loading...

loading...

loading...

ကိုယ့်ထက်အသက်ကြီးတဲ့သူကိုပဲ သဘောကျတယ်။
Sabal Thwin

ရတနာဗိုကတော့ အိမ်ထောင်ရေးကို အသက် ၃၀ ကျော်မှ စဉ်းစားပါမယ်တဲ့။ လောလောဆယ်တော့ သူငယ်ချင်း ပိုင်ဖြိုးသု တို့ အတွဲကို အားကျနေလိုက်ဦးမယ်လို့ ဆိုပါတယ်။

Photo: Yadanar Bo

သရုပ်ဆောင် ရတနာဗိုကတော့ သူငယ်ချင်းဖြစ်သူ ပိုင်ဖြိုးသုတို့ စုံတွဲကို အားကျတယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း အသက် ၃၀ ကျော်မှ အိမ်ထောင်ပြုဖို့ စဉ်းစားထားတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ အိမ်ထောင်ရေးကတော့ ၃၀ ကျော်လောက်မှတော့ မှန်းထားတာပေါ့နော်။ ၃၀ ကျော်လောက်မှာ ရရင်တော့ ယူမှာပါ။ လတ်တလောတော့ ကိုယ်မှကိုယ်ဆိုပြီးတော့ ကြိုက်တဲ့သူလည်း မရှိဘူး။ အရမ်းအချစ်ခံချင်တယ် မချစ်ကြဘူးဖြစ်နေတယ်။ ပိုင်ဖြိုးသုတို့ အတွဲပုံလေးတွေ တက်လာရင် အသည်းလေးတွေ ပေးရတာနဲ့ မနေနိုင်ရင် Comment လေးတွေ ရေးရတာနဲ့ အရမ်းအားကျတယ်။ မသုတို့ အတွဲကလေ အရမ်းချစ်ဖို့ကောင်းတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၄ ရက်နေ့က ပျံကျကူလီ ရုပ်ရှင်ကားကြီး အထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Yadanar Bo

သူမဟာ အချစ်ရေးနဲ့ ပတ်သက်လာရင် မိဘတွေကို လျှို့ဝှက်ထားတာမျိုးမရှိဘူးလို့ ဆိုပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး ကောင်းခြင်း၊ မကောင်းခြင်းတွေကို အမေဖြစ်သူနဲ့ ပိုတိုင်ပင်တယ်လို့ ရတနာဗိုက ပြောပါတယ်။

“အပြင်မှာလည်း မိဘကို အရာအားလုံး ဖွင့်ပြောတယ်၊ တိုင်ပင်တတ်တဲ့ သမီးထဲမှာပါတယ်။ ကိုယ်သဘောကျရင်တော့ အမေ ဒီလူကတော့ သမီးကို ပိုးပန်းနေတယ်ပေါ့။ ပြီးတော့ ကိုယ်ထားတဲ့ ရည်းစားကိုလည်း မိဘက သိတယ်။ ပြတ်သွားလည်း သိတယ်၊ အသည်းကွဲလည်း သိတယ်။ အမေကတော့ အကုန်သိတယ်” လို့ ဆိုပါတယ်။

Photo: Tattoo

ရတနာဗို ကတော့ အသက်ကြီးတဲ့ ကိုကြီးတွေကိုပဲ သဘောကျတယ်လို့ ပွင့်ပွင့်လင်းလင်းပြောလာပါတယ်။ ဒါပေမယ့် မောင်လေးရဲ့ မမ ဖြစ်ဖို့ကံ ပါလာတယ်ထင်တယ်လို့လည်း သူက ဆိုပါတယ်။

“ကိုယ့်ထက် အသက်ကြီးတဲ့လူကိုပဲ ယူချင်တယ် သိလား။ ဒါပေမယ့် အသက်ကြီးတဲ့ သူတွေက ကိုယ့်ကို မကြိုက်ကြဘူး။ အငယ်တွေကပဲ လာလာကြိုက်နေကြတာ။ အသက်အရမ်းကြီးစရာမလိုပါဘူး။ အသက်နည်းနည်းကြီးတယ်၊ ဦးစီးဦးဆောင်နိုင်တယ်၊ စိတ်သဘောထား ပြည့်ဝတဲ့ ယောကျ်ားမျိုးကို လိုချင်ပါတယ်” လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Yadanar Bo

 ရတနာဗိုကတော့ အနုပညာပျိုးခင်း ၂ ရဲ့ စင်တင်မင်းသမီးတစ်ယောက်အနေနဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတာပါ။ အရမ်းတော်တဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် အခုဆိုရင် ပရိသတ်အခိုင်အမာ ရရှိလာပြီဖြစ်ပါတယ်။ သူမက လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီး တော်တော်များများ ရိုက်ကူးနေရတာဖြစ်ပါတယ်။ အနုပညာအရည်အချင်းပြည့်ဝအောင်၊ ပရိသတ်ကိုလည်း အကောင်းဆုံတင်ပြနိုင်တဲ့ အနုပညာသမားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေဦးမယ်လို့ဆိုပါတယ်။




ဆက်စပ်အကြောင်းအရာများ


loading...

က္က