''ဆုံဆည်းခွင့်''လို့ အမည်ပေးထားပါတယ်။
Sabal Thwin

ဝါရင့်သရုပ်ဆောင်တွေနဲ့ မျိုးစက်သစ် သရုပ်ဆောင်လေးတွေ ပါဝင်သွားမယ့် ‘’ဆုံဆည်းခွင့်’’ရုပ်သံဇာတ်လမ်းတွဲ ကိုတော့ မကြာခင်မှာ ရိုက်ကူးပုံဖော်တော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အနုပညာရှင် ၁၀ ယောက်တို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။

အနုပညာရှင်များစွာပါဝင်တဲ့ ‘’ဆုံဆည်းခွင့်’’ရုပ်သံဇာတ်လမ်းတွဲကန်တော့ပွဲကို သြဂုတ်လ ၂၇ ရက်နေ့က ရွှေတိဂုံစေတီတော်ကြီးမှာရှိတဲ့ အောင်မြေမှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက် M3 စားသောက်ဆိုင်မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ဒီဇာတ်ကားထဲမှာ ခပ်သွက်သွက် ကောင်မလေးတစ်ယောက် ကာရိုက်တာနဲ့ပါဝင်လာမယ့်သူကတော့ အိချောပိုဖြစ်ပါတယ်။ သူမကတော့ ရပ်ကွက်ထဲမှာပါ ဆရာကြီးလုပ်နေရဦးမယ်လို့ဆိုပါတယ်။

‘’ အိချောရဲ့ ကာရိုက်တာကတော့ အိချောမှာ ညီမ ၂ ယောက်ရှိတယ်။ သူတို့ကိုလည်း အမြဲတမ်း ထိန်းကျောင်းပေးတတ်တဲ့ ခပ်သွက်သွက် ကောင်မလေးနေရာက ပါဝင်သရုပ်ဆောင်ရမှာပါ။ ဒီကောင်မလေးက ညီမတွေအပေါ်မှာရော၊ ရပ်ကွက်ထဲမှာရော နည်းနည်း ဆရာကျတဲ့သူပေါ့။ ဒီကာရိုက်တာကတော့ အပြင်ကာရိုက်တာနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အပြင်မှာတော့ အိချောက ဘယ်သူ့ကိုမှ မထိန်းချုပ်ချင်ဘူး’’ ဆိုပြီးတော့ ဆုံဆည်းခွင့် ဇာတ်လမ်းတွဲ ကန်တော့ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

အဲဒီနောက် ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးငယ်လေး သဇင်ထူးမြင့်ကလည်း ‘’ဆုံဆည်းခွင့်’’ရုပ်သံဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်တော့မှာဖြစ်ပါတယ်။ ကာရိုက်တာလေးကတော့ သူနဲ့ အရမ်းကို လိုက်ဖက်တဲ့ ကာရိုက်တာပါပဲတဲ့။

‘’ ဒီဇာတ်ကားထဲမှာတော့ မအိချောပိုရဲ့ ညီမလေးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ရမှာပါ။ အစ်မဖြစ်သူရဲ့ ထိန်းကျောင်းမှုအောက်မှာပဲနေတတ်တဲ့ကောင်မလေးပေါ့နော်။ အစ်မရဲ့ ထိန်းကျောင်းမှုက လွတ်သွားရင် နည်းနည်း အူကြောင်ကြောင် နိုင်တတ်တယ်ပေါ့နော်။ အပြင်က ကာရိုက်တာလိုပဲ’’ ဆိုပြီးတော့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။

အဲဒီနောက် ပထမဆုံးအကြိမ် သရုပ်ဆောင်ရတော့မယ့် အဆိုတော်ထက်ယံကလည်း ဒီဇာတ်လမ်းတွဲအတွက် ရင်ခုန်စိတ်လှုပ်ရှားနေပါပြီတဲ့။ အိချောပိုနဲ့ အတူတွဲသရုပ်ဆောင်ရမှာဖြစ်လို့ ရှိန်နေတာမျိုးတွေတော့ရှိနေတယ်လို့ သူကဆိုပါတယ်။

‘’ရှိန်နေတာမျိုးတွေရှိတာပေါ့။ ဘယ်က စပြီးဘာကို စပြောရမှန်းတောင်မသိဘူး။ လောလောဆယ်တော့ တစ်ယောက်နဲ့ တစ်ယောက် သိတော့ သိပါတယ်။ ရိုက်ကွင်းပေါ်ရောက်မှဖြစ်ဖြစ် ၊ လေ့ကျင့်ကြရင်းနဲ့မှဖြစ်ဖြစ် နှုတ်ဆက်ရမှာပေါ့။ ရည်းစားလုပ်ရမှာဆိုတော့ စိမ်းလို့မရဘူးလေ။ သူ့ကိုတော့ သိတာကြာပြီ’’ လို့ သူကဆိုပါတယ်။

ဆုံဆည်းခွင့် ရုပ်သံဇာတ်လမ်းတွဲကို ဘိုဘို ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ စွမ်းပိုင်က ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ခန့်စည်သူ၊ ထက်ယံ၊ အိချောပို၊ သဇင်ထူးမြင့်၊ ဇွန်သံစဉ်၊ ထွဋ်မြတ်ရွှေရည်၊ ချစ်စနိုးစု၊ ဆောင်းသဇင်လှိုင်၊ အေးချမ်းမောင်၊ ဇေယံ တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ စက်တင်ဘာလ အတွင်းမှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ 





ဆက်စပ်အကြောင်းအရာများ


က္က