လက်ရှိ အချစ်ရေး အကြောင်းပြောပြလာပါတယ်။

ထိုင်းနိုင်ငံနဲ့ အနုပညာအလုပ်တွေ တွဲလုပ်လျှက်ရှိတဲ့ သရုပ်ဆောင် ဧဝရတ်မိုး ကတော့ အချစ်ရေးသတင်းတွေ ပြန်တက်လာတဲ့ အပေါ် သူ့ရဲ့သဘောထားကို အခုလို ပြောပြလာပါတယ်။ 

photo: Eve



လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ်တွေ စိတ်ဝင်စားမှုရရှိထားတဲ့ Facebook Page ကနေ မြန်မာပြည်ဖွား ထိုင်းမင်းသားချောလေး ဧဝရတ်မိုး ရဲ့ အချစ်ရေးသတင်းကို တင်ခဲ့တာကို တွေ့ရပါတယ်။ ဒီသတင်းဟာ သူ့ကို ချစ်ခင်အားပေးနေတဲ့ မိန်းကလေး ပရိသတ်တွေ အတွက် ကြေကွဲဖို့ကောင်းတဲ့ သတင်း တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီးဧဝရတ်မိုး ကိုယ်တိုင်က Duwun ကနေ အခုလို ပြောပြလာပါတယ်။ 

“ ကျွန်တော် Sold Out သွားပြီဆိုတဲ့ ကိစ္စကို စစချင်းတွေ့လိုက်ရတဲ့ အချိန်မှာ တော်တော်လေး အံ့သြသွားခဲ့ပါတယ်။ မနှစ်က အချိန်တိုလေးအတွင်းမှာ ဖြစ်သွားတဲ့ဟာကို ဒီနှစ်မှာ ပြန်တတ်လာတော့ မထင်ထားရလောက်အောင် အံ့သြခဲ့ရတာပါ။ လက်ရှိ ကျွန်တော်က Sold မ Out မပါဘူး။ Instork ပါ။ 100 ရာခိုင်နှုန်း Single ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။ 

Photo: Han Nyein oo

ဧဝရတ်မိုး အနေနဲ့ လက်ရှိမှာ ထိုင်းနိုင်ငံရှိ GMM ရုပ်ရှင်ကုမ္ပဏီနဲ့ တွဲဖက်ပြီး အနုပညာအလုပ်တွေ တစိုက်မတ်မတ် လုပ်ဆောင်သွားဖို့ စိတ်ကူးထားတယ်လို့ သိရပါတယ်။ ပရိသတ် စိတ်ဝင်စားတဲ့ အချစ်ရေးအကြောင်းတွေကိုလည်း အခုလို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ 

" အချစ်ရေးနဲ့ ပတ်သက်လာရင် ကျွန်တော့်ရဲ့ မိဘတွေကလည်း သိပါတယ်။ သူတို့နဲ့လည်း တိုင်ပင်ဖြစ်တယ်။ ကိုယ် Crush နေတဲ့ မိန်းကလေးတစ်ယောက်ရှိလာရင် အမေ့ကို တိုင်ပင်တယ်၊ ဘယ်လို ကြိုးစားရင်ကောင်းမလဲ ဆိုတာမျိုးတော့ တိုင်ပင်ဖြစ်တယ်။ ကိုယ်ရွေးချယ်မယ့် မိန်းကလေး ပုံစံက ကျွန်တော်ကလည်း သူ့ကို ချစ်တယ်၊ သူကလည်း ကျွန်တော့်ကို ချစ်ရမယ်။ အပြန်အလှန် နားလည်မှုရှိမယ့် ကောင်မလေးမျိုးကိုပဲ ရွေးချယ်သွားဖို့ တွေးထားပါတယ်”လို့ ဆက်လက် ပြောပြလာပါတယ်။ 

photo: Eve

ဧဝရတ်မိုး က ထိုင်းနိုင်ငံမှာ ဇာတ်လမ်းတွဲ သွားရိုက်ပြီး မြန်မာနိုင်ငံကို ၂၀၁၉ခုနှစ်၊ ဇူလိုင်(၅) ရက်နေ့က ပြန်လည်ရောက်ရှိနေပါတယ်။ မြန်မာနိုင်ငံ ပြန်ရောက်ချိန်မှာ သူရဲ့ အနုပညာအလုပ်တွေအတွက် အထောက်အကူဖြစ်စေမယ့် ထိုင်းဘာသာစကားကိုလည်း ဆက်လက် လေ့လာသွားမယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဝါသနာပါတဲ့ အနုပညာအလုပ်တွေ ဆက်လုပ်သွားမှာဖြစ်ပြီး GMM နဲ့ (၅) နှစ် စာချုပ် ချုပ်ဆိုထားတာ ဖြစ်လို့ GMM နဲ့အတူ ဇာတ်ကားတွေ ဆက်ရိုက်သွားဦးမယ်လို့ ဆိုပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က