အကောင်းဆုံးတွေ ချပြသွားမယ်။

အိမ်ပြန်သွားရပေမယ့် အနုပညာလမ်းကြောင်းမှာ အကောင်းဆုံး ဖြစ်အောင်ဆက်လက်ကြိုးစားသွားမှာလို့ သူမက ဆိုပါတယ်။ ပရိသတ်တွေလည်း စိတ်မကောင်းမဖြစ်ကြဖို့ ပြောထားပါသေးတယ်။

photo : Myanmar Idol



Myanmar Idol season 4 ရဲ့ ပြိုင်ပွဲဝင် နော်စေးစေးထူးကတော့ ဟေမာန်ဆောင်းသီချင်းများ (6th Week Result Show )ကနေ နှုတ်ဆက်ထွက်ခွာသွားခဲ့ရပါတယ်။ သူမကတော့ ပြိုင်ပွဲကနေ ထွက်သွားခဲ့ရပေမယ့် ရှေ့ဆက်မယ့် အနုပညာခရီးလမ်းအတွက် အကောင်းဆုံးဖြစ်အောင် ဆက်လက်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

“ထွက်သွားရတဲ့အပေါ်မှာ ဘာမှ မစြဖ်ပါဘူး။ ဒါက ပြိုင်ပွဲဆိုတော့ ပရိသတ်တွေရဲ့ လက်ထဲမှာလေ ကိုယ့်ကို အားပေးလို့ ဒီအဆင့်ထိရောက်ခဲ့တာ။ တစ်နိုင်ငံလုံးက ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်တယ်။ပရိသတ်တွေလည်း စိတ်မကောင်းမဖြစ်ပါနဲ့လို့။ အခုက ပွဲရာသီဆိုတော့ သီချင်းတွေလည်း ဆိုမယ်။စေးရဲ့ ပရိသတ်တွေနဲ့လည်း ပိုတွေ့ရမယ်။ စေးရဲ့ အနုပညာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ချပြသွားပ့ါမယ်” လို့ သူမက ပြောပါတယ်။

photo : Myanmar Idol

သူမထွက်သွားရလို့ သူမရဲ့ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေကြသလို အခန်းဖော်သူငယ်ချင်းတွေဖြစ်တဲ့ အက်စတာနဲ့ အေးမြဖြူလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။

“ထွက်လာရတဲ့အခန်းမှာ ဟာတာတာကြီးတော့ ဖြစ်နေတာပေ့ါနော်။ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကတည်းကနေ ဝေးကွာရတဲ့ ခံစားချက်ကို ပြင်ဆင်ထားတယ်။ဒါပေမယ့် အက်စတာနဲ့အေးမြဖြူအတွက်ကတော့ စိတ်ထဲမှာ နေလို့မကောင်းဘူး။သူတို့က ကိုယ့်ကို အရမ်းချစ်ကြတာ။ သူတို့ ဒီညအရမ်းငိုနေရင်နောက်နေ့အသံမထွက်မှာလည်း စိုးရိမ်တယ်။ သူတို့ကို ချော့ရဦးမှာပဲ” လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

photo : Myanmar Idol

Myanmar Idol season 4 Result show ရောက်တိုင်း ပြိုင်ပွဲဝင် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့တာ ယခုလို ငါးယောက်သာ ကျန်ရှိလို့နေခဲ့ပါပြီ။ နောက်ဆုံးမှာတော့ ဘယ်သူက Winner ဆုကို ပိုင်ဆိုင်နိုင်မလဲဆိုတာကိုလည်း ပရိသတ်တွေစိတ်ဝင်စားလို့နေကြပါတယ်။ Myanmar idol (Season 1) မှာတော့ စောလားထော်ဝါးက Winner ဆုရရှိခဲ့ပါတယ်။ Season 2 မှာတော့ သားငယ်က Winner ဆုရရှိခဲ့တာ ဖြစ်ပြီး Season 3 မှာတော့ ဖြိုးမြတ်အောင်က Winner ဆု ရရှိခဲ့တာဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က