မုန့်စားဖို့တောင် မရှိတော့ပါဘူး။

ဆောင်းယွန်းစံကတော့ အနုပညာအလုပ်တွေ နားထားတာ ကြာလာတာနဲ့အမျှ ငွေကြေးရဲ့ တန်ဖိုးကို ပိုသိလာပြီလို့ ဆိုပါတယ်။ 

Photo: Song Yoon San



ဆောင်းယွန်းစံကတော့ Covid ကာလကြာလာတာနဲ့ အမျှ ပိုက်ဆံ သုံးရတာ အခက်အခဲရှိလာတယ်လို့ ဆိုပါတယ်။ သူမအနေနဲ့ ပိုက်ဆံရဲ့ တန်ဖိုးကိုလည်း တော်တော်နားလည်လာတယ်လို့Duwun ကနေ ပြောပြလာပါတယ်။ 

“ အရင်တုန်းကတော့ သုံးတယ်၊ ဖြုန်းတယ်။ အခုကျတော့ လှူနေရတာကို တော်တော်ပျော်နေတာ။ ပိုက်ဆံရဲ့ တန်ဖိုးကိုလည်း တဖြည်းဖြည်းနားလည်လာတယ်။ အရင်တုန်းကဆိုရင် ပိုက်ဆံက ကိုယ့်လက်ထဲမှာ ကြာကြာမရှိဘူး။ ရလိုက် သုံးလိုက်နဲ့။ အခုကျတော့ အလုပ်က အကြာကြီး နားနေရတဲ့ အချိန်မှာ ကိုယ့်လက်ထဲ မုန့်ဝယ်စားဖို့တောင် ပိုက်ဆံ မရှိဘူး။ ပိုက်ဆံရဲ့ တန်ဖိုးကို တော်တော်လေး နားလည်နေပါပြီ" ဆိုပြီးတော့ သူမရဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Song Yoon San

Covid ကာလလျှော့နည်းသွားခဲ့တုန်းက အနုပညာအလုပ်တွေ လုပ်ခွင့်ရခဲ့တဲ့ ပိုက်ဆံတွေနဲ့ အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ ဆောင်းယွန်းစံက ပြောပါတယ်။ သုံးစရာ ပိုက်ဆံ မရှိတဲ့ အချိန်မှာ အလှူလာခံတဲ့ သူငယ်ချင်းတွေကို အားနာခဲ့ရတယ်လို့ သူက ဆိုပါတယ်။ 

“အခု ဒုတိယလှိုင်းဝင်လာတော့ သုံးစရာ ပိုက်ဆံ တစ်ပြားမှ မရှိတော့ဘူး။ အိမ်ကနေတောင် ပြန်တောင်းနေရတဲ့ အဖြစ်ပါ။ အလှူလုပ်ဖို့ ဆိုပြီးတော့ အိမ်က ပြန်တောင်းလို့ကလည်း အဆင်မပြေဘူးလေ။ ဒုတိယလှိုင်းဖြစ်လာတဲ့ အချိန်မှာ ဆောင်းကို သူငယ်ချင်းတွေ တချို့က လှူဖို့ လာပြောကြတာတွေ ရှိတယ်။ ဒါပေမယ့် မငြင်းရက်ဘူး။ ဆောင်းမှာ တကယ်လည်း ပိုက်ဆံ မရှိပါဘူး။ အဲဒီတုန်းကဆိုရင် ၃ သောင်း၊ ၄ သောင်းလောက်တောင် မရှိဘူး။ မလှူနိုင်သေးဘူးလို့ပြောရမှာ ရှက်လည်း ရှက်တယ်။ လှူနေရတာကိုက ဆောင်းအတွက် စိတ်ချမ်းသာမှုတစ်ခုပဲ။ဒါပေမယ့် အဲဒီတုန်းကတော့ ငြင်းလိုက်ရတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။

 

Photo: Song Yoon San

ဆောင်းယွန်းစံဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိနေခဲ့တာ ကြာပါပြီ ။ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေပိုပြီး သတိထားမိသွားတာကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အနုပညာလောကက သားသမီးတွေနဲ့အတူ ရွှေကြိုထဲမှာ ပါဝင်ခဲ့တဲ့ သူမကို ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က