဲဒီနောက် ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေကလည်း ဒီဇာတ်ကားအကြောင်းကို မိတ်ဆက်ပေးခဲ့ကြပါတယ်။

မကြာခင်ရုံတင်ပြသတော့မယ့် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နာမည်ကတော့ အမျှ..အမျှ…ဖြစ်ပါတယ်။ အမျှ ၃ ကြိမ် ခေါ်ဖို့အတွက် ကျန်တဲ့ အမျှ တစ်ကြိမ်ကိုတော့ ပရိသတ်တွေ ခေါ်ပေးကြဖို့ ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ) က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ကျွန်တော်တို့ မြန်မာလူမျိုးတွေက အလှူလုပ်ပြီဆိုရင် နောက်ဆုံး အမျှ ၃ ကြိမ်ခေါ်လိုက်လို့ရှိရင် ဒီအလှူက မွန်မြတ်တယ်လို့ စိတ်ထဲမှာ ထင်တယ်လေ။ ဒါပေမယ့် ကျွန်တော့် ဇာတ်ကောင် ၂ ခုက အမျှ က ၂ ကြိမ်ပဲ ရှိထားတဲ့အတွက် ဒုက္ခတွေရောက်နေတယ်။ ဒါကို ရုပ်ရှင်ကြည့်တဲ့ ပရိသတ်တွေက အမျှ နောက်ဆုံး တစ်ကြိမ်ကို ခေါ်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် အိန္ဒြာကျော်ဇင်ကလည်း ဒီဇာတ်ကားထဲမှာ မိုးမခ ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားထဲမှာတော့ သူက သမီးတစ်ယောက် မိခင် ကာရိုက်တာကို ပီပီပြင်ပြင် ကြိုးစားထားခဲ့တယ်လို့ ဆိုပါတယ်။

‘’ အမျှ အမျှ ဇာတ်ကားလေးမှာက အဓိက က မိဘမေတ္တာဖွဲ့ အရသာလေးကိုလည်း ခံစားရမယ်၊ ပြီးတော့ Horror အမျိုးအစားအများကြီးတွေ ရှိတဲ့အထဲကမှ အရသာတစ်မျိုး ဆန်းသစ်ထားတဲ့ ဇာတ်ကားလေးပေါ့။ အမေ နဲ့ သမီးနဲ့ မေတ္တာတွေ၊ ပြီးတော့ တကယ်လည်း ထိပ်လန့်စေရမယ်ပေါ့နော်။ ပရိသတ်ကြိုက်မယ်လို့လည်း အူဝဲ ယုံကြည်တယ်။ မိုးမခ ဆိုတဲ့ ကာရိုက်တာ နေရာမှာလည်း တကယ်ကို မိုးမခ တစ်ယောက်ဖြစ်သွားတဲ့အထိ စိတ်ခံစားပြီးတော့ သရုပ်ဆောင်ထားပါတယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် သားသမီးအပေါ် စွဲလမ်းတဲ့ စိတ်ရှိတဲ့ မိခင်တစ်ယောက်အဖြစ် ပါဝင်လာတဲ့သူကတော့ သရုပ်ဆောင် လင်းဇာနည်ဇော်ဖြစ်ပါတယ်။

‘’အမေတစ်ယောက် အနေနဲ့ သားသမီးအပေါ် ထားတဲ့ မေတ္တာတရားက ဘယ်တော့မှ ပြောင်းလဲမသွားဘူးဆိုတဲ့ အရာမျိုးလေးပဲပေါ့နော်။ ဒီဇာတ်ကားမှာဆိုရင်လည်း မိဘမေတ္တာ၊ မိခင်မေတ္တာကို ဖော်ကျူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း လာအားပေးဖို့ ဖိတ်ခေါ်ပါတယ်’’

အမျှ .. အမျှ.. ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အောက်တိုုဘာလ ၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင် ခန့်စည်သူ၊ အိန္ဒြာကျော်ဇင်၊ လင်းဇာနည်ဇော်နဲ့ ကလေးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ယွန်းမေ နဲ့ ချစ်စနိုး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။ ‘’အမျှ… အမျှ…’’ ရုပ်ရှင်ဇာတ်ကားကြီး ကို R Square ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က