အိမ်တစ်လုံးကို ရှုတင်အတွက် ငှားမယ်။

ဆောင်းအိန္ဒြေထွန်းကတော့ သူမကိုယ်တိုင် ကားမဝယ်ပဲ ပရိသတ်ကို ဖုန်းဘေကံစမ်းမဲတွေ လှူခဲ့တဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပြလာပါတယ်။ 

Photo: Song Eaindry Tun



ဆောင်းအိန္ဒြေထွန်းကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ အနုပညာရှင်တစ်ဦးဆိုလည်း မမှားပါဘူး။ သူမအနေနဲ့ ကားတစ်စီးဝယ်မယ့် ပိုက်ဆံကို ပရိသတ်တွေအတွက် ဖုန်းဘေ လှူဒါန်းခဲ့တဲ့ အကြောင်း Duwun ကနေ ပြောပြလာပါတယ်။ 

“ နဂိုကတည်းက အစ်မ ပိုက်ဆံရှိတာလည်း ဘယ်သူမှ မသိဘူး။ ဖုန်းဘေ ကံစမ်းမဲဖောက်တုန်းကဆိုရင် လိုင်းပေါ်မှာ စသလို နောက်သလိုနဲ့ သိန်း(၅၀၀)တန်ကားမဝယ်ပဲ ဖုန်းဘေမဲဖောက်ပေးတဲ့ မင်းသမီးချော ဆောင်းအိန္ဒြေထွန်းဆိုပြီးတော့ တင်ကြတယ်။ ပရိသတ်ကို လှူတဲ့ အလှူတစ်ခုဆိုတာကိုပဲ သိစေချင်တာပါ။ ပိုက်ဆံရှိတာကို သူများ သိတာ မကောင်းဘူး။ လက်ရှိနေထိုင်တဲ့ မြေ ဆိုရင် သိန်း(၂) သောင်းလောက်တန်ဖိုးရှိပါတယ်။” လို့ သူကဆိုပါတယ်။ 

Photo: Song Eaindry Tun

လက်ရှိမှာလည်း ဆောင်းအိန္ဒြေထွန်းဟာ အင်းယားလမ်းထဲမှာ နေထိုင်တယ်လို့ သိရပါတယ်။ သူ့ အနေနဲ့ မြေနီကုန်းမှာလည်း ကိုယ်ပိုင်အိမ်တစ်လုံး ထပ်ရှိသေးတာကြောင့် သူမပိုင်ဆိုင်တဲ့ အိမ်တစ်လုံးကို ရိုက်ကူးရေးတွေအတွက် ငှားရမ်းသွားမယ်လို့ သူက ဆိုပါတယ်။ 

“ အစ်မရဲ့ လက်ရှိ အိမ်နဲ့ပတ်သက်ပြီးတော့ အင်တာဗျူးတွေ အဗျူးမခံဖြစ်ဘူး။ မြေနီကုန်းမှာ အစ်မနေခဲ့တုန်းက အိမ်က ပြိုမလိုဖြစ်သွားလို့ အခု နေနေတဲ့ အိမ်ကို ပြောင်းလိုက်ရတာပေါ့နော်။ အခုဆို အိမ်က (၂) လုံးဖြစ်သွားတော့ အိမ်ငှားမယ်လို့ ဆုံးဖြတ်ထားတယ်။ မင်းသမီးက စီးပွားရေး အရမ်းသောင်းကျန်းတယ်လို့ မြင်မှာလည်း စိုးတယ်။ ဒါပေမယ့် ကိုယ့် အနုပညာအလုပ်အတွက် ရှုတင်တွေကို ဈေးနှုန်း သက်သက်သာသာနဲ့ ငှားမှာပါ” လို့ ဆက်လက် ပြောပ
ြလာပါတယ်။ 

Photo: Song Eaindry Tun

ဆောင်းအိန္ဒြေထွန်းဟာ ဗီဒီယိုခေတ်တုန်းက ဇာတ်ကားတွေ အများကြီးရိုက်ကူးခဲ့ရသူ တစ်ယောက်ပါ။ သူမအနေနဲ့ အက်ရှင်ဇာတ်ကား တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ သူမက ရေဘေး၊ မီးဘေး စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်တုန်းက သူမကို ချစ်တဲ့ ပရိသတ်တွေ ရှိတဲ့နေရာတွေအထိ ကိုယ်တိုင် အလှူအတန်းတွေ လိုက်လုပ်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က