အရင်လို လွမ်းရ၊ ဆွေးရတဲ့ ဘဝက ကင်းပြီပေါ့။

ဇွဲပြည့်ကတော့ လက်ရှိ ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးအကြောင်းကို ပြောလာပါတယ်။ ကလေးယူဖို့ထက် ဇနီးချောလေးကို ချစ်လို့ မဝသေးပါဘူးတဲ့။

Photo: Zwe Pyae



အဆိုတော် ဇွဲပြည့်ကတော့ ၃ နှစ်ကြာလက်တွဲလာတဲ့ ချစ်သူလေးဇာလီမိုးနဲ့ အိမ်ထောင်ပြုခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ဂီတအလုပ်တွေကိုလည်း အရမ်းနားလည်ပေးတဲ့သူပါလို့ Duwun Media ကနေ ဖြေဆိုခဲ့ပါတယ်။

‘’ သူကတော့ မယူခင်တုန်းကရော၊ ယူပြီးတဲ့အချိန်မှာရော အစ်ကို့ အလုပ်နဲ့ပတ်သက်ပြီး အရမ်းနားလည်ပေးပါတယ်။ အိမ်ထောင်ရေးကလည်း အရမ်းသာယာနေပါတယ်။ အခုက အိမ်ထောင်ရေးမှာ ဘာမှပြောင်းလဲသွားတာမျိုးတော့မရှိဘူး။ အဓိက ကတော့ အရင်တုန်းကလိုမျိုး ဖုန်းတွေပြောပြီးထိုင်လွမ်းရတာ၊ ဆွေးရတာတွေတော့ ပျောက်ပြီပေါ့’’ လို့ ဆိုပါတယ်။

Photo: Mg Mg Phoe Pyae

ဇွဲပြည့်ကတော့ ရင်သွေးလေး ဘယ်တော့ ယူမှာလဲဆိုတဲ့ မေးခွန်းအပေါ် ပြန်ဖြေလာတဲ့ အဖြေလေးကတော့ အရမ်းကို Romantic ဆန်လှပါတယ်။ ချစ်ဇနီးချောကို ချစ်လို့တောင် မဝသေးပါဘူးလို့ ပြောပါတယ်။

‘’ အခုက စီးပွားရေးတစ်ခုလည်း စလုပ်နေပြီဆိုတော့ စီးပွားရေးဘက်ကို လှည့်မယ်ပေါ့နော်။ ရင်သွေးယူဖို့ကတော့ နည်းနည်းလိုသေးတယ်။ အခုမှချစ်လို့တောင် မဝသေးဘူး။ ကလေးကို မချစ်နိုင်သေးဘူး။ သူနဲ့ ပုံတွေ မတင်ဖြစ်တာကလည်း ဂီတ Personal နဲ့ အိမ်ထောင်ရေး Personal ဆိုပြီးတော့ ခွဲခြားထားတယ်။ ဇာနည်မောင်မောင်နဲ့ ဇွဲပြည့် ဘဝ ကွာသလိုပေါ့။ အိမ်ထောင်ရေးကိုတော့ ဘဝတစ်ခုလိုထားတာဆိုတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ပြတာမျိုးသိပ်မရှိဘူး’’ လို့ သူကဆိုပါတယ်။

Photo: Zwe Pyae

အဆိုတော် ဇွဲပြည့်ဟာ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က ချစ်သူဖြစ်တဲ့ ဇာလီမိုးနဲ့ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၃ လ ပဲရှိပါသေးတယ်။ ဇွဲပြည့်ကတော့ ၂၀၁၅ ခုနှစ် မတ်လအတွင်းက သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့ တေးစီးရီးထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ် မေလအတွင်းမှာတော့ ဒုတိယမြောက် တေးစီးရီးအနေနဲ့ ခိုလှုံရာဆိုတဲ့ တစ်ကိုယ်တော်အခွေထွက်ရှိခဲ့ပါတယ်။ တတိယမြောက် တေးစီးရီးဖြစ်တဲ့ အားကိုးပါ အခွေကတော့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဇွဲပြည့်က ‘’နွံနစ်ခဲ့’’ ဆိုတဲ့ Single Song လေးထွက်ရှိထားပါသေးတယ်တဲ့။ ‘’အားကိုးပါ’’ တေးစီးရီးအတွက်ကိုလည်း MTV တွေ ရိုက်ကူးနေတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က