“ ဖြေ” သီချင်းလေးထဲမှာ အတူတွဲ သရုပ်ဆောင်ခဲ့ပါသေးတယ်။

စိုင်းဝဏ္ဏအောင်က ပိုပို နဲ့ အတူ အနုပညာအလုပ်တွေ တွဲလုပ်ရတဲ့ အချိန်မှာ လေးစားမိတဲ့ အရာတွေ ရှိတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် စိုင်းဝဏ္ဏအောင်က သူနားထောင်တတ်တဲ့ သီချင်းတွေထဲမှာ အဆိုတော် ပိုပိုရဲ့ သီချင်းတွေလည်း ပါတယ်လို့ ဆိုပါတယ်။ သူများနဲ့ မတူတဲ့ ထူးခြားချက်တွေရှိတယ်လို့လည်း Duwun ကနေ ပြောပြလာပါတယ်။



“ မပိုပိုရဲ့ သီချင်းတွေက သူများနဲ့ မတူဘူး အရမ်းထူးခြားတယ်။ ဒီထူးခြားချက်ကလည်း ပိုပိုဆိုတာကို ဖြစ်စေတာပေါ့။ သီချင်းတစ်ပုဒ်ကို နားထောင်လိုက်တာနဲ့ သြော်… ဒါ ပိုပိုပဲ ဆိုပြီး တန်းသိစေတဲ့ ကိုယ်ပိုင်စတိုင်လ် တစ်ခုရှိတယ်။ များသောအားဖြင့် သဘောကျတယ်။ ဒါပေမယ့် စစ နားထောင်ကြည့်တုန်းက တစ်မျိုးလေးတော့ဖြစ်တယ်။ နားထောင်ရင်း နားထောင်ရင်း နဲ့ဆိုတော့ တကယ် အရမ်းကောင်းသွားတယ်” လို့ သူကဆို ပါတယ်။

Photo: Po Po

စိုင်းဝဏ္ဏအောင်က ပိုပို ရဲ့ သီချင်းအသစ်တစ်ပုဒ်ဖြစ်တဲ့ “ ဖြေ” ဆိုတဲ့ သီချင်းထဲမှာ အတူတွဲ သရုပ်ဆောင် ခဲ့ပါတယ်။ သူရဲ့ အမြင်မှာ ပိုပို က အရမ်းကြိုးစားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်တဲ့။

“ အစ်မက အရမ်းလည်း ကြိုးစားတယ်။ အဲဒီလို ကြိုးစားလို့လည်း ဒီလိုနေရာအထိ ရောက်လာတာ။ အစ်မကို အရမ်းလည်း လေးစားတယ်။ အရမ်းလည်း ချီးကျူးတယ်။ လုပ်လည်း လုပ်ရဲတယ်၊ စွန့်လည်း စွန့်စားရဲတယ်။ အဲဒီလို စွန့်စားရဲလို့လည်း အခုလို ထိပ်ဆုံးကို ရောက်လာတာပါ” ဆိုပြီးတော့ ဆက်လက် ပြောပြလာပါတယ်။

Photo: Po Po

စိုင်းဝဏ္ဏအောင်ကတော့ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အဖြစ်ကနေ ဝင်ရောက်လာခဲ့တာဖြ စ်ပါတယ်။ အဲဒီနောက် Music Video တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ပရိသတ်တွေက တောင်ကိုရီးယားသရုပ်ဆောင် လီမင်ဟိုနဲ့ တူတယ်လို့ ပြောလာကြတဲ့အချိန်မှာတော့ ပရိသတ်တွေ ပိုသိခဲ့ကြတာပါ။ အခုဆိုရင်တော့ စီနီယာအနုပညာရှင်တွေနဲ့ အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က