Now & Ever ရုပ်ရှင်ကားကြီးအကြောင်းပြောလာပါတယ်။

ဒါရိုက်တာ ဏကြီးကတော့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ပြီးတဲ့အချိန်မှာ ပိုင်ဖြိုးသုကို သဝန်တိုတဲ့စိတ်မရှိပဲ အပြည့်အဝ အားပေးခဲ့တဲ့အကြောင်းတွေ ပြောလာပါတယ်။ ဇဏ်ခီနဲ့ သုသု တို့ရဲ့ သရုပ်ဆောင်မှုတွေက အရမ်းကောင်းတယ်လို့ ဆိုပါတယ်။

Photo: RBV



ဒါရိုက်တာ ဏကြီးကတော့ ‘’Now & Ever’’ ရုပ်ရှင်ကားကြီးကို ကြည့်ပြီးသွားတဲ့အချိန်မှာတော့ အရမ်းကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို့ သုံးသပ်ပြောပြလာပါတယ်။ ဒီဇာတ်ကားထဲမှာ ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ရဲ့ သရုပ်ဆောင်မှုတွေကလည်း ဆွဲဆောင်မှုရှိတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ဒီဇာတ်ကားထဲမှာ ကိုဇဏ်နဲ့ သုသုတို့ Chemistry အရမ်းကောင်းတယ်။ ဒါတွေကိုတော့ ထွေလာနဲ့ Teaser တွေမှာ ကျွန်တော် တွေ့လိုက်ရတာပေါ့နော်။ ကိုဇဏ်နဲ့ သုသု တို့ရဲ့ Perfomance က Level နောက်တစ်ခုကို ခေါ်သွားမယ်လို့ ကျွန်တော် မျှော်လင့်တယ်။ ကျွန်တော်တို့ရုပ်ရှင်မှာ Perfomance က အသက်ပဲ။ ဒီဇာတ်ကားအတွက် ကိုဇဏ် ကိုရော သုသုကိုရော ကျွန်တော် မျှော်လင့်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Paing Phyo Thu

ဇာတ်ကားတစ်ကား ကောင်းဖို့အတွက် သရုပ်ဆောင် အချင်းချင်း အပေးအယူမျှဖို့က အဓိက ကျတယ်လို့ ဏကြီးက ေြပောပါတယ်။ ဇနီးချောလေးကိုတောင် သဝန်မတိုမိဘူးဆိုပြီးတော့ ရယ်ရယ် မောမောနဲ့ ပြောပြခဲ့ပါတယ်။

‘’ ကျွန်တော်ကိုယ်တိုင်ကလည်း ဒီလောကထဲမှာ ဒါရိုက်တာ တစ်ယောက်ဆိုတော့ အဲဒီအရာတွေကို နားလည်လို့ရတယ်။ Chemistry ဆိုတာ အရမ်းအရေးကြီးတယ်။ ဇာတ်ကားကြည့်တဲ့လူတစ်ယောက်က ကိုယ့်အရှေ့မှာမြင်နေရတဲ့ပုံတစ်ခုကို ယုံသွားမှ ဒီရုပ်ရှင်ထဲကို နစ်မျောလို့ရမှာ။ အဲဒီအတွက် သဝန်တိုတာမျိုးမဖြစ်ဘူး ဇာတ်ကားကောင်းတယ်ဆိုတာမျိုးကိုတော့ ချီးကျူးမိတယ်’’ လို့ သူကဆိုပါတယ်။

Photo: Paing Phyo Thu

Now & Ever ရုပ်ရှင်ကားကြီးကိုတော့ central base productions ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ဇဏ်ခီ နဲ့ ပိုင်ဖြိုးသု တို့က အဓိက သရုပ်ဆောင်ထားတာဖြစ်ပြီး မြင်စိုင်းသားမြင့်အောင်၊ ခင်သဇင်နဲ့ ဂျူးဂျုးကေ တို့နဲ့ အတူ သရုပ်ဆောင်အသစ်တွေကလည်း အားဖြည့်ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။ Now & Ever ရုပ်ရှင်ကားကြီးကိုတော့ အောက်တိုဘာလ ၃၁ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Photo: Paing Phyo Thu

ဒါရိုက်တာဏကြီးကတော့ အနုပညာလောကမှာ လူငယ်ဒါရိုက်တာ တစ်ယောက်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းက လက်ထပ်ခဲ့တာပါ။ အခုဆိုရင်လည်း ဇနီးမောင်နှံနှစ်ယောက်ပေါင်းပြီး Fatty Gangster Production ဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်ရေး အသစ်တစ်ခု တည်ထောင်လိုက်ပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က